Glass Skin ဆိုတဲ့အသားအရည်လေးရရှိဖို့ ဖြည့်စွက်စားသုံးပေးသင့်တဲ့ အစားအစာများ ...

Glass Skin ဆိုတဲ့အသားအရည်လေးရရှိဖို့ ဖြည့်စွက်စားသုံးပေးသင့်တဲ့ အစားအစာများ ... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ ခေတ်ရေစီးကြောင်းအရ မိန်းကလေးတွေအကြားမှာရေပန်းစားအပြောများလာတဲ့ Glass Skin ဆိုတဲ့အသားအရည်လေးရရှိဖို့ ဖြည့်စွက်စားသုံးပေးသင့်တဲ့ အစားအစာလေးတွေကို Myanmar Wedding Guide ကနေ ဝေမျှပေးချင်ပါတယ်။

 

 

(၁) မုန်လာဥနီမုန်လာဥနီဟာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး အသားအရေကို Glow စေပါတယ်။၎င်းရဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ အစွမ်းသတ္တိကလည်း ဝက်ခြံတွေ မထွက်အောင်ကာကွယ်ပေးပါတယ်။

 

 

မုန်လာဥနီ အရည်ကို မျက်နှာပေါ်မှာ mask အဖြစ်ကပ်ပေးမယ်ဆိုရင် ပန်းနုရောင်အသားအရေလေးကို ပိုင်ဆိုင်နိုင်စေမှာပါ။

 

 

ခန္ဓာကိုယ်တွင်းရှိသွေးနဲ့ အဆိပ်အတောက်တွေကို သန့်စင်စေဖို့အတွက် မုန်လာဥနီ ဖျော်ရည်ကို သောက်သုံးပေးပါက healthy glow look ကို ရရှိစေမှာပါ။

 

 

(၂) မုန်လာဥဝါ

 

 

အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း ၊ အသားအရေကို တောက်ပစေခြင်းနဲ့ ဆဲလ်သေဆုံးမှုကို တားဆီးခြင်းစတဲ့ အစွမ်းတွေပါဝင်တဲ့အရာဟာ မုန်လာဥဝါပါ။

 

 

မုန်လာဥဝါ မှာVitamin-C လည်းပါဝင်တာကြောင့် ကော်လဂျင်ထုတ်လွှတ်မှုကို အားပေးပြီး ဝက်ခြံနဲ့ အမည်းစက်တွေကို လျှော့ချပေးပါတယ်။

 

 

(၃) အာလူး

 

 

အာလူး ဟာ သဘာဝအရောင်ချွတ်ပစ္စည်းဖြစ်တာကြောင့် အသားအရေဖြူဝင်းဖို့အတွက် အသုံးဝင်ပြီး ဆဲလ်သေတွေ ၊ နေလောင်တာတွေနဲ့ ညိုညစ်နေတဲ့ အသားအရေကိုလည်း သက်သာစေဖို့ ကူညီပေးပါတယ်။

 

 

အာလူး အချပ်ပါးပါးလေးတွေကို မျက်နှာပေါ်မှာ ကပ်ပေးခြင်းဖြင့်လည်း skincare လုပ်ပေးနိုင်ပါတယ်နော်။

 

 

(၄) ကိုက်လံ

 

 

ကိုက်လံဟာ အစိမ်းရောင်အသီးအရွက်များရဲ့ ဘုရင်ဖြစ်သလို အလှအပအတွက်လည်း ဘုရင်မတစ်ပါးပါပဲ။

 

 

Vitamin A,C နဲ့ K တို့ ကြွယ်ဝတဲ့ ကိုက်လံဟာ အရေပြားတစ်သျှူးတွေကို ပြုပြင်ပေးပြီး ရောင်ခြည်ထိတွေ့မှုတွေမှ ကာကွယ်ပေးကာ ကြည်လင်တောက်ပတဲ့အသားအရေကို ပေးစွမ်းပါတယ်။

 

 

လီမွန်

 

 

Glow Skin အတွက် အကောင်းမွန်ဆုံးကတော့ Vitamin-B , Vitamin-C နဲ့ Phosphorous ပါဝင်တဲ့ လီမွန် ပါပဲ။သူ့မှာပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ အမည်းစက်တွေကို လျော့ပါးစေပါတယ်။

 

 

လီမွန် အရည်အနည်းငယ်ကို ကြက်ဥအကာနဲ့ ရောစပ်ပြီး အသားအရေကို နူးညံ့စိုပြည်အောင် လုပ်လို့ရသလို လတ်ဆတ်တဲ့ လီမွန် ရည်အနည်းငယ်ကို လိုအပ်တဲ့နေရာမှာ တိုက်ရိုက်အသုံးပြုပေးလို့ ရပါတယ်။

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 

br1

 


 


 


 

br

 

(၂) မုန်လာဥဝါ

 


 


 

br6

 

(၃) အာလူး

 


 


 

br3

 

(၄) ကိုက်လံ

 


 


 

br5

 

လီမွန်

 


 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 11 February 2020 16:05
Rate this item
(0 votes)
Tagged under