အမာရွတ်ကင်းတဲ့ ခြေထောက်လေးတွေဖြစ်ဖို့

အမာရွတ်ကင်းတဲ့ ခြေထောက်လေးတွေဖြစ်ဖို့ google

အမာရွတ်တွေဟာ တကယ်ကို စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပါတယ်။


ခြေထောက်မှာအမာရွတ်တွေ ရှိနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းလျော့နည်းသလိုစိတ်ကျဉ်းကျပ်ပြီး ရှက်ရွံ့သလိုလည်းခံစားရပါတယ်။

 

ဒါ့ကြောင့် ဒီလိုစိတ်အနှောက်အယှက် ဖြစ်စရာကောင်းလွန်းတဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းသွားစေမယ့်

 

နည်းလမ်းကောင်းလေးတွေကို Myanmar Wedding Guide ကဖော်ပြပေးလိုက်ပါတယ် နော်။

 

၁။ ဗီတာမင် E အဆီ

 

ဗီတာမင် E ဆေးတောင့်လေးမှာ ပါဝင်တဲ့ အဆီလေးကိုဖောက်ထုတ်လိုက်ပါ။

 

ရလာတဲ့အဆီလေးကို အမာရွတ်တွေကို လိမ်းပေးကာ နှိပ်နယ်ပေးကာ ၁၅ မိနစ်ခန့် ထားလိုက်ပါ။

 

ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးလိုက်ရုံပါပဲနော်။

 

၂။ သံပုရာရည်

 

သံပုရာရည်ကို ရေအနည်းငယ်ရောပြီး ဂွမ်းစလေးနဲ့တို့ကာအမာရွတ်ရှိတဲ့ အရေပြားပေါ်ကို ညအိပ်ရာ မဝင်ခင်တိုင်း လိမ်းပေးခြင်းဖြင့်

 

လပိုင်းမှာအမာရွတ်တွေလျော့နည်းပြီးပါးသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

 

၃။ ရှားစောင်းလက်ပက်

 

ရှားစောင်းလက်ပက်ကို ဖြတ်ပြီး အထဲက အနှစ်ကိုထုတ်ယူလိုက်ပါ။ ရလာတဲ့အနှစ်ကိုအမာရွတ်တွေအပေါ် တိုက်ရိုက်လိမ်းပေးလိုက်ပါ။

 

နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့်အမာရွတ်တွေပျောက်ကင်း သက်သာသွားမှာပါနော်။

 

၄။ သခွားသီး

 

သခွားသီးကိုကြိတ်ပြီးရလာတဲ့အနှစ်ကိုသံပုယိုအနည်းငယ်ရောပြီး အမာရွတ်ဖြစ်တဲ့အရေပြားပေါ် လိမ်းပေးလိုက်ပါ။

 

နေ့စဉ်ပုံမှန် ဒီနည်းလမ်းလေးကို ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။

 

၅။ သံလွင်ဆီ

 

သံလွင်ဆီကိုအနည်းငယ်အပူပေးပြီးရလာတဲ့ဆီနွေးနွေးကိုအမာရွတ်တွေပေါ်ကိုလိမ်းပေးကာစက်ဝိုင်းပုံ သဏ္ဍာန်နှိပ်နယ်ပေးပါ။

 

ညအိပ်ရာဝင်ခါနီးတိုင်းပြုလုပ်ပေးခြင်းဖြင့်အမာရွတ်တွေ အမြန်ဆုံးပျောက်ကင်းသွားမှာ ဖြစ်ပါတယ်နော်။

 

 

 

 


 


 


 


 

scare4

 

၁။ ဗီတာမင် E အဆီ

 


 


 


 

scare

 

 

၂။ သံပုရာရည်

 


 


 

scare3

 

၃။ ရှားစောင်းလက်ပက်

 


 


 

scare2

 

၎။ သခွားသီး

 


 


 

scare1

 

၅။ သံလွင်ဆီ

 


 


 

Myanmar Wedding Guide

jjjj

Read times Last modified on Wednesday, 04 March 2020 16:18
Rate this item
(0 votes)
Tagged under