ဆံကေသာအတွက် ဂျင်းအသုံးဝင်ပုံ

ဆံကေသာအတွက် ဂျင်းအသုံးဝင်ပုံ Google

ဂျင်း ကဆံသားအတွက် သဘာဝက ပေးတဲ့ ဆေးမြစ်ဖြစ်ပါတယ်။


ဒါကြောင့် ဒီနေ့မှာ ဂျင်းကဆံသာအတွက် ဘယ်လိုမျိုးအထောက်အကူဖြစ်စေနိုင်လဲဆိုတာ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

 

(၁) ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးတယ်

 

ဂျင်းမြစ်မှာ ဆံသားတွေကို အာဟာရဖြစ်စေတဲ့ magnesium, potassium, phosphorous, နဲ့ vitamins တို့ပါဝင်ပါတယ်။

 

ဒီလိုဓာတ်တွေပါတာကြောင့်လည်း ဆံပင်ကျွတ်တာတွေကနေ ကာကွယ်ပေးတာဖြစ်ပါတယ်။ ဂျင်းက ဆံသားအတွက် အကောင်းဆုံးဆေးမြစ်တစ်မျိုးဖြစ်ပါတယ်။

 

(၂) ဗောက်ထတာတွေကို တားဆီးပေးတယ်

 

ဗောက်ထ တာနဲ့ ဆံပင်ကျွတ်တာက တစ်လှည့်စီဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာက ဆဲလ်သေတွေက ဦးရေပြားမှာ ပိတ်မိနေလို့ ၊ ဆံပင်ကျွတ်တာဖြစ်ပါတယ်။

 

ဂျင်းမှာ antimicrobial ဖြစ်စဉ်ပါတာကြောင့် ဗောက်ထတာတွေကို ရပ်တန့်စေသလို ဆံပင်ကျွတ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

 

(၃) ဆံသားခြောက်တာတွေကို သက်သာစေတယ်

 

ဆံသားခြောက်တာက နှစ်ခွဖြစ်စေပြီး ဆံသားတွေ ပျက်လွယ်သွားစေပါတယ်။

 

ဂျင်းက သဘာဝကပေးတဲ့ ဆံပင်ပျော့ဆေးဖြစ်တာကြောင့် ခြောက်သွေ့ကြမ်းတမ်းတာတွေကို ပျော့ပျောင်းသွားစေပါတယ်။

 

ဂျင်းက ဆံသားတွေကို စိုပြေသွားစေပြီး ဆံသားခြောက်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

 

(၄) သွေးလည်ပတ်မှုကောင်းစေတယ်

 

ဂျင်းမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို ပိုကောင်းစေပြီး တင်းမာနေတာတွေကို ပြေလျော့သွားစေနိုင်ပါတယ်။

 

ဒီလို သွေးလည်ပတ်မှု ပိုကောင်းလာတာက ဆံသားကို အာဟာရဖြစ်စေပြီး ဆံပင် သန်လာစေပါတယ်။ သွေးလည်ပတ်မှုကောင်းနေဖို့လိုပါတယ်။

 

(၅) ဆံသားကို အားဖြစ်စေတယ်

 

ဂျင်းမှာ fatty acids လို ဆံသားကို အာဟာရဖြစ်စေတာကြောင့် ဆံသားကျန်းမာရေးကောင်းပြီး သန်စွမ်းလာစေပါတယ်။

 

အကောင်းဆုံးဆံပင်သန်ဆေးတွေရဲ့ ပါဝင်ပစ္စည်းတွေမှာ ဂျင်း ကိုထည့်သုံးကြပါတယ်။ ဆံသားထိန်းသိမ်းဖို့အတွက်ဂျင်းကို အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။

 

ချစ်တို့အနေနဲ့အခုဖော်ပြပေးထားတဲ့အကျိုးအာနိသင်တွေရရှိဖို့က ခေါင်းလျှော်ခါနီးဂျင်းကိုကြိတ်ချေပြီးရရှိလာတဲ့အရည်ကို ဆံကေသာနဲ့ဦးရေပြားအနှံ့လိမ်းထားပေးပြီး

 

နာရီဝက်လောက်နေရင် ခေါင်းလျှော်ချပေးလိုက်ရုံပါပဲနော်။အားလုံးပဲ လှပတဲ့ဆံကေသာလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

 

Zawgyi ဖြင့်ဖတ်ရန်...

 


 






gin






gin1



 




gin2


 








Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 25 February 2020 16:19
Rate this item
(0 votes)
Tagged under