သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မိတ်ကပ်လေးလှနေစေဖို့

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မိတ်ကပ်လေးလှနေစေဖို့ google.com

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနေ့မှာ မိတ်ကပ်ပြင်ဆင်မှုကြောင့် စိတ်မညစ်ချင်ဘူးဆိုရင်တော့

သေချာလေး ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်နော်။ မင်္ဂလာပွဲနေ့ မိတ်ကပ် ပြင်ဆင်တဲ့အခါမှာ အသားအရေနဲ့ တထပ်တည်းကျပြီး တသားတည်း ဖြစ်နေမှ မိတ်ကပ်သားညက်ညက်လေးနဲ့ လှနေနိုင်မှာပါ။ ဒီလိုဖြစ်ဖို့အတွက် ပြင်ဆင်ထားဖို့လည်း လိုပါတယ်။

 

အဆီပြန်တာကို ထိန်းချုပ်ပါ

သတို့သမီးလောင်းလေးတို့ ပွဲရက်နီးမှ ဝက်ခြံထွက်တာကို ထိန်းချုပ်ချင်ရင်တော့ အဆီပြန်တာကို ထိန်းချုပ်ပါနော်။ အဆီပြန်တာတွေ ရှိမယ်ဆိုရင် ဝက်ခြံထွက်လာမှာပါ။ ဒါကြောင့် သတို့သမီးလေးတို့ အဆီပြန်စေမယ့် ခရင်မ်တွေ၊ အစားအစာတွေ ရှောင်ပါနော်။

 

ရေသောက်နည်းတာ

မင်္ဂလာပွဲအတွက် ရက်သတ်မှတ်ပြီးပြီဆိုတာနဲ့ ရေများများသောက်ဖို့ လိုပါတယ်။ ရေသောက်နည်းတဲ့ အလေ့အကျင့်ကို ပြင်ဖို့ လိုပါတယ်နော်။ ရေသောက်နည်းမယ်ဆိုရင် သတို့သမီးလောင်းတို့ အသားအရေ ခြောက်တာ၊ အပူများပြီး အဖုတွေ ထွက်တာ၊ ဝက်ခြံနဲ့ အဆီဖုတွေ ထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။

 

အိပ်ရေးဝဝ အိပ်ပါ

သတို့သမီးလောင်းလေးတို့ရေ တပတ်လောက် အလိုမှာတော့ စိတ်ကို လျှော့ချလိုက်ပါ။ အဆင်ပြေမယ်လို့ပဲ တွေးထားပါ။ အတတ်နိုင်ဆုံး အိပ်ရေးဝဝ အိပ်ပါ။ ဒါမှ မင်္ဂလာပွဲနေ့မှာ အဆင်ပြေမှာပါ။

 

မျက်ကွင်းညိုတာတွေ မဖြစ်အောင်

သတို့သမီးလောင်းလေးတို့ မျက်ကွင်းညိုတာဟာ အလှအပကို ရာနှုန်းပြည့် အနှောင့်အယှက်ပေးတဲ့ အရာပါပဲ။ ဒီတော့ မင်္ဂလာပွဲနေ့မှာ မျက်ကွင်းမညိုအောင် ကြိုတင်ပြီး လုပ်ဆောင်ထားရပါမယ်နော်။ စီစဉ်စရာတွေ ဘယ်လောက်များများ အိပ်ရေး ဝဝ အိပ်ပါ။ မျက်လုံးအတွက် Eye cream လိမ်းပါ။ ရေများများ သောက်ပါနော်။ ဒီလိုမှ ပွဲနေ့မှာ အဆင်ပြေမှာပါ။

 

မျက်နှာပေါင်းတင်ဖို့ မမေ့ပါနဲ့

သတို့သမီးလေးတို့ရေ သတို့သမီးမိတ်ကပ် လှဖို့အတွက် မျက်နှာအသားအရေ ကောင်းမွန်ဖို့ လိုပါတယ်။ မျက်နှာပေါင်းတင်တဲ့အခါမှာလည်း မင်္ဂလာပွဲရက်နီးမှ မလုပ်ပါနဲ့။ မင်္ဂလာပွဲ စီစဉ်နေတဲ့အချိန်တွေကစပြီး မျက်နှာကို မှန်မှန်လေး ပေါင်းတင်ပေးပါ။ mask ကပ်တာ ဒါမှမဟုတ် သဘာဝနည်းလမ်းလေးတွေ အိမ်မှာ လုပ်တာမျိုးပေါ့။ နောက်ပြီး ဆိုင်မှာ ပေါင်းတင်တာမျိုးလည်း လုပ်ပေးပါ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Wednesday, 26 June 2019 14:14
Rate this item
(1 Vote)