Hollywood Star တစ်ယောက်အသွင်ပြောင်းလဲသွားစေမယ့်နည်းလမ်းများ…

Hollywood Star တစ်ယောက်အသွင်ပြောင်းလဲသွားစေမယ့်နည်းလမ်းများ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို Hollywood Star တွေအသွင်ပြောင်းလဲသွားစေမယ့် နည်းလမ်းလေးတွေကိုဝေမျှဖော်ပြပေးချင်ပါတယ်။အဲ့ဒီနည်းလမ်းတွေကတော့

 

(၁)နှုတ်ခမ်းအစိူဓာတ်ကိုထိန်းသိမ်းပါ။

 

အရင်ဆုံးနှုတ်ခမ်းသားလေးတွေကို သကြားနဲ့ငြင်သာစွာပွတ်တိုက်ပေးပါ။ပြီးရင်တော့သံလွင်ဆီ(သို့)အုန်းဆီလေးလိမ်းပေးထားပါ။နေ့စဉ်နှုတ်ခမ်းနီတွေနဲ့ထိတွေ့နေရတဲ့နှုတ်ခမ်းသားလေးတွေကို ဒီလိုနည်းလမ်းလေးတွေနဲ့ ပြန်ပြီး Treatment လုပ်ပေးပါနော်။

 

cs4

 

(၂) မျက်ခုံးမွှေးပုံဖော်ပေးပါ။

 

မျက်ခုံးမွှေးဆွဲတဲ့အခါ တအားထူထူကြီးဖြစ်မနေစေဖို့ ခဲတံနဲ့ဆွဲပြီးတိုင်း Blending ကိုစိတ်ရှည်ရှည်လေးလုပ်ပေးပါ။မျက်ခုံးမွှေးကိုတအားရှည်အောင်ဆွဲတာမျိုကိုလည်းရှောင်ပေးပါ။

 

cs3

 

(၃) မိတ်ကပ်လိမ်းချယ်တဲ့အခါ Highlighter ကိုသုံးပေးပါ။

 

နှာခေါင်းရိုး၊ပါးရိုးအပေါ်ဖက်၊မျက်ခုံးရိုးပေါ်နဲ့ နှုတ်ခမ်းအပေါ်လေးတွေကို Highlighter ပါးပါးလေးထည့်ပေးခြင်းကလည်း မျက်နှာလေးကို ဖူးဖူးကြွကြွလေးနဲ့လှနေစေမှာပါ။

 

Highlighter Brush ရွှေးချယ်တဲ့အခါမှာလည်း ထူတာထက်ပါးပြီးပြန့်နေတဲ့ Brush တွေကိုပဲရွှေးချယ်ပေးပါ။

 

cs2

 

(၄) ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ပေါင်ဒါလေးတွေကိုလိမ်းချယ်ပါ။

 

အောက်ခံမိတ်ကပ်ထူထူတွေလိမ်ထားတယ်ဆိုရင် ပေါ့ပါးတဲ့ Press Powder တစ်မျိုးမျိုးကိုလိုအပ်တဲ့နေရာလေးတွေမှာလိုက်ဖြည့်ပေးရုံနဲ့လုံလောက်နေပါပြီနော်။

 

cs1

 

(၅)လက်သည်းခြေသည်းလေးတွေကို ဂရုစိုက်ပါ။

 

Nail Spa တွေသွားဖို့အချိန်မရှိဘူးဆိုရင်တောင် တစ်ပတ်နှစ်ခါလောက် ခြေသည်း၊လက်သည်းလေးတွေကို သံပုရာသီးနဲ့ပွတ်တိုက်ပေးပြီး သံလွင်ဆီလိမ်းပေးတာမျိုးလောက်တော့ ပြုလုပ်ပေးပါနော်။

 

cs

 

(၆) ဆံပင်အုံထူသယောင်ဖြစ်အောင် ဖန်တီးပါ။

 

ဆံပင်အုံးပါးတဲ့လူတွေအနေနဲ့ဆံပင်အုံထူသယောင်ထင်စေဖို့ ဆံပင်ကောက်ပေးတာမျိုး၊ကျစ်ဆံမြှီးပွပွလေးတွေကျစ်ပေးတာမျိုးက ပိုကြည့်ကောင်းစေပါတယ်။

 

Reference: Brightside.com

 

 

 

Zawgyi ဖြင့်ဖတ်ရန်...

 


 

(၁)နှုတ်ခမ်းအစိုဓာတ်ကိုထိန်းသိမ်းပါ။

 


 


 


 


 


 


 


 


 


 


 


 


 

Myanmar Wedding Guide

 

 

jjjj

Read times
Rate this item
(0 votes)
Tagged under