တစ်လအတွင်း ကြည်လင်ဝင်းပတဲ့အသားအရည်လေးတွေပိုင်ဆိုင်နိုင်စေတဲ့ Scrub လုပ်နည်းလေးများ

တစ်လအတွင်း ကြည်လင်ဝင်းပတဲ့အသားအရည်လေးတွေပိုင်ဆိုင်နိုင်စေတဲ့ Scrub လုပ်နည်းလေးများ google

မကြာခင် ဝါလကင်းလွတ်သီတင်းကျွတ်ကာလကိုရောက်ရှိလာတော့မှာဖြစ်လို့ Myanmar Weddig Guide ရဲ့ပရိတ်သတ်ချစ်တို့အနေနဲ့

 

သွားစရာပွဲလမ်းသဘင်တွေကလည်းပုံနေတော့မှာပါနော်။ချစ်တို့အနေနဲ့ဘယ်နေရာ၊ဘယ်ပွဲကိုပဲသွားသွားပြင်ရဆင်ရဦးမှာဆိုတော့

 

မျက်နှာအသားအရည်လေးတွေကြည်လင်နေဖို့လိုမှာပေါ့။

 

ဒါကြောင့်ဒီနေ့မှာတော့မင်မင်ကချစ်တို့ရဲ့မျက်နှာအသားအရည်လေးတွေကြည်လင်ဖို့ဆိုင်သွားစရာမလိုဘဲအိမ်မှာပဲအလွယ်တကူ

 

Scrub လုပ်နိုင်မယ့်နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

 

(၁)သကြားလက်ဖက်ရည်ဇွန်း၁ဇွန်း၊ရေ၂စက်နဲ့သံပုရာရည်၂စက်ကိုခွက်အလွတ်တစ်ခုထဲတွင်ရောစပ်ပါ။ပြီးရင်တော့ရလာတဲ့

 

Scrubအနှစ်တွေကိုချစ်တို့ရဲ့လက်ချောင်းထိပ်လေးတွေနဲ့ယူပြီးမျက်နှာပြင်အနှံ့ညင်သာစွာပွတ်တိုက်ပေးပါ။

 

၁မိနစ်ကနေ၃မိနစ်အထိပွတ်တိုက်ပေးပြီးပြီဆိုရင်တော့ ရေအေးလေးနဲ့ဆေးချပေးပါနော်၊

 

(၂) သကြားနဲ့အုန်းဆီတို့ကိုခွက်အလွတ်တစ်ခုထဲတွင်ရောစပ်ပါ။

 

ရရှိလာတဲ့Scrubအနှစ်ကို ချစ်တို့ရဲ့မျက်နှာနဲ့လည်ပင်းကိုညင်သာစွာပွတ်တိုက်ပေးပါ။၁မိနစ်လောက်ပွတ်တိုက်ပြီးပြီဆိုရင်တော့ ရေလေးနဲ့ဆေးချပါနော်။

 

(၃) ၊သံလွင်ဆီလက်ဖက်ရည်ဇွန်း၁ဇွန်း၊ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် သံပုရာရည်နှစ်စက်ခန့်ကို ခွက်အလွတ်တစ်ခုထဲတွင်ရောစပ်ပါ။

 

ပြီးရင်တော့သကြားလက်ဖက်ရည်ဇွန်း၅ဇွန်းထပိထည့်ပြီးမွေပါ။Scrub အနှစ်ရလာပြီဆိုရင်တော့မျက်လုံးဧရိယာတစ်ဝိုက်ကိုရှောင်ကာစက်ဝိုင်းပုံစံအတိုင်း၁မိနစ်လောက် မျက်နှာပြင်အနှံ့ပွတ်တိုက်ပေးပါနော်။

 

*Scrub ကို သုံးရက်ခြားတစ်ခါလောက်ပဲလုပ်ပေးပြီး Scrub လုပ်ပြီးတိုင်း moisturizer လိမ်းပေးဖို့လုံးဝလုံးဝ မမေ့ပါနဲ့နော်။

 

အားလုံးပဲဘဝရဲ့နေ့ရက်တွေကိုလှလှပပလေးနဲ့ဖြတ်သန်းကြရအောင်ပါနော်။

 

 

 

 


 


 


 


 


 

sug8

 


 


 


 

sug5

 



 

 

sug7

 


 


 


 

 


 

 


 

Myanmar Wedding Guide

jjjj

Read times Last modified on Monday, 16 March 2020 16:58
Rate this item
(0 votes)
Tagged under