မြန်မာနိုင်ငံရဲ့နာမည်ကျော် Makeup Artist(၅)ဦး (၁)...

မြန်မာနိုင်ငံရဲ့နာမည်ကျော် Makeup Artist(၅)ဦး (၁)...

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို မြန်မာနိုင်ငံရဲ့နာမည္ကျော် Makeup Artist တွေရဲ့အကြောင်းဖော်ပြပေးချင်ပါတယ်။

မိတ်ကပ်ပညာရှင်အသိုင်းအဝိုင်းမှာဂုဏ်သိက္ခာကြီးမားသလို Customer တွေရဲ့ချစ်ခင်မှု၊အားပေးထောက်ခံမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့မိတ်ကပ်ပညာတွေဖြစ်လာဖို့အတွက်

ပေးဆပ်ခဲ့အချိန်တွေ၊ဝါသနာကိုအောင်မြင်အောင်ကြိုးစားနိုင်ဖို့မဆုတ်မနစ်တဲ့ဇွဲ၊လုံ့လ၊ဝီရိယ တွေနဲ့နာမည်တစ်ခုကိုတည်ဆောက်ခဲ့ကြရတာပဲဖြစ်ပါတယ်။

ဒီလို နာမည်ကြီး Makeup Artist တွေနဲ့ မိတ်ကပ်ပြင်ဆင်မယ်ဆိုရင်တော့ ကြိုတင်ပြီးBooking လုပ်ပေးဖို့လိုအပ်ပါမယ်နော်။

(၁) မိတ်ကပ်ဒီဇင်ဘာနှင်း

မိတ်ကပ်ဒီဇင်ဘာနှင်းဟာဆိုရင် Customer တွေရဲ့မျက်နှာသွင်ပြင်နဲ့အလိုက်ဖက်ဆုံးဖြစ်အောင်ဖန်တီးပြင်ဆင်ပေးနိုင်ပြီးရုပ်ရှင်အကျော်အမော်တွေနဲ့စူပါမော်ဒယ်လ်တွေရဲ့ပင်တိုင်ဖန်တီးရှင်တစ်ဦးဖြစ်ပါတယ်။

သတို့သမီးလေးတွေရဲ့ စိတ်ကူးကိုအကောင်းမွန်ဆုံးဖြစ်အောင်ပုံဖော်ပြင်ဆင်ပေးရင်

တစ်သက်မှာတစ်ခါသာကျင်းပရတဲ့ မင်္ဂလာပွဲတွေအတွက် လက်ခံပြင်ဆင်ပေးနေပါတယ်။

Address: 127/129, 7th Flr, Thein Phyu Rd., Phoh Myay Ward,Mingalar Taung Nyunt,Yangon.

Phone: 09-5091110

 

(၂)မထက်(Pop soul)

မထက်ဟာ မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး Transgender makeup Artist တစ်ဦးဖြစ်သလို သူမတူတဲ့လှပမှုတွေကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်မှုကို ရရှိပိုင်ဆိုင်နေတဲ့ Artist ဖြစ်ပါတယ်။

မထက်ရဲ့မိတ်ကပ်ပြင်ဆင်မှုတွေဟာ Natural Look ဖက်ကိုအသားပေးတာဖြစ်လို့ မိတ်ကပ်ပါးပါးလေးနဲ့လှချင်တဲ့ ပရိတ်သတ်ညီအစ်မတွေအကြိုက်ဖြစ်မှာပါ။

Address: 3, Maha Myintmoh St., Saya San (South) Ward,Bahan,Yangon.

Phone: 09-5166069, 09-765166069

 

(၃)ညီညီမောင်(စမ်းချောင်း)

အားလုံးကချစ်စနိုးနဲ့ သုသု(Queen) လို့ခေါ်တဲ့ Makeup Artist ညီညီမောင်(စမ်းချောင်း)ဟာ သာမန်မိန်းကလေးတွေကို မင်းသမီးလေးတွေအဖြစ်ပြောင်းပေးနိုင်စွမ်းရှိတဲ့ Artist တစ်ဦးဖြစ်ပါတယ်။

ပျော်ပျော်နေတတ်ပြီး ချစ်ခင်ဖွယ်ကောင်းတာကြောင့် Celebrities တွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တဲ့ Makeup Artist တစ်ဦးဖြစ်ပါတယ်။

Address: 61, Nyaung Tone St., Kyun Taw (South) Ward,Sanchaung,Yangon.

Phone: 01-523764, 09-5193136

 

(၄)မေဦး(Magic)

မေဦး(Magic)ဟာ များသောအားဖြင့် အရောင်အလင်းလေးတွေဖက်ကိုအသားပေးလိမ်းချယ်လေ့ရှိတဲ့ Makeup Artist တစ်ဦးဖြစ်ပါတယ်။

မေဦးရဲ့မိတ်ကပ်ပြင်ဆင်မှုတွေဟာ မိန်းကလေးတိုင်းရဲ့ စံပြနမူနာပုံစံတွေဖြစ်ပါတယ်။

မေဦး(Magic) ဟာ မိတ်ကပ်ဒီဇင်ဘာနှင်းရဲ့တပည့်ဖြစ်တဲ့အပြင်ကိုယ်ပိုင်စတိုင်လ်နဲ့ ထူးခြားတဲ့ နည်းစနစ်တွေကို ပိုင်ဆိုင်ထားတဲ့ Makeup Artist တစ်ဦးလည်းဖြစ်ပါတယ်။

 

(၅) မိတ်ကပ်တိုးတိုး

မိတ်ကပ်တိုးတိုးဟာ ရှိရင်းစွဲအသက်ထက်ပိုမိုအရွယ်တင်နုပျိုနေတဲ့ ဝါရင့်သမ္ဘာရင့်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။

Makeup Industry ထဲမှာ နှစ်ပေါင်း၂၀ကျော်ရပ်တည်နေနိုင်ခဲ့တဲ့ Makeup Artist တစ်ဦးလည်းဖြစ်ပါတယ်။

သူမရဲ့မိတ်ကပ်ပြင်ဆင်မှုတွေဟာ ငယ်ရွယ်မှုကိုပြန်လည်ဆောင်နှင်းပေးနိုင်ပါတယ်။

Address: 185/187, Maha Bandoola Rd.,Botahtaung,Yangon.

Phone: 01-397483, 09-786114612

Traditional Dress Shops ရိုးရာဝတ်စုံဆိုင် ၁၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို ျမန္မာႏိုင္ငံရဲ႕နာမည္ႀကီး Makeup Artist ေတြရဲ႕အေၾကာင္းေဖာ္ျပေပးခ်င္ပါတယ္။

မိတ္ကပ္ပညာရွင္အသိုင္းအဝိုင္းမွာဂုဏ္သိကၡာႀကီးမားသလို Customer ေတြရဲ႕ခ်စ္ခင္မႈ၊အားေပးေထာက္ခံမႈေတြကို ရရွိပိုင္ဆိုင္ထားတဲ့မိတ္ကပ္ပညာေတြျဖစ္လာဖို႔အတြက္

ေပးဆပ္ခဲ့အခ်ိန္ေတြ၊ဝါသနာကိုေအာင္ျမင္ေအာင္ႀကိဳးစားႏိုင္ဖို႔မဆုတ္မနစ္တဲ့ဇြဲ၊လုံ႔လ၊ဝီရိယ ေတြနဲ႔နာမည္တစ္ခုကိုတည္ေဆာက္ခဲ့ၾကရတာပဲျဖစ္ပါတယ္။

ဒီလို နာမည္ႀကီး Makeup Artist ေတြနဲ႔ မိတ္ကပ္ျပင္ဆင္မယ္ဆိုရင္ေတာ့ ႀကိဳတင္ၿပီးBooking လုပ္ေပးဖို႔လိုအပ္ပါမယ္ေနာ္။

(၁) မိတ္ကပ္ဒီဇင္ဘာႏွင္း

မိတ္ကပ္ဒီဇင္ဘာႏွင္းဟာဆိုရင္ Customer ေတြရဲ႕မ်က္ႏွာသြင္ျပင္နဲ႔အလိုက္ဖက္ဆုံးျဖစ္ေအာင္ဖန္တီးျပင္ဆင္ေပးႏိုင္ၿပီး႐ုပ္ရွင္အေက်ာ္အေမာ္ေတြနဲ႔စူပါေမာ္ဒယ္လ္ေတြရဲ႕ပင္တိုင္ဖန္တီးရွင္တစ္ဦးျဖစ္ပါတယ္။

သတို႔သမီးေလးေတြရဲ႕ စိတ္ကူးကိုအေကာင္းမြန္ဆုံးျဖစ္ေအာင္ပုံေဖာ္ျပင္ဆင္ေပးရင္

တစ္သက္မွာတစ္ခါသာက်င္းပရတဲ့ မဂၤလာပြဲေတြအတြက္ လက္ခံျပင္ဆင္ေပးေနပါတယ္။

Address: 127/129, 7th Flr, Thein Phyu Rd., Phoh Myay Ward,Mingalar Taung Nyunt,Yangon.

Phone: 09-5091110

 

(၂)မထက္(Pop soul)

မထက္ဟာ ျမန္မာႏိုင္ငံရဲ႕ အေက်ာ္ၾကားဆုံး Transgender makeup Artist တစ္ဦးျဖစ္သလို သူမတူတဲ့လွပမႈေတြေၾကာင့္ ပရိတ္သတ္ေတြရဲ႕ခ်စ္ခင္မႈကို ရရွိပိုင္ဆိုင္ေနတဲ့ Artist ျဖစ္ပါတယ္။

မထက္ရဲ႕မိတ္ကပ္ျပင္ဆင္မႈေတြဟာ Natural Look ဖက္ကိုအသားေပးတာျဖစ္လို႔ မိတ္ကပ္ပါးပါးေလးနဲ႔လွခ်င္တဲ့ ပရိတ္သတ္ညီအစ္မေတြအႀကိဳက္ျဖစ္မွာပါ။

Address: 3, Maha Myintmoh St., Saya San (South) Ward,Bahan,Yangon.

Phone: 09-5166069, 09-765166069

 

(၃)ညီညီေမာင္(စမ္းေခ်ာင္း)

အားလုံးကခ်စ္စႏိုးနဲ႔ သုသု(Queen) လို႔ေခၚတဲ့ Makeup Artist ညီညီေမာင္(စမ္းေခ်ာင္း)ဟာ သာမန္မိန္းကေလးေတြကို မင္းသမီးေလးေတြအျဖစ္ေျပာင္းေပးႏိုင္စြမ္းရွိတဲ့ Artist တစ္ဦးျဖစ္ပါတယ္။

ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ခ်စ္ခင္ဖြယ္ေကာင္းတာေၾကာင့္ Celebrities ေတြနဲ႔ ပရိတ္သတ္ေတြရဲ႕အခ်စ္ေတြကိုသိမ္းပိုက္ထားႏိုင္တဲ့ Makeup Artist တစ္ဦးျဖစ္ပါတယ္။

Address: 61, Nyaung Tone St., Kyun Taw (South) Ward,Sanchaung,Yangon.

Phone: 01-523764, 09-5193136

 

(၄)ေမဦး(Magic)

ေမဦး(Magic)ဟာ မ်ားေသာအားျဖင့္ အေရာင္အလင္းေလးေတြဖက္ကိုအသားေပးလိမ္းခ်ယ္ေလ့ရွိတဲ့ Makeup Artist တစ္ဦးျဖစ္ပါတယ္။

ေမဦးရဲ႕မိတ္ကပ္ျပင္ဆင္မႈေတြဟာ မိန္းကေလးတိုင္းရဲ႕ စံျပနမူနာပုံစံေတြျဖစ္ပါတယ္။

ေမဦး(Magic) ဟာ မိတ္ကပ္ဒီဇင္ဘာႏွင္းရဲ႕တပည့္ျဖစ္တဲ့အျပင္ကိုယ္ပိုင္စတိုင္လ္နဲ႔ ထူးျခားတဲ့ နည္းစနစ္ေတြကို ပိုင္ဆိုင္ထားတဲ့ Makeup Artist တစ္ဦးလည္းျဖစ္ပါတယ္။

 

(၅) မိတ္ကပ္တိုးတိုး

မိတ္ကပ္တိုးတိုးဟာ ရွိရင္းစြဲအသက္ထက္ပိုမိုအ႐ြယ္တင္ႏုပ်ိဳေနတဲ့ ဝါရင့္သမာၻရင့္မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္ပါတယ္။

Makeup Industry ထဲမွာ ႏွစ္ေပါင္း၂၀ေက်ာ္ရပ္တည္ေနႏိုင္ခဲ့တဲ့ Makeup Artist တစ္ဦးလည္းျဖစ္ပါတယ္။

သူမရဲ႕မိတ္ကပ္ျပင္ဆင္မႈေတြဟာ ငယ္႐ြယ္မႈကိုျပန္လည္ေဆာင္ႏွင္းေပးႏိုင္ပါတယ္။

Address: 185/187, Maha Bandoola Rd.,Botahtaung,Yangon.

Phone: 01-397483, 09-786114612

Traditional Dress Shops ရုိးရာဝတ္စုံဆုိင္ ၁၆ ဆုိင္ကိုရွာရန္ႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

 

Read times
Rate this item
(0 votes)
Tagged under