မိတ်ကပ်လိမ်းတဲ့ မဒီလေးတွေအတွက် အသင့်တော်ဆုံး Micellar Water

မိတ်ကပ်လိမ်းတဲ့ မဒီလေးတွေအတွက် အသင့်တော်ဆုံး Micellar Water Google

Micellar Water ဆိုတာလေးကို beauty blogger တွေကြားမှာရော မိတ်ကပ်အသိုင်းအဝိုင်းမှာပါ မကြာခဏ တွေ့မြင်မိကြမှာပါ။

 

သို့ပေမယ့် သူဟာ ဘယ်လိုအလုပ်လုပ်တာလည်း၊ သာမန်မိတ်ကပ်ဖျက်ဆေးတွေနဲ့ ဘာတွေကွာတာလည်းဆိုတာတော့ သေသေချာချာ သိချင်မှသိကြပါလိမ့်မယ်။ ဒါကြောင့် မိတ်ကပ်နေ့တိုင်းလိမ်းနေတဲ့ မိတ်ကပ်ချစ်သူ ကောင်မလေးတွေအတွက် လွယ်ကူရိုးရှင်းပြီး အားကိုးရမယ့်ပစ္စည်းလေးတစ်ခုဖြစ်တဲ့ Micellar Water မိတ်ကပ်ဖျက်ဆေးရည်အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။


Micellar Water မိတ်ကပ်ဖျက်ဆေးရည်ဆိုတာ ဘာလဲ။

ဒါကတော့ ဒီအသုံးအနှုန်းကို စကြားဖူးတဲ့ မိန်းကလေးတိုင်းမေးမယ့် ပထမဆုံးမေးခွန်း ဖြစ်လောက်ပါတယ်။ Micellar Water မိတ်ကပ်ဖျက်ဆေးရည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပြင်သစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်တုန်းက အမျိုးသမီးတွေမှာ မိတ်ကပ်ဖျက်ဖို့အတွက် သန့်ရှင်းတဲ့ရေ အလွယ်တကူ မရရှိနိုင်တာကြောင့် တစ်ခုတည်းနဲ့ အဆင်ပြေတဲ့ မိတ်ကပ်ဖျက်ဆေးရည်အဖြစ် တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မိတ်ကပ်ဖျက်ဆေးရည်တစ်မျိုးဖြစ်ပြီး အခြားသော မိတ်ကပ်ဖျက်ဆေးတွေလို ရေနဲ့ပြန်ဆေးချနေစရာ မလိုတဲ့ပစ္စည်းလေး ဖြစ်ပါတယ်။ Micellar Water မိတ်ကပ်ဖျက်ဆေးရည်ကို ဂွမ်းဖတ်လေးပေါ်မှာ စွတ်ပြီး မျက်နှာပေါ်မှာ တစ်ချက်လောက် ပွတ်သုတ်လိုက်ရုံနဲ့ မိတ်ကပ်နဲ့ချွေးပေါက်အတွင်းပိုင်းထဲက အညစ်အကြေးအားလုံးကို တစ်ပါတည်း ဖယ်ရှားပေးနိုင်တဲ့အစွမ်း ရှိပါတယ်။ ပိုအံ့သြစရာကောင်းတဲ့ အစွမ်းကတော့ မိတ်ကပ်ဖျက်ပြီးနောက် အသားခြောက်သွားခြင်းကို ကာကွယ်ပေးပြီး အရေပြားအတွင်းပိုင်းအထိ အစိုဓာတ်ကိုပါ ဖြည့်တင်းပေးနိုင်တဲ့အတွက် မိတ်ကပ်ဖျက်တာတင်မက အသားအရေ ထိန်းသိမ်းမှုအတွက်ပါ တစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ ပစ္စည်းလေး ဖြစ်ပါတယ်။

 

ဘယ်လိုအလုပ်လုပ်သလဲ။

Micellar Water မိတ်ကပ်ဖျက်ဆေးရည်ကို သန့်စင်တဲ့ ရေထဲမှာ ပျော်ဝင်နေပြီး micelles လို့ခေါ်တဲ့ သန့်စင်ပေးနိုင်တဲ့အစွမ်းရှိ အဆီမော်လီကျူးလေးတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ micelles လေးတွေရဲ့ လုပ်ဆောင်ချက်ကတော့ အသားအရေ ခြောက်သွေ့မသွားဘဲ ချွေးပေါက်အတွင်းပိုင်းက အဆီနဲ့အညစ်အကြေးတွေကို ဆွဲယူဖယ်ရှားပေးခြင်းပဲ ဖြစ်ပါတယ်။ သူဟာ အရေပြားမှာရှိတဲ့ သဘာဝအစိုဓာတ်ထိန်းနံရံကို တိုက်စားမသွားဘဲ ချွေးပေါက်အတွင်းပိုင်းက ဖုန်၊အဆီနဲ့ အညစ်အကြေးတွေကို ညင်ညင်သာသာလေး ဖယ်ရှားပေးနိုင်လို့ မိတ်ကပ်ဖျက်ပြီးနောက် မျက်နှာခြောက်သွားတာ၊ ကြမ်းသွားတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဖျက်ဖို့ခက်ပါတယ်ဆိုတဲ့ အိုင်းရှဲဒိုးတွေ၊ water-proof mascara တွေ၊ နှုတ်ခမ်းနီတွေကိုပါ သာသာယာယာလေး ဖယ်ရှားပေးနိုင်ပါတယ်။ သူ့ရဲ့အကောင်းဆုံး အားသာချက်ကတော့ တစ်ပြိုင်နက်တည်းမှာ မိတ်ကပ်ဖျက်တာ၊ မျက်နှာသစ်တာနဲ့ အသားအရေ အစိုဓာတ်ထိန်းတာကိုပါ လွယ်လွယ်လေးနဲ့ ရိုးရိုးလေး လုပ်ဆောင်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တော်တော်လေးကို အချိန်ကုန်သက်သာပြီး လွယ်ကူလွန်းတာကြောင့် အလုပ်များလွန်းသူတွေ၊ မိတ်ကပ်ဖျက်တာ၊ skin care အဆင့်ဆင့် လုပ်ရတာတွေကို စိတ်မရှည်၊ နားမလည်သူတွေနဲ့ ခရီးသွားမယ့်သူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

 

အသားအရေအားလုံးနဲ့ ကိုက်ညီမှု

သာမန်မိတ်ကပ်ဖျက်ဆေးတွေဟာ မျက်နှာအရေပြားကို ခြောက်သွေ့သွားစေတာကြောင့် ထိခိုက်လွယ်အသားအရေပိုင်ရှင် တွေနဲ့ ခြောက်သွေ့အသားအရေပိုင်ရှင်တွေဟာ မိတ်ကပ်ဖျက်မယ်ဆိုရင် တော်တော်လေး ခေါင်းစားရတတ်ပါတယ်။ Micellar Water မိတ်ကပ်ဖျက်ဆေးရည်ဟာ အသားအရေအမျိုးအစားအားလုံးနဲ့ ကိုက်ညီတာကြောင့် ခြောက်သွေ့အသားအရေနဲ့ ထိခိုက်လွယ် အသားအရေတို့အတွက်လည်း အဆင်ပြေပါတယ်။ သူက သံလိုက်လိုပဲ ချွေးပေါက်အတွင်းပိုင်းက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်စေဘဲ အစိုဓာတ်တောင် ပြန်ဖြည့်ပေးသေးတဲ့အတွက် ဟိုဟာနဲ့မတည့်၊ ဒီဟာနဲ့မတည့်ဖြစ်တတ်သူလေးတွေပါ သုံးလို့ရပါတယ်။

 

ဒီလောက် လွယ်ကူရိုးရှင်းပြီး အကျိုးများလှတဲ့ Micellar Water မိတ်ကပ်ဖျက်ဆေးရည်လေးဟာ ပျိုမေတိုင်းရဲ့ မှန်တင်ခုံပေါ်မှာ နေရာပေးသင့်တဲ့ တကယ့်ပစ္စည်းကောင်းလေးတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူပဲ ဝယ်ယူရရှိနေတာကြောင့် သာမန်မိတ်ကပ်ဖျက်ဆေးတွေနဲ့ အလုပ်ရှုပ်နေမယ့်အစား မိတ်ကပ်ဖျက်တာရော၊ အသားအရေ ထိန်းသိမ်းတာပါ တစ်ခါတည်း ကိစ္စပြီးစေတဲ့ Micellar Water မိတ်ကပ်ဖျက်ဆေးရည်လေးကိုပဲ သုံးစွဲကြပါလို့ အကြံပြုချင်ပါတယ်။ ဘယ်တံဆိပ် ရွေးရမလည်းမသိ ဖြစ်နေရင်တော့ လက်ရှိ လူသုံးများနေတဲ့ Pond’s White Beauty Micellar Water မိတ်ကပ်ဖျက်ဆေးရည်လေးကို ညွှန်းပေးချင်ပါတယ်။ သူက တစ်ချက်ပွတ်လိုက်ရုံနဲ့ မျက်နှာပေါ်က မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို သန့်စင်သွားစေပြီး မျက်လုံးနဲ့ နှုတ်ခမ်းတွေကိုပါ သုံးလို့ရလို့ တော်တော်လေး အဆင်ပြေပါတယ်။ မိတ်ကပ်ဖျက်ပြီးသွားရင်လည်း မျက်နှာအသားအရေကို ပိုပြီးဖြူစင်ဝင်းပလာစေလို့ မိတ်ကပ်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ကွက်တိပါပဲ။ ဒီလောက်ဆိုရင်တော့ လူတွေပြောပြောနေကြတဲ့ Micellar Water မိတ်ကပ်ဖျက်ဆေးရည်အကြောင်းကို တော်တော်လေးသိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ အားလုံးပဲ လှပနိုင်ကြပါစေ။

 

 

Read times
Rate this item
(0 votes)
Tagged under