ထူထဲလှပသောမျက်ခုံးတစ်စုံအတွက်

ထူထဲလှပသောမျက်ခုံးတစ်စုံအတွက်

လူတစ်ယောက်ရဲ့မျက်နှာသွင်ပြင်ကို အများဆုံးပြောင်းလဲပေးနိုင်တာက မျက်ခုံးပါပဲနော်။သေသပ်လှပတဲ့မျက်ခုံးထူထူလေးတစ်စုံကိုသာပိုင်ဆိုင်ထားမယ်ဆိုရင် မိတ်ကပ်တွေကိုတအားကြီးအချိန်ကုန်ခံပြီးလိမ်းစရာမလိုပဲလှနေမှာပါ။

 

 

ဒီနေ့လေးမှာ Myanmar Wedding Guide ရဲ့ပရိတ်သတ်တွေအတွက် ဇင်ယော်တောင်မျကိခုံးလေးတွေကို ရရှိပိုင်ဆိုင်နိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးချင်ပါတယ်။

 

 

၁။ Vaseline

 

 

ညအိပ်ရာဝင်ခါနီးမှာ မျက်ခုံးကို Vaseline ကို ပါးပါးလေးလိမ်းအိပ်ပါ။ မနက်ရောက်ရင် ရေနွေးလေးနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ။ ညတိုင်းလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း မျက်ခုံးမွေးလေးတွေထူထဲလှပလာမှာပဲဖြစ်ပါတယ်နော်။

 

 

၂။ ကြက်ဥအနှစ်

 

 

ကြက်ဥအနှစ်အနည်းငယ်ကိုမျက်ခုံးမွေးတလျှောက် လိမ်းပေးပါ။မိနစ်နှစ်ဆယ်လောက်ထားပြီးရင်တော့ရေနွေးလေးနဲ့ပြန်ဆေးပေးပါ။ နေ့တိုင်း ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ဆယ်ရက်လောက်အကြာမှာ မျက်ခုံးမွေးလေးတွေ သိသိသာသာထူလာတာကိုတွေ့ရမှာပါ။

 

 

၃။ ကြက်သွန်နီ

 

 

ကြက်သွန်နီတစ်ခြမ်းကို ကြေညက်နေအောင်ချေပါ။ ရရှိလာတဲ့ကြက်သွန်နီအရည်ကို မျက်ခုံးမွေးတလျှောက် လိမ်းပေးလိုက်ပါ။ တစ်နာရီလောက်ထားပြီးရင် ရေဆေးချပေးလိုက်ရုံပါပဲနော်။ဒီနည်းက မျက်ခုံးမွေးတွေ ထူထဲလာဖို့ တော်တော်လေးထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

 

၄။ ရှားစောင်းလက်ပပ်

 

 

ရှားစောင်းလက်ပပ်အနှစ်ကို ယူပြီး မျက်ခုံးမွေးတလျှောက် လိမ်းပေးကာ (၃) မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ။ ဒါလေးကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ထူထဲလှပတဲ့ မျက်ခုံးလေးကို ရလာမှာပါ။

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 


 

va

 

၁။ Vaseline

 


 

va1

 

၂။ ကြက်ဥအနှစ်

 


 

va3

 

၃။ ကြက်သွန်နီ

 


 

va2

 

၎။ ရှားစောင်းလက်ပပ်

 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 18 February 2020 16:12
Rate this item
(0 votes)
Tagged under