အလှအပဆိုင်ရာ ထိန်းသိမ်းမှုနည်းဗျူဟာများ…

အလှအပဆိုင်ရာ ထိန်းသိမ်းမှုနည်းဗျူဟာများ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို အလှအပဆိုင်ရာ ထိန်းသိမ်းမှုနည်းဗျူဟာလေးတွေကိုဝေမျှပေးချင်ပါတယ်။

မိတ်ကပ်လိမ်းမှလှတာမျိုးမဟုတ်ဘဲ အစိတ်အပိုင်းတစ်ခုချင်းစီကိုသေချာလှပအောင်ပြုလုပ်လို့ရနိုင်မယ့်နည်းလမ်းလေးတွေဖြစ်တာကြောင့် အားလုံးပဲ လိုက်ပါ လုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်နော်။

ကဲ ဘယ်လိုနည်းလမ်းလေးတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

စကတ်တိုနဲ့ဘောင်းဘီတိုလေးတွေ ဝတ်ဆင်ကြတဲ့အခါမှာ ခြေသလုံးမွှေးတွေနဲ့ပေါင်မွှေးတွေကို ရိတ်သင်မထားဘူး Waxing မလုပ်ထားဘူးဆိုရင် တော်တော်လေးကြည့်ရဆိုးစေပါတယ်။

တကယ်လို့ အမွှေးတွေရိတ်သင်ဖို့အတွက် Shaving Cream ကုန်နေတဲ့ အချိန်မျိုးမှာ Conditioner(ဆံပင်ပျော့ဆေး)ကို အစားထိုးသုံးပေးနိုင်ပါတယ်။

ပျော့ဆေးဖြစ်တာကြောင့် အမွှေးအမျှင်တွေကိုပျော့ပြောင်းသွားစေပြီးရိတ်သင်တဲ့အခါမှာ အလွယ်တကူရိတ်သင်နိုင်မှာပဲဖြစ်ပါတယ်။

ခေါင်းလျှော်လို့ ဆံပင်ပေါင်းဆေးကုန်နေတဲ့ အခါမျိုးမှာဆိုရင်ဘီယာ(သို့မဟုတ်)ရှာလကာရည်နဲ့ဆံသားကိုပေါင်းပေးလို့ရပါတယ်။

ဘီယာကဆံသားအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး ရှာလကာရည်ကတော့ ဆံသားကို တောက်ပြောင်စေပါတယ်နော်။

ဆံသားကို ဘီယာ(သို့မဟုတ်)ရှာလကာရည်နဲ့ ၁၀ မိနစ်၊၁၅ မိနစ်ပေါင်းထားပေးပြီးတော့ လျှော်နေကြ ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးလိုက်ရုံပါပဲ။ရေအေးလေးပဲ သုံးပြီးလျှော်ပေးပါနော်။

မျက်တောင်ကော့တဲ့ကိရိယာလေးကို Hair Dryer နဲ့ အပူပေးပြီး ၅စက္ကန့်ကနေ၈စက္ကန့်ကြာ မျက်တောင်ကော့ပေးခြင်းက ပုံမှန်ထက် မျက်တောင်လေးတွေကိုကော့ညွှတ်စေမှာဖြစ်ပါတယ်နော်။

ညတိုင်း အိပ်ယာမဝင်ခင် မျက်လုံးတစိုက်ကိုရေခဲတုံးလေးနဲ့ညင်သာစွာပွတ်တိုက်ပေးတာက မျက်ကွင်းညိုခြင်းနဲ့မျက်အိပ်ဖောင်းတာတွေကို လျှော့ချပေးနိုင်ပါတယ်။

နေရောင်ခြည်ထဲမှာ ၈၀ရာခိုင်နှုန်းလောက်က ခရမ်းလွန်ရောင်ခြည်တွေပါဝင်တာဖြစ်လို့ နေရောင်ကာခရင်မ်ကိုနေ့စဉ်လူးပေးဖို့လိုအပ်ပါတယ်နော်။

Reference: huffpost.com

Make Up Artists မိတ်ကပ်ပညာရှင် ၃၉ ဦးကိုရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို အလွအပဆိုင္ရာ ထိန္းသိမ္းမႈနည္းဗ်ဴဟာေလးေတြကိုေဝမွ်ေပးခ်င္ပါတယ္။

မိတ္ကပ္လိမ္းမွလွတာမ်ိဳးမဟုတ္ဘဲ အစိတ္အပိုင္းတစ္ခုခ်င္းစီကိုေသခ်ာလွပေအာင္ျပဳလုပ္လို႔ရႏိုင္မယ့္နည္းလမ္းေလးေတြျဖစ္တာေၾကာင့္ အားလုံးပဲ လိုက္ပါ လုပ္ေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္ေနာ္။

ကဲ ဘယ္လိုနည္းလမ္းေလးေတြျဖစ္မလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

စကတ္တိုနဲ႔ေဘာင္းဘီတိုေလးေတြ ဝတ္ဆင္ၾကတဲ့အခါမွာ ေျခသလုံးေမႊးေတြနဲ႔ေပါင္ေမႊးေတြကို ရိတ္သင္မထားဘူး Waxing မလုပ္ထားဘူးဆိုရင္ ေတာ္ေတာ္ေလးၾကည့္ရဆိုးေစပါတယ္။

တကယ္လို႔ အေမႊးေတြရိတ္သင္ဖို႔အတြက္ Shaving Cream ကုန္ေနတဲ့ အခ်ိန္မ်ိဳးမွာ Conditioner(ဆံပင္ေပ်ာ့ေဆး)ကို အစားထိုးသုံးေပးႏိုင္ပါတယ္။

ေပ်ာ့ေဆးျဖစ္တာေၾကာင့္ အေမႊးအမွ်င္ေတြကိုေပ်ာ့ေျပာင္းသြားေစၿပီးရိတ္သင္တဲ့အခါမွာ အလြယ္တကူရိတ္သင္ႏိုင္မွာပဲျဖစ္ပါတယ္။

ေခါင္းေလွ်ာ္လို႔ ဆံပင္ေပါင္းေဆးကုန္ေနတဲ့ အခါမ်ိဳးမွာဆိုရင္ဘီယာ(သို႔မဟုတ္)ရွာလကာရည္နဲ႔ဆံသားကိုေပါင္းေပးလို႔ရပါတယ္။

ဘီယာကဆံသားအစိုဓာတ္ကို ထိန္းသိမ္းေပးႏိုင္ၿပီး ရွာလကာရည္ကေတာ့ ဆံသားကို ေတာက္ေျပာင္ေစပါတယ္ေနာ္။

ဆံသားကို ဘီယာ(သို႔မဟုတ္)ရွာလကာရည္နဲ႔ ၁၀ မိနစ္၊၁၅ မိနစ္ေပါင္းထားေပးၿပီးေတာ့ ေလွ်ာ္ေနၾက ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်ေပးလိုက္႐ုံပါပဲ။ေရေအးေလးပဲ သုံးၿပီးေလွ်ာ္ေပးပါေနာ္။

မ်က္ေတာင္ေကာ့တဲ့ကိရိယာေလးကို Hair Dryer နဲ႔ အပူေပးၿပီး ၅စကၠန႔္ကေန၈စကၠန႔္ၾကာ မ်က္ေတာင္ေကာ့ေပးျခင္းက ပုံမွန္ထက္ မ်က္ေတာင္ေလးေတြကိုေကာ့ၫႊတ္ေစမွာျဖစ္ပါတယ္ေနာ္။

ညတိုင္း အိပ္ယာမဝင္ခင္ မ်က္လုံးတစိုက္ကိုေရခဲတုံးေလးနဲ႔ညင္သာစြာပြတ္တိုက္ေပးတာက မ်က္ကြင္းညိဳျခင္းနဲ႔မ်က္အိပ္ေဖာင္းတာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ေနေရာင္ျခည္ထဲမွာ ၈၀ရာခိုင္ႏႈန္းေလာက္က ခရမ္းလြန္ေရာင္ျခည္ေတြပါဝင္တာျဖစ္လို႔ ေနေရာင္ကာခရင္မ္ကိုေန႔စဥ္လူးေပးဖို႔လိုအပ္ပါတယ္ေနာ္။

Reference: huffpost.com

Make Up Artists မိတ္ကပ္ပညာရွင္ ၃၉ ဦးကိုရွာရန္ႏွ္ိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)