သံပုရာသီးအစွမ်းနဲ့ လှကြမယ်။

သံပုရာသီးအစွမ်းနဲ့ လှကြမယ်။

အလှအပအတွက် သံပုရာသီး ရဲ့အသုံးဝင်ပုံလေးတွေကို Myanmar Wedding guide ရဲ့

 

ပရိတ်သတ် ညီအစ်မတွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

 

 

အရင်ဦးဆုံး အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက်

 

လိမ်းပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ ပျောက်ကင်းစေပြီးဦးရေပြားသန့်ရှင်းကာ ဗောက်၊ ဒက်တို့ ကင်းစင်စေပါတယ်နော်။

 

l3

 

အသားအရေခြောက်သွေ့တဲ့ချစ်တို့ အတွက်ဆိုရင်တော့ငှက်ပျောသီးမှည့်တစ်လုံးကို ယူပြီး ချေပေးပါ။

 

ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။

 

ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါ တယ်။ အသားအရေကို အစိုဓာတ်ရရှိစေကာ ချောမွေ့ သန့်ရှင်း စေပါတယ်။

 

ဒါ့အပြင်သံပုရာသီးဟာ အရေပြားအလှအပအတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။

 

အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း စေပါတယ်။

 

သံပုရာရည်သက်သက်ပဲ လိမ်းပေးရမှာ ဖြစ်ပါတယ်နော်။

 

l2

 

အဆီပြန်တဲ့အသားအရေပိုင်ရှင်ချစ်တို့အတွက်ဆိုသံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊

 

နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီး စိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။

 

ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံး ကို ရောစပ်ပြီး မျက်လုံးကလွဲရင်

 

မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာ ရင် ရေနဲ့ ပြန်ဆေးကြောပေးမယ်ဆိုရင်

 

အဆီပြန်ခြင်းကင်းပြီးကျန်းမာတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင်။

 

ကဲ ချစ်တို့ရေ အားလုံးအတူတူ လှကြရအောင်နော်။

 

Myanmar Wedding Guides

 

jjjj

Read times
Rate this item
(0 votes)
Tagged under