အိမ်မှာ အလုပ်လုပ်ရင်း Skincare မယ်..။

အိမ်မှာ အလုပ်လုပ်ရင်း Skincare မယ်..။ google

 အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Covid-19 ကြောင့် အပြင်မထွက်ဘဲ နေနေကြတဲ့ ချစ်တို့အတွက်အိမ်မှာနေရင်း

 

ကျန်းမာပြီးကြည်လင်တောက်ပတဲ့အသားအရည်ကိုရရှိပိုင်ဆိုင်နိုင်ဖို့ ပြုလုပ်ရမယ့်နည်းလမ်းလေးတွေကို Myanmar Wedding Guideက ဝေမျှပေးချင်ပါတယ်။

 

များသောအားဖြင့် အိမ်မှာပဲနေပြီး အလုပ်လုပ်နေကြရပြီဖြစ်တာကြောင့် ဒီအချိန်ဟာ အသားအရေကိုအနားပေးဖို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။

 

ကဲ ဒါဆို အသားအရေ ကျန်းမာကြည်လင်လာဖို့ဘာတွေလုပ်ကြမလဲ။

 

(၁) ။ဒီလိုအချိန်မျိုးမှာ Skincare Step တွေကို သေချာလုပ်ကြည့်ပြီး မိတ်ကပ်မလိမ်းဘဲနေကြည့်ပါနော်။

 

Skincare တွေအသဲအသန်လုပ်နေပေမယ့် ဘာကြောင့် ထူးခြားတဲ့ ရလဒ်မရလာတာလဲ ဆိုတာ သေချာဖော်ပြပေးထားတာမို့ Skincare Steps တွေကိုသာ သေချာလိုက်လုပ်ပေးပါ။

 

ဒါဆိုရင်တော့ အသားအရည်ဟာနဂိုထက်ပိုမိုလှပလာပြီးမိတ်ကပ်ထပ်လိမ်းတဲ့အခါမှာလည်း ကောင်းမွန်တဲ့အသားအရေကြောင့် ကြည့်ကောင်းနေမှာအသေအချာပါပဲ။

 

(၂) ။ကြည်လင်တောက်ပတဲ့ မျက်နှာအသားအရေလေးကိုရရှိပိုင်ဆိုင်နိုင်ဖို့အတွက် ဒိန်ချဉ်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ပန်းကန်လုံးအသန့်တစ်လုံးထဲမှာရောစပ်ပါ။

 

ရရှိလာတဲ့ အနှစ်တွေကိုမျက်နှာအနှံံ့ စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း လိမ်းပြီးနှိပ်နယ်ပေးပါ။

 

ဒီနည်းလမ်းလေးက မျက်နှာမှာရှိနေတဲ့ ဆဲလ်သေတွေနဲ့ နေလောင်ဒဏ်နဲ့မိတ်ကပ်ကြောင့်ဖြစ်လာတဲ့ ညိုမဲမှုတွေကို လျော့နည်းသွားစေတာကြောင့်

 

တစ်ပတ်မှာ နှစ်ကြိမ်(သို့မဟုတ်)သုံးကြိမ်လောက်ပုံမှန်ပြုလုပ်ပေးမယ်ဆို ကြည်လင်တောက်ပတဲ့အသားအရေလေးတွေကို ရရှိပိုင်ဆိုင်လာစေမှာပါ။

 

(၃) ။ခြေထောက်လေးတွေကို Exfoliation ပြုလုပ်နိုင်ဖို့အတွက် Aspirin ၆ပြား၊၈ပားလောက်ကို ကြိတ်ခြေပြီး သံပုရာရည်နဲ့ရောစပ်ပါ။

 

ပျားရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာလောက်ထပ်မံရောစပ်ပြီးခပ်ပျစ်ပျစ်အနှစ်တွေရလာပြီဆိုရင်တော့ ခြေထောက်အသားမာရှိတဲ့နေရာလေးတွေကိုထူထူလေးလိမ်းပေးထားပါ။

 

အဓိကခြေဖဝါးနဲ့ ခြေဖနောင့်လိုနေရာမျိုးတွေကို သေချာလိမ်းပေးပါ။ခြေမျက်စိနေရာကိုလည်းမေ့ထားခဲ့လို့မရပါဘူး။၁၅မိနစ်လောက်နေရင်တော့ ရေဆေးချလို့ရပါပြီ။

 

ဒီနည်းလမ်းလေးက နူးညံံ့တဲ့ ေြုခဖဝါးနုနုလေးကိုတဖန်ရရှိပိုင်ဆိုင်စေမှာဖြစ်လို့ အိမ်မှာနေရင်းစမ်းလုပ်ကြည့်ကြပါနော်။

 

(၄) ။အပြင်ကနေပြန်လာတိုင်း ရေချိုးခြင်းနဲ့ ခေါင်းလျှော်ခြင်းက ဗိုင်းရပ်စ်တွေကူးစက်ခြင်းကနေ အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။

 

မျက်နှာ၊လည်ပင်း၊လက်ကောက်ဝတ်နဲ့လက်တို့ကိုစနစ်တကျသန့်စင်အောင်ဆေးကြောပါ။လက်ကိုင်ဖုန်းနဲ့မျက်မှန်စတာတွေကိုAlcohol Pad လေးတွေနဲ့သန့်စင်ပါ။

 

ကျန်းမာတဲ့ကိုယ်ခံအားစနစ်အတွက် သင့်တင့်တဲ့စားသောက်မှုပုံစံနဲ့ စားသောက်ပါ။မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာ မိမိခွန်အားကို ပြန်လည်မွေးမြူခြင်းဖြစ်တာကြောင့် အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေရှင်။

 

Reference:Philadelphia.com

 

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။

 

Fashion Designer ဖက္ရွင္ဒီဇိုင္နာ ၄၁၅ ေယာက္ကိုရွာရန္နွိပ္ပါ။

 

ig

 

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Covid-19 ေၾကာင့္ အျပင္မထြက္ဘဲ ေနေနၾကတဲ့ ခ်စ္တို႔အတြက္အိမ္မွာေနရင္

 

က်န္းမာၿပီးၾကည္လင္ေတာက္ပတဲ့အသားအရည္ကိုရရွိပိုင္ဆိုင္ႏိုင္ဖို႔ ျပဳလုပ္ရမယ့္နည္းလမ္းေလးေတြကို Myanmar Wedding Guideက ေဝမွ်ေပးခ်င္ပါတယ္။

 

မ်ားေသာအားျဖင့္ အိမ္မွာပဲေနၿပီး အလုပ္လုပ္ေနၾကရျပီၿဖစ္တာေၾကာင့္ ဒီအခ်ိန္ဟာ အသားအေရကိုအနားေပးဖို႔အေကာင္းဆံုးအခ်ိန္လည္းျဖစ္ပါတယ္။

 

ကဲ ဒါဆို အသားအေရ က်န္းမာၾကည္လင္လာဖို႔ဘာေတြလုပ္ၾကမလဲ။

 

(၁) ။ဒီလိုအခ်ိန္မ်ိဳးမွာ Skincare Step ေတြကို ေသခ်ာလုပ္ၾကည့္ၿပီး မိတ္ကပ္မလိမ္းဘဲေနၾကည့္ပါေနာ္။

 

Skincare ေတြအသဲအသန္လုပ္ေနေပမယ့္ ဘာေၾကာင့္ ထူးျခားတဲ့ ရလဒ္မရလာတာလဲ ဆိုတာ ေသခ်ာေဖာ္ျပေပးထားတာမို႔ Skincare Steps ေတြကိုသာ ေသခ်ာလိုက္လုပ္ေပးပါ။

 

ဒါဆိုရင္ေတာ့ အသားအရည္ဟာနဂိုထက္ပိုမိုလွပလာၿပီးမိတ္ကပ္ထပ္လိမ္းတဲ့အခါမွာလည္း ေကာင္းမြန္တဲ့အသားအေရေၾကာင့္ ၾကည့္ေကာင္းေနမွာအေသအခ်ာပါပဲ။

 

(၂) ။ၾကည္လင္ေတာက္ပတဲ့ မ်က္ႏွာအသားအေရေလးကိုရရွိပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ဒိန္ခ်ဥ္လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းနဲ႔ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ကို ပန္းကန္လံုးအသန္႔တစ္လံုးထဲမွာေရာစပ္ပါ။

 

ရရွိလာတဲ့ အႏွစ္ေတြကိုမ်က္ႏွာအႏွံံ႔ စက္ဝိုင္းပံုသ႑ာန္အတိုင္း လိမ္းၿပီးႏွိပ္နယ္ေပးပါ။

 

ဒီနည္းလမ္းေလးက မ်က္ႏွာမွာရွိ္ေနတဲ့ ဆဲလ္ေသေတြနဲ႔ ေနေလာင္ဒဏ္နဲ႔မိတ္ကပ္ေၾကာင့္ျဖစ္လာတဲ့ ညိဳမဲမႈေတြကို ေလ်ာ့နည္းသြားေစတာေၾကာင့္

 

တစ္ပတ္မွာ ႏွစ္ႀကိမ္(သို႔မဟုတ္)သံုးႀကိမ္ေလာက္ပံုမွန္ျပဳလုပ္ေပးမယ္ဆို ၾကည္လင္ေတာက္ပတဲ့အသားအေရေလးေတြကို ရရွိပိုင္ဆိုင္လာေစမွာပါ။

 

(၃) ။ေျခေထာက္ေလးေတြကို Exfoliation ျပဳလုပ္ႏိုင္ဖို႔အတြက္ Aspirin ၆ျပား၊၈ပားေလာက္ကို ႀကိတ္ေျခၿပီး သံပုရာရည္နဲ႔ေရာစပ္ပါ။

 

ပ်ားရည္လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းစာေလာက္ထပ္မံေရာစပ္ၿပီးခပ္ပ်စ္ပ်စ္အႏွစ္ေတြရလာၿပီဆိုရင္ေတာ့ ေျခေထာက္အသားမာရွိတဲ့ေနရာေလးေတြကိုထူထူေလးလိမ္းေပးထားပါ။

 

အဓိကေျခဖဝါးနဲ႔ ေျခဖေနာင့္လိုေနရာမ်ိဳးေတြကို ေသခ်ာလိမ္းေပးပါ။ေျခမ်က္စိေနရာကိုလည္းေမ့ထားခဲ့လို႔မရပါဘူး။၁၅မိနစ္ေလာက္ေနရင္ေတာ့ ေရေဆးခ်လို႔ရပါၿပီ။

 

ဒီနည္းလမ္းေလးက ႏူးညံံ့တဲ့ ေျုခဖဝါးႏုႏုေလးကိုတဖန္ရရွိပိုင္ဆိုင္ေစမွာျဖစ္လို႔ အိမ္မွာေနရင္းစမ္းလုပ္ၾကည့္ၾကပါေနာ္။

 

(၄) ။အျပင္ကေနျပန္လာတိုင္း ေရခ်ိဳးျခင္းနဲ႔ ေခါင္းေလွ်ာ္ျခင္းက ဗိုင္းရပ္စ္ေတြကူးစက္ျခင္းကေန အေကာင္းဆံုးကာကြယ္ႏိုင္တဲ့နည္းလမ္းေတြျဖစ္ပါတယ္။

 

မ်က္ႏွာ၊လည္ပင္း၊လက္ေကာက္ဝတ္နဲ႔လက္တို႕ကိုစနစ္တက်သန္႔စင္ေအာင္ေဆးေၾကာပါ။လက္ကိုင္ဖုန္းနဲ႔မ်က္မွန္စတာေတြကိုAlcohol Pad ေလးေတြနဲ႔သန္႔စင္ပါ။

 

က်န္းမာတဲ့ကိုယ္ခံအားစနစ္အတြက္ သင့္တင့္တဲ့စားေသာက္မႈပံုစံနဲ႔ စားေသာက္ပါ။မိမိကိုယ္ကို ဂ႐ုစိုက္ျခင္းဟာ မိမိခြန္အားကို ျပန္လည္ေမြးျမဴျခင္းျဖစ္တာေၾကာင့္ အားလံုးပဲ က်န္းမာေပ်ာ္ရႊင္ၾကပါေစရွင္။

 

Reference:Philadelphia.com

 

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။

Myanmar Wedding Guide

1we

Read times Last modified on Saturday, 28 March 2020 16:45
Rate this item
(0 votes)