၁၂ နှစ်အရွယ် ထိုင်းမိန်းကလေး မွေးနေ့မှာ ဒေါ်လာ ၁၉၀,၀၀၀ တန် BMW 7 Series ဝယ်ယူ

၁၂ နှစ်အရွယ် ထိုင်းမိန်းကလေး မွေးနေ့မှာ ဒေါ်လာ ၁၉၀,၀၀၀ တန် BMW 7 Series ဝယ်ယူ operanewsapp

ထိုင်းနိုင်ငံမှ ၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦးက အမေရိကန်ဒေါ်လာ ၁၈၉,၈၆၀ တန် တန်ဖိုးရှိ BMW 7 Series ကို ၀ယ်ယူလိုက်ရာ ကိုဗစ်ကာလမှာ ကားအကောင်းစား ဝယ်ယူတာအတွက် သတင်းတစ်ပုဒ် ဖြစ်သွားခဲ့ပါတယ်။

 

ထိုင်းနိုင်ငံရှိ ၁၂ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးက သူမ၏မွေးနေ့မှာ ကားတစ်စီး ထွက်ဝယ်တယ်။ ဝယ်တဲ့ကားက အမေရိကန်ဒေါ်လာ ၁၈၉,၈၆၀ တန် တန်ဖိုးရှိ BMW 7 Series ကား ဖြစ်ပါတယ်။ မွေးနေ့လက်ဆောင်အဖြစ် သူမ၏ အမေသို့မဟုတ်အဖေက ငွေထုတ်ပေးပြီး ဝယ်စေတာလား။ မဟုတ်ပါဘူး။ သူမ ရရှိတဲ့ဝင်ငွေဖြင့် ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ 

 

သူမအမည်က Natthanan ဖြစ်ပြီး သူက ကျော်ကြားတဲ့ မိတ်ကပ်အနုပညာ ပါရမီထူးရှင်တစ်ဦး ဖြစ်ပါတယ်။ သူမအသက်က ၁၂ နှစ်ပဲ ရှိသေးတာမို့ သူမ ဝယ်ယူလိုက်တဲ့ကားကို ကိုယ်တိုင် မောင်းခွင့် မရှိသေးပါဘူး။ အနည်းဆုံး နောက်ထပ် ၆ နှစ်မှာ သူမရဲ့ မိဘတွေသာ မောင်းနှင်ကြရမှာ ဖြစ်ပါတယ်။

 

မိတ်ကပ်အနုပညာ ပါရမီထူးရှင် Natthanan ရဲ့ Facebook အကောင့်မှာ followers ၁ သန်း ရှိနေတယ်။ Instagram မှာ followers ၄၀,၀၀၀ ရှိတယ်။ သူမရဲ့ YouTube မှာ subscribers ၂၈၂,၀၀၀ ရှိပါတယ်။
London Fashion Week 2018 မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့ရပြီဂ သူမ တက်ရောက်စဉ်က သူမဟာ အသက်အငယ်ဆုံး မိတ်ကပ်ပညာရှင် ဖြစ်ခဲ့ပါတယ်။ ဘီဘီစီမှလည်း သူမရဲ့ မိတ်ကပ်ပညာကို တင်ဆက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ဟာ Natthanan အဖို့ စန်းအထဆုံး နှစ်တစ်နှစ်လို့ ဆိုရပါမယ်။

 

ကျွန်မတို့ ၁၂ နှစ် အရွယ် ဘာလုပ်နေခဲ့ကြသလဲ။ ကျောင်းစာ သင်ယူတာလောက်နဲ့ပဲ ကျေနပ်နေခဲ့ကြတယ်။ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခု အပိုသင်ကြည့်ရင် ကောင်းမလား စိတ်ကူး မရှိခဲ့ကြဘူး။ ကိုယ်ရတဲ့ ပိုက်ဆံနဲ့ ကားတစ်စီး အိမ်မှာသုံးဖို့ ဝယ်နိုင်ဖို့ဆိုတာ အတော်ဝေးတယ်။ မိဘက မွေးနေ့မှာ ဝယ်ပေးတဲ့ လက်ဆောင်က ကားဆိုရင် အရုပ်ကားပဲ ဖြစ်ပါလိမ့်မယ်။

 

အခုခေတ်က အင်တာနက်ကြောင့် အွန်လိုင်းမှာ ဝင်ငွေရှာလို့ရမယ့် နည်းလမ်းတွေ ရှိနေပြီ။ Natthanan က သူ ဝါသနာပါတဲ့ မိတ်ကပ်လိုင်းကို ရွေးချယ်ခဲ့တယ်။ Natthanan ၇ နှစ်အရွယ်မှာ သူမဟာ မိတ်ကပ်ကို စိတ်ထက်သန်ပြင်းပြမှု ရှိနေကြောင်း သိခဲ့ပြီး မိတ်ကပ်လိုင်းကို လေ့လာခဲ့တယ်။ ဆိုရှယ်မီဒီယာမှာ မိတ်ကပ် သင်ခန်းစာတွေ တင်ပြပေးတယ်။ အောင်မြင်ခဲ့တယ်။ ဝင်ငွေရတဲ့အထိ ဖြစ်လာတယ်။ သူမအနေဖြင့် အခုလို နှစ်အတန်ကြာ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့တာအတွက် ကိုယ့်ကိုယ်ကိုယ် ဆုချဖို့ ဆုံးဖြတ်ခဲ့ပြီး BMW ရဲ့ အထင်ကရ လူသိများတဲ့ 7 Series ဆီဒင်ကားကို ဝယ်လိုက်တယ်။ “HBD TO ME” လို့ စာဖော်ပြပြီး ကားနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို Facebook မှာတင်ပြီး သူမရဲ့ အသည်းစွဲပရိသတ်ကို အသိပေးခဲ့ပါတယ်။ အဲဒိ ပရိသတ်ကြောင့်လည်း အခုလို ကားမျိုးကို ဝယ်စီးနိုင်တာ မဟုတ်လား ။

 

 

By Sandi ( Myanmar Wedding Guide )

Source: operanewsapp

 

 

 

Read times Last modified on Saturday, 12 December 2020 20:43
Rate this item
(1 Vote)
Tagged under