အလှဖျက်တဲ့ဆားဝက်ခြံတွေကို ရှင်းထုတ်ဖို့နည်းလမ်းကောင်းများ

အလှဖျက်တဲ့ဆားဝက်ခြံတွေကို ရှင်းထုတ်ဖို့နည်းလမ်းကောင်းများ google

ဆားဝက်ခြံပြဿနာဟာ အသက်အရွယ်မရွေးရင်ဆိုင်ရတတ်တဲ့ပြသနာတစ်ရပ်ဖြစ်ပါတယ်နော်။ ဒီဝက်ခြံပြဿနာဟာ နာကျင်မှုတွေ၊ နီရဲမှုတွေ၊

 

ရောင်ရမ်းမှုတွေ အစရှိတဲ့ပြင်းပြင်းထန်ထန်လက္ခဏာရပ်တွေကို မခံစားရစေပေမယ့်လည်း

 

ချစ်တို့ရဲ့မျက်နှာအလှအပအတွက်တော့ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်နော်။နောက်တစ်ချက်ဆိုးဝါးတာကမိတ်ကပ်လိမ်းခြယ်ရာမှာညီညာမှုမရှိတာပါပဲ။

 

ဒါကြောင့်ဒီနေ့လေးမှာမင်မင်က Myanmar Wedding Guideပရိတ်သတ်တွေအတွက် အိမ်တွင်းကုထုံးလေးတချို့ကိုဝေမျှပေးချင်ပါတယ်နော်။

 

(၁) ဆားဝက်ခြံထုတ်ကပ်ခွာ

 

ကပ်ခွာကို ဆားဝက်ခြံတွေရှိနေတဲ့နေရာမှာ ကပ်လိုက်ပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိစောင့်ပါ။ ပြီးရင်တော့ ခွာထုတ်လိုက်ပါ။

 

ကပ်ခွာကို ခွာလလိုက်တဲ့အချိန်မှာ ဆားဝက်ခြံတွေကိုပါ တစ်ခါတည်း ခွာပြီးသားဖြစ်သွားပါလိမ့်မယ်။

 

ပြီးရင်ချွေးပေါက်တွေပြန်ကျဉ်းသွားစေဖို့ တိုနာကို အသုံးပြုဖို့တော့လိုအပ်ပါတယ်နော်။

 

ဆားဝက်ခြံထုတ်ကပ်ခွာကို တစ်ပတ်တစ်ကြိမ်လောက်အသုံးပြုပြီး အသားအရေထိန်းသိမ်းမှုကို ကောင်းကောင်းလုပ်ပေးပါ။

 

သတိပြုရမှာက ဒီကပ်ခွာဟာ ချစ်တို့ရဲ့အရေပြားပေါ်မှာ ဆားဝက်ခြံတွေ ပေါ်နေမှသာ ဖယ်ရှားပစ်နိုင်တာပါ။

 

ဆားဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ဖို့တော့ မတတ်နိုင်ပါဘူးနော်။

 

(၂) Salicylic acid သို့မဟုတ် glycolic acid ပါဝင်တဲ့ မျက်နှာသစ်ဆေး

 

ချစ်တို့ရဲ့အရေပြားကို သန့်ရှင်းနေစေဖို့က အမြဲတမ်းအရေးကြီးပါတယ်။

 

salicylic acid သို့မဟုတ် glycolic acid ဟာ ဆဲလ်သေတွေကို အရေပြားအပေါ်ယံလွှာကနေ ဖယ်ရှားပေးနိုင်ပြီး

 

နီရဲ ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဒီမျက်နှာသစ်ဆေးတွေကိုတော့ တစ်ပတ်မှာ တစ်ခေါက် သို့မဟုတ် နှစ်ခေါက်အသုံးပြုနိုင်ပါတယ်။

 

တံဆိပ်မှာပါဝင်တဲ့ အညွှန်းအတိုင်း အမြဲတမ်းလိုက်နာပါ။

 

တကယ်လို့များ ဘယ်လိုသုံးရမယ်ဆိုတာကို မှန်မှန်ကန်ကန်မသိဘူးဆိုရင်ဆရာဝန်သို့မဟုတ်အရေပြားဆရာဝန်ကိုမေးပါနော်။

 

ပြီးတော့မျက်နှာပေါ်မှာမသုံးခင် ဓာတ်မတည့်မှုတွေ ရှိမရှိအရင်စမ်းသပ်သင့်ပါတယ်။

 

ဒီမျက်နှာသစ်ဆေးကို မျက်လုံး၊ ပါးစပ်၊ နှာခေါင်းသို့မဟုတ် အနာရှိတဲ့နေရာတွေမှာမသုံးပါနဲ့။ ထိခိုက်ဒဏ်ရာရစေနိုင်လို့ပါ။

 

ဒီမျက်နှာသစ်ဆေးကို စိုစွတ်နေတဲ့ အသားပေါ်မှာလိမ်းပေးပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ အရေပြားကို ချေးမချွတ်ပါနဲ့နော်။

 

ရွှံ့စေး၊ သင်္ဘောသီး သို့မဟုတ် ကျောက်မီးသွေးပါဝင်တဲ့ မျက်နှာဖုံး (mask)

 

အချို့သော မျက်နှာဖုံး(mask)တွေမှာ ရွှံ့စေး၊ သဘောၤာသီးနဲ့ ကျောက်မီးသွေးတွေပါတတ်ပြီး ဒါတွေက ဆားဝက်ခြံတွေကို ဖယ်ရှားတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။

 

ဒီမျက်နှာဖုံးတွေဟာ ချစ်တို့ရဲ့ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှုတွေကိုပါ ကောင်းမွန်စေပြီး

 

အလုံးစုံသော ကျန်းမာရေးအခြေအနေတွေကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။

 

ဒီမျက်နှာဖုံးတွေကိုတော့ တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

 

မျက်နှာသစ်စက် (mechanical skin brush)

 

မျက်နှာသစ်စက်ကဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ရုံသာမက မျက်နှာရဲ့ အခြားသောအစိတ်အပိုင်းတွေကိုပါ သန့်စင်စေနိုင်ပါတယ်။

 

ဒါ့အပြင်မျက်နှာသစ်စက်အသုံးပြုပေးခြင်းကချစ်တို့ရဲ့မျက်နှာကိုအနှိပ်ခံသလိုလည်းဖြစ်တာကြောင့် မျက်နှာတစ်ပြင်လုံးသွေးလည်ပတ်မှုအားကောင်းစေပါတယ်နော်။

 

Credit:Hellosayarwon

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

 

ဆားဝက္ၿခံျပႆနာဟာ အသက္အရြယ္မေရြးရင္ဆိုင္ရတတ္တဲ့ျပသနာတစ္ရပ္ျဖစ္ပါတယ္ေနာ္။

 

ဒီဝက္ၿခံျပႆနာဟာ နာက်င္မႈေတြ၊ နီရဲမႈေတြ၊ ေရာင္ရမ္းမႈေတြ အစရွိတဲ့ျပင္းျပင္းထန္ထန္လကၡဏာရပ္ေတြကို မခံစားရေစေပမယ့္လည္

 

းခ်စ္တို႕ရဲ႕မ်က္ႏွာအလွအပအတြက္ေတာ့ဆိုးဆိုး႐ြား႐ြားထိခိုက္ေစႏိုင္ပါတယ္ေနာ္။

 

ေနာက္တစ္ခ်က္ဆိုးဝါးတာကမိတ္ကပ္လိမ္းျခယ္ရာမွာညီညာမႈမရွိတာပါပဲ။

 

ဒါေၾကာင့္ဒီေန႔ေလးမွာမင္မင္က Myanmar Wedding Guideပရိတ္သတ္ေတြအတြက္ အိမ္တြင္းကုထံုးေလးတခ်ိဳ႕ကိုေဝမွ်ေပးခ်င္ပါတယ္ေနာ္။

 

bh1

 

(၁) ဆားဝက္ျခံထုတ္ကပ္ခြာ

 

ကပ္ခြာကို ဆားဝက္ၿခံေတြရွိေနတဲ့ေနရာမွာ ကပ္လိုက္ၿပီး ၁၅မိနစ္မွ မိနစ္ ၂၀ထိေစာင့္ပါ။ ၿပီးရင္ေတာ့ ခြာထုတ္လိုက္ပါ။

 

ကပ္ခြာကို ခြာလလိုက္တဲ့အခ်ိန္မွာ ဆားဝက္ၿခံေတြကိုပါ တစ္ခါတည္း ခြာၿပီးသားျဖစ္သြားပါလိမ့္မယ္။

 

  ၿပီးရင္ေခြၽးေပါက္ေတြျပန္က်ဥ္းသြားေစဖို႔ တိုနာကို အသုံးျပဳဖို႔ေတာ့လိုအပ္ပါတယ္ေနာ္။

 

ဆားဝက္ျခံထုတ္ကပ္ခြာကို တစ္ပတ္တစ္ႀကိမ္ေလာက္အသုံးျပဳၿပီး အသားအေရထိန္းသိမ္းမႈကို ေကာင္းေကာင္းလုပ္ေပးပါ။

 

သတိျပဳရမွာက ဒီကပ္ခြာဟာ ခ်စ္တို႔ရဲ႕အေရျပားေပၚမွာ ဆားဝက္ၿခံေတြ ေပၚေနမွသာ ဖယ္ရွားပစ္ႏိုင္တာပါ။

 

ဆားဝက္ၿခံေတြ မျဖစ္ေအာင္ ကာကြယ္ဖို႔ေတာ့ မတတ္ႏိုင္ပါဘူးေနာ္။

 

bh2

 

(၂) Salicylic acid သို႔မဟုတ္ glycolic acid ပါဝင္တဲ့ မ်က္ႏွာသစ္ေဆး

 

ခ်စ္တို႔ရဲ႕အေရျပားကို သန႔္ရွင္းေနေစဖို႔က အၿမဲတမ္းအေရးႀကီးပါတယ္။

 

salicylic acid သို႔မဟုတ္ glycolic acid ဟာ ဆဲလ္ေသေတြကို အေရျပားအေပၚယံလႊာကေန

 

ဖယ္ရွားေပးႏိုင္ၿပီး နီရဲ ေရာင္ရမ္းျခင္းေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

 

ဒီမ်က္ႏွာသစ္ေဆးေတြကိုေတာ့ တစ္ပတ္မွာ တစ္ေခါက္ သို႔မဟုတ္ ႏွစ္ေခါက္အသုံးျပဳႏိုင္ပါတယ္။

 

တံဆိပ္မွာပါဝင္တဲ့ အၫႊန္းအတိုင္း အၿမဲတမ္းလိုက္နာပါ။

 

တကယ္လို႔မ်ား ဘယ္လိုသုံးရမယ္ဆိုတာကို မွန္မွန္ကန္ကန္မသိဘူးဆိုရင္ဆရာဝန္သို႔မဟုတ္အေရျပားဆရာဝန္ကိုေမးပါေနာ္။

 

ၿပီးေတာ့မ်က္ႏွာေပၚမွာမသုံးခင္ ဓာတ္မတည့္မႈေတြ ရွိမရွိအရင္စမ္းသပ္သင့္ပါတယ္။

 

ဒီမ်က္ႏွာသစ္ေဆးကို မ်က္လုံး၊ ပါးစပ္၊ ႏွာေခါင္းသို႔မဟုတ္ အနာရွိတဲ့ေနရာေတြမွာမသုံးပါနဲ႔။

 

ထိခိုက္ဒဏ္ရာရေစႏိုင္လို႔ပါ။ ဒီမ်က္ႏွာသစ္ေဆးကို စိုစြတ္ေနတဲ့ အသားေပၚမွာလိမ္းေပးၿပီး ညင္သာစြာ ႏွိပ္နယ္ေပးပါ။

 

အေရျပားကို ေခ်းမခြၽတ္ပါနဲ႔ေနာ္။

 

a7

 

(၃) ႐ႊံ႕ေစး၊ သေဘၤာသီး သို႔မဟုတ္ ေက်ာက္မီးေသြးပါဝင္တဲ့ မ်က္ႏွာဖုံး (mask)

 

အခ်ိဳ႕ေသာ မ်က္ႏွာဖုံး(mask)ေတြမွာ ႐ႊံ႕ေစး၊ သေဘာၤာသီးနဲ႔ ေက်ာက္မီးေသြးေတြပါတတ္ၿပီး

 

ဒါေတြက ဆားဝက္ၿခံေတြကို ဖယ္ရွားတဲ့ေနရာမွာ ကူညီေပးႏိုင္ပါတယ္။

 

ဒီမ်က္ႏွာဖုံးေတြဟာ ခ်စ္တို႕ရဲ႕ခႏၶာကိုယ္ထဲက ေသြးလည္ပတ္မႈေတြကိုပါ ေကာင္းမြန္ေစၿပီး

 

အလုံးစုံေသာ က်န္းမာေရးအေျခအေနေတြကိုပါ တိုးတက္ေကာင္းမြန္ေစပါတယ္။

 

ဒီမ်က္ႏွာဖုံးေတြကိုေတာ့ တစ္ပတ္မွာ တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ အသုံးျပဳႏိုင္ပါတယ္။

 

bh

 

(၄) မ်က္ႏွာသစ္စက္ (mechanical skin brush)

 

မ်က္ႏွာသစ္စက္ကဆားဝက္ၿခံေတြကို ဖယ္ရွားေပးႏိုင္႐ုံသာမက မ်က္ႏွာရဲ႕ အျခားေသာအစိတ္အပိုင္းေတြကိုပါ သန႔္စင္ေစႏိုင္ပါတယ္။

 

ဒါ့အျပင္မ်က္ႏွာသစ္စက္အသံုးျပဳေပးျခင္းကခ်စ္တို႔ရဲ႕မ်က္နွာကိုအနွိပ္ခံသလိုလည္းျဖစ္တာေၾကာင့္ မ်က္နွာတစ္ျပင္လံုးေသြးလည္ပတ္မႈအားေကာင္းေစပါတယ္ေနာ္။

 Credit:Hellosayarwon

Myanmar Wedding Guide 

3

Read times Last modified on Monday, 24 February 2020 16:41
Rate this item
(0 votes)
Tagged under