Covid-19 ကြောင့် မင်္ဂလာပွဲတွေရွှေ့ထားရလည်း သတို့သမီးလောင်းလေးတွေအနေနဲ့ Skincare တော့ပုံမှန်လုပ်ထားသင့်ပါတယ်။

Covid-19 ကြောင့် မင်္ဂလာပွဲတွေရွှေ့ထားရလည်း သတို့သမီးလောင်းလေးတွေအနေနဲ့ Skincare တော့ပုံမှန်လုပ်ထားသင့်ပါတယ်။ google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့မင်္ဂလာပွဲနီးတဲ့အခါဂရုစိုက်သင့်တဲ့ beauty tip လေးတွေကို Myanmar Wedding Guide ပရိတ်သတ်တွေအတွက်ပြောပြပေးချင်ပါတယ်။

No.1 Micellar water ,cleansing wipe နဲ့မိတ်ကပ်ဖျက်ခြင်းကိုလျော့ချပေးပါ။

micellar water ,cleansing wipe တွေဟာသုံးပြီးရင် မျက်နှာကရေဓာတ်တွေအပြင်အဆီဓာတ်လေးတွေကိုပါစုပ်ယူပြီး အရမ်းခြောက်သွားတတ်ပါတယ်။

အဲ့လိုအသားအရေခြောက်လာတဲ့အခါအရေးအကြောင်းထွက်ဖို့အရမ်းကိုလွယ်ကူပါတယ်။

မျက်နှာအဆီပြန်တာဟာမကောင်းပေမယ့် အရေးအကြောင်းတွေမထွက်ဖို့ဆိုတာမျက်နှာမှာရှိသင့်တဲ့အဆီဓာတ် ရေဓာတ်တွေရှိဖို့လည်းလိုအပ်တာမို့

နေ့စဉ်နဲ့အမျှ micellar water တွေသုံးနေခြင်းကိုလျော့ချပြီး cleansing oil , cleansing cream/milk စတာလေးတွေကိုသုံးပေးပါနော်။

အဲ့ဒါမှာမင်္ဂလာပွဲနေ့မှာ မိတ်ကပ်လိမ်းတဲ့အခါအသားခြောက်တာတွေ အရေးအကြောင်းတွေထင်းနေတာတွေမဖြစ်မှာပါ။

No.2 Sunscreen မဖြစ်မနေလိမ်းပေးပါ

တော်တော်များများသတိမထားမိတဲ့အချက်က အရေးအကြောင်းတွေ တင်းတိတ်တွေ ရဲ့ အဓိကတရားခံဟာ နေရောင်ခြည်ကြောင့်ဆိုတာပါ ။

မင်္ဂလာပွဲနီးလေ အပြင်ထွက်ရလေမို့ Sunscreen မလိမ်းမိတဲ့အခါမှာ နေလောင်ပြီး skin problems တွေဖြစ်လာနိုင်တာမို့

ပွဲနေ့မိတ်ကပ်လိမ်းတဲ့အခါလှပတဲ့ skin လေးရဖို့ပွဲမတိုင်ခင် ရက်တွေမှာ နေ့စဉ် sunscreen လိမ်းပေးပါ။

No.3 Eye Cream

အသက်အရွယ်ကြီးလာကြောင်းကိုပြသတဲ့အဓိကနေရာကမျက်လုံးလို့ပြောလို့ရပါတယ်။ မျက်လုံးတဝိုက်အသားအရေဟာအရမ်းနူးညံ့တာမို့ အရေးအကြောင်းထွက်လွယ်တဲ့နေရာဖြစ်ပါတယ်။

မိတ်ကပ်ထူထူလိမ်းတဲ့အခါမှာမျက်လုံးပေါ်ကအရေးအကြောင်းတွေပိုထင်းလာတတ်ပါတယ်။

ဒါ့ကြောင့် မျက်ဝန်းတဝိုက် စိုပြေပြီး နူးညံ့နေအောင် မိတ်ကပ်လိမ်းတဲ့အခါ အရေးကြောင်းမပေါ်အောင်eye cream ကိုညတိုင်းမမေ့မလျော့လိမ်းရပါမယ်။

No.4 Hand Cream, body lotion

Hand Cream ကတော့ ဘယ်သူမှသတိမထားမိမယ့်ပစ္စည်းလေးလို့ထင်ပါတယ်။ပွဲနေ့မှာလက်စွပ်စွပ်တဲ့ပုံလေးတွေ ဒါမှမဟုတ် သတို့သမီးလေးရဲ့ လက်ချောင်းလေးတွေကိုဓာတ်ပုံရိုက်တတ်ကြပါတယ်။

အမတို့ညီမတို့သတိမထားမိတာက အသက်အရွယ်ရလာတဲ့အခါ လက်ချောင်းလေးမှာလည်းအရေးအကြောင်းလိုမျိုးအရာလေးတွေ

(အထူးသဖြင့်လက်သည်းနဲ့လက်ဆစ်ကြားနေရာမှာအကြောင်းအကြောင်းလေးတွေ) ထင်လာတတ်တာပါ။

လက်တွေခဏခဏဆေးပြီးလက်ကskinလေးတွေဟာခြောက်သွေ့လာတဲ့အခါအရေးအကြောင်းထင်တတ်တာမို့ moistureပေးနိုင်တဲ့ handcream လေးတွေအိတ်ထဲအမြဲဆောင်ထားပြီးလိမ်းကြဖို့သတိပေးပါရစေ။

အသားအရေခြောက်လေအသားပေါ်မှာအရေးအကြောင်းလေးတွေထွက်လေမို့ body lotion လည်းမှန်မှန်လိမ်းဖို့ မမေ့ပါနဲ့နော်။

No.5 Lip Balm

နှုတ်ခမ်းခြောက်သွေ့တဲ့အခါမင်္ဂလာပွဲနေ့မှာ ကြာကြာခံစေမယ့် နှုတ်ခမ်းနီလည်းဆိုရော အဖတ်လေးတွေလန်ပြီး အရမ်းကြည့်ရဆိုးတတ်ပါတယ်။ lip balm ကို အကျင့်လုပ်ပြီးဆိုးထားမှသာနှုတ်ခမ်းလှလှလေးရစေမှာပါ။

No.6 သကြား လျော့စားပေးပါ။

မင်္ဂလာပွဲနီးလာလေ stress များလာလေမို့ အချိုပိုစားမိတတ်ပါတယ်။

သကြားဟာ လူ့ခန္ဓာကိုယ်အတွက်ဆိုးကျိုးကိုသာပိုပေးတာမို့ သကြားလျော့စားပေးပါနော်။

သကြားကြောင့် ဝ စေတဲ့အပြင် လူကိုပါ လေးလံစေတာမို့ သကြားလျော့စားပေးပါနော်။

Reference: wedding story

Dress Hire ဝတ်စုံအငှားဆိုင် ၅၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

ig

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့မဂၤလာပြဲနီးတဲ့အခါဂ႐ုစိုက္သင့္တဲ့ beauty tip ေလးေတြကို Myanmar Wedding Guide ပရိတ္သတ္ေတြအတြက္ေျပာျပေပးခ်င္ပါတယ္။

No.1 Micellar water ,cleansing wipe နဲ႔မိတ္ကပ္ဖ်က္ျခင္းကိုေလ်ာ့ခ်ေပးပါ။

micellar water ,cleansing wipe ေတြဟာသုံးၿပီးရင္ မ်က္ႏွာကေရဓာတ္ေတြအျပင္အဆီဓာတ္ေလးေတြကိုပါစုပ္ယူၿပီး အရမ္းေျခာက္သြားတတ္ပါတယ္။

အဲ့လိုအသားအေရေျခာက္လာတဲ့အခါအေရးအေၾကာင္းထြက္ဖို႔အရမ္းကိုလြယ္ကူပါတယ္။

မ်က္ႏွာအဆီျပန္တာဟာမေကာင္းေပမယ့္ အေရးအေၾကာင္းေတြမထြက္ဖို႔ဆိုတာမ်က္ႏွာမွာရွိသင့္တဲ့အဆီဓာတ္ ေရဓာတ္ေတြရွိဖို႔လည္းလိုအပ္တာမို႔

ေန႔စဥ္နဲ႔အမွ် micellar water ေတြသုံးေနျခင္းကိုေလ်ာ့ခ်ၿပီး cleansing oil , cleansing cream/milk စတာေလးေတြကိုသုံးေပးပါေနာ္။

အဲ့ဒါမွာမဂၤလာပြဲေန႔မွာ မိတ္ကပ္လိမ္းတဲ့အခါအသားေျခာက္တာေတြ အေရးအေၾကာင္းေတြထင္းေနတာေတြမျဖစ္မွာပါ။

No.2 Sunscreen မျဖစ္မေနလိမ္းေပးပါ

ေတာ္ေတာ္မ်ားမ်ားသတိမထားမိတဲ့အခ်က္က အေရးအေၾကာင္းေတြ တင္းတိတ္ေတြ ရဲ႕ အဓိကတရားခံဟာ ေနေရာင္ျခည္ေၾကာင့္ဆိုတာပါ ။

မဂၤလာပြဲနီးေလ အျပင္ထြက္ရေလမို႔ Sunscreen မလိမ္းမိတဲ့အခါမွာ ေနေလာင္ၿပီး skin problems ေတြျဖစ္လာႏိုင္တာမို႔

ပြဲေန႔မိတ္ကပ္လိမ္းတဲ့အခါလွပတဲ့ skin ေလးရဖို႔ပြဲမတိုင္ခင္ ရက္ေတြမွာ ေန႔စဥ္ sunscreen လိမ္းေပးပါ။

No.3 Eye Cream

အသက္အ႐ြယ္ႀကီးလာေၾကာင္းကိုျပသတဲ့အဓိကေနရာကမ်က္လုံးလို႔ေျပာလို႔ရပါတယ္။ မ်က္လုံးတဝိုက္အသားအေရဟာအရမ္းႏူးညံ့တာမို႔ အေရးအေၾကာင္းထြက္လြယ္တဲ့ေနရာျဖစ္ပါတယ္။

မိတ္ကပ္ထူထူလိမ္းတဲ့အခါမွာမ်က္လုံးေပၚကအေရးအေၾကာင္းေတြပိုထင္းလာတတ္ပါတယ္။

ဒါ့ေၾကာင့္ မ်က္ဝန္းတဝိုက္ စိုေျပၿပီး ႏူးညံ့ေနေအာင္ မိတ္ကပ္လိမ္းတဲ့အခါ အေရးေၾကာင္းမေပၚေအာင္eye cream ကိုညတိုင္းမေမ့မေလ်ာ့လိမ္းရပါမယ္။

No.4 Hand Cream, body lotion

Hand Cream ကေတာ့ ဘယ္သူမွသတိမထားမိမယ့္ပစၥည္းေလးလို႔ထင္ပါတယ္။ပြဲေန႔မွာလက္စြပ္စြပ္တဲ့ပုံေလးေတြ ဒါမွမဟုတ္ သတို႔သမီးေလးရဲ႕ လက္ေခ်ာင္းေလးေတြကိုဓာတ္ပုံ႐ိုက္တတ္ၾကပါတယ္။

အမတို႔ညီမတို႔သတိမထားမိတာက အသက္အ႐ြယ္ရလာတဲ့အခါ လက္ေခ်ာင္းေလးမွာလည္းအေရးအေၾကာင္းလိုမ်ိဳးအရာေလးေတြ

(အထူးသျဖင့္လက္သည္းနဲ႔လက္ဆစ္ၾကားေနရာမွာအေၾကာင္းအေၾကာင္းေလးေတြ) ထင္လာတတ္တာပါ။

လက္ေတြခဏခဏေဆးၿပီးလက္ကskinေလးေတြဟာေျခာက္ေသြ႕လာတဲ့အခါအေရးအေၾကာင္းထင္တတ္တာမို႔ moistureေပးႏိုင္တဲ့ handcream ေလးေတြအိတ္ထဲအၿမဲေဆာင္ထားၿပီးလိမ္းၾကဖို႔သတိေပးပါရေစ။

အသားအေရေျခာက္ေလအသားေပၚမွာအေရးအေၾကာင္းေလးေတြထြက္ေလမို႔ body lotion လည္းမွန္မွန္လိမ္းဖို႔ မေမ့ပါနဲ႔ေနာ္။

No.5 Lip Balm

ႏႈတ္ခမ္းေျခာက္ေသြ႕တဲ့အခါမဂၤလာပြဲေန႔မွာ ၾကာၾကာခံေစမယ့္ ႏႈတ္ခမ္းနီလည္းဆိုေရာ အဖတ္ေလးေတြလန္ၿပီး အရမ္းၾကည့္ရဆိုးတတ္ပါတယ္။ lip balm ကို အက်င့္လုပ္ၿပီးဆိုးထားမွသာႏႈတ္ခမ္းလွလွေလးရေစမွာပါ။

No.6 သၾကား ေလ်ာ့စားေပးပါ။

မဂၤလာပြဲနီးလာေလ stress မ်ားလာေလမို႔ အခ်ိဳပိုစားမိတတ္ပါတယ္။

သၾကားဟာ လူ႔ခႏၶာကိုယ္အတြက္ဆိုးက်ိဳးကိုသာပိုေပးတာမို႔ သၾကားေလ်ာ့စားေပးပါေနာ္။

သၾကားေၾကာင့္ ဝ ေစတဲ့အျပင္ လူကိုပါ ေလးလံေစတာမို႔ သၾကားေလ်ာ့စားေပးပါေနာ္။

Reference: wedding story

Dress Hire ဝတ္စုံအငွားဆုိင္ ၅၄ ဆုိင္ကုိရွာရန္ႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times Last modified on Thursday, 26 March 2020 15:51
Rate this item
(0 votes)