အုန်းဆီကိုအလှအပအတွက် ဘယ်လိုနည်းလမ်းတွေနဲ့သုံးလို့ရနိုင်သလဲ။

အုန်းဆီကိုအလှအပအတွက် ဘယ်လိုနည်းလမ်းတွေနဲ့သုံးလို့ရနိုင်သလဲ။ google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ခေတ်မှာ မိန်းကလေးတိုင်း ငွေကြေးအကုန်အကျနည်းပြီး ထိရောက်မှုရှိတဲ့သဘာဝနည်းလမ်းတွေနဲ့ အသားအရေ ၊ အလှအပ ထိန်းသိမ်းတာကို သဘောကျနှစ်ခြိုက်လာကြပါတယ်။

 

အိမ်တွင်းကုထုံးလေးတွေက ဘေးထွက်ဆိုးကျိုးလည်းနည်းလှပါတယ်။

 

ဒါကြောင့် ဒီနေ့မှာ Myanmar Wedding Guide ကနေ အုန်းဆီကိုအလှအပအတွက် ဘယ်လိုနည်းလမ်းတွေနဲ့သုံးလို့ရလဲဆိုတာကိုဝေမျှပေးချင်ပါတယ်။

 

Cotton Pad နဲ့အုန်းဆီအနည်းငယ်ကို ဆွတ်ပြီးမျက်နှာပေါ်ကမိတ်ကပ်နဲ့မျက်လုံးမှာခြယ်ထားတဲ့ eyeshadow တွေကိုဖျက်ဖို့ မိတ်ကပ်ဖျက်ဆေးအနေနဲ့သုံးပေးလို့ရပါတယ်။

 

တံတောင်ဆစ်နဲ့ ဒူးခေါင်းတို့မှာရှိတဲ့ အသားမာများနဲ့ အမည်းကွက်တွေကို သံပုရာရည်နဲ့အုန်းဆီတို့ကိုဆတူရောစပ်ပြီး သံပုရာခွံနဲ့ပွတ်တိုက်ပေးမယ်ဆို

 

ဆဲလ်သေတွေကိုပါးသွားစေပြီး ကြည်လင်ချောမွေ့တဲ့အသားအရည်လေးကို ရရှိပိုင်ဆိုင်စေနိုင်ပါတယ်။

 

ဆံကေသာပြဿနာတွေဖြေရှင်းရာမှာလည်း အုန်းဆီက တကယ့်ကိုမပါမဖြစ်ပါပဲ။ဦးရေပြားတွေ ခြောက်သွေ့ပြီးယားယံနေရင်ဖြစ်ဖြစ်၊

 

ဆံသားတွေကျိုးကြေနေရင်ပဲဖြစ်ဖြစ် တစ်ညတာအုန်းဆီလိမ်းအိပ်ပြီး ခေါင်းလျှော်ချပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ဆံကေသာအလှကိုပိုင်ဆိုင်စေမှာပါ။

 

အုန်းဆီရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ အစိုဓာတ်ဖြည့်စွမ်းပေးနိုင်ခြင်းပါပဲ။

 

ဒါကြောင့် ခြေထောက်တွေ လက်တွေနဲ့ နှုတ်ခမ်းတွေကိုအုန်းဆီလိမ်းပေးခြင်းဖြင့်လည်း အခုလိုဆောင်းရာသီမှာ အဖြစ်များတတ်တဲ့ ခြေဖနောင့်ကွဲခြင်းနဲ့နှုတ်ခမ်းကွဲခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။

 

Reference:healthline.com

 

 

Zawgyi ျဖင့္ဖတ္ရန္

 

အားလံုးပဲမဂၤလာပါရွင္။ဒီေန႔ေခတ္မွာ မိန္းကေလးတိုင္း ေငြေၾကးအကုန္အက်နည္းၿပီး ထိေရာက္မႈရွိတဲ့သဘာဝနည္းလမ္းေတြနဲ႔ အသားအေရ ၊ အလွအပ ထိန္းသိမ္းတာကို သေဘာက်ႏွစ္ၿခိဳက္လာၾကပါတယ္။

 

အိမ္တြင္းကုထံုးေလးေတြက ေဘးထြက္ဆိုးက်ိဳးလည္းနည္းလွပါတယ္။

 

ဒါေၾကာင့္ ဒီေန႔မွာ Myanmar Wedding Guide ကေန အုန္းဆီကိုအလွအပအတြက္ ဘယ္လိုနည္းလမ္းေတြနဲ႔သံုးလို႔ရလဲဆိုတာကိုေဝမွ်ေပးခ်င္ပါတယ္။

 

nu2

 

Cotton Pad နဲ႔အုန္းဆီအနည္းငယ္ကို ဆြတ္ၿပီးမ်က္ႏွာေပၚကမိတ္ကပ္နဲ႔မ်က္လုံးမွာျခယ္ထားတဲ့ eyeshadow ေတြကိုဖ်က္ဖို႔ မိတ္ကပ္ဖ်က္ေဆးအေနနဲ႔သံုးေပးလို႔ရပါတယ္။

 

တံေတာင္ဆစ္နဲ႔ ဒူးေခါင္းတို႔မွာရွိတဲ့ အသားမာမ်ားနဲ႔ အမည္းကြက္ေတြကို သံပုရာရည္နဲ႔အုန္းဆီတို႔ကိုဆတူေရာစပ္ၿပီး သံပုရာခြံနဲ႔ပြတ္တိုက္ေပးမယ္ဆို

 

 

ဆဲလ္ေသေတြကိုပါးသြားေစၿပီး ၾကည္လင္ေခ်ာေမြ႔တဲ့အသားအရည္ေလးကို ရရွိပိုင္ဆိုင္ေစနိုင္ပါတယ္။

 

nu1

 

ဆံေကသာျပႆနာေတြေျဖရွင္းရာမွာလည္း အုန္းဆီက တကယ့္ကိုမပါမျဖစ္ပါပဲ။ဦးေရျပားေတြ ေျခာက္ေသြ႕ၿပီးယားယံေနရင္ျဖစ္ျဖစ္၊

 

ဆံသားေတြက်ိဳးေၾကေနရင္ပဲျဖစ္ျဖစ္ တစ္ညတာအုန္းဆီလိမ္းအိပ္ၿပီး ေခါင္းေလွ်ာ္ခ်ေပးမယ္ဆိုရင္ က်န္းမာသန္စြမ္းတဲ့ဆံေကသာအလွကိုပိုင္ဆိုင္ေစမွာပါ။

 

အုန္းဆီရဲ႕ေနာက္ထပ္အားသာခ်က္တစ္ခုကေတာ့ အစိုဓာတ္ျဖည့္စြမ္းေပးႏိုင္ျခင္းပါပဲ။

 

 

ဒါေၾကာင့္ ေျခေထာက္ေတြ လက္ေတြနဲ႔ ႏႈတ္ခမ္းေတြကိုအုန္းဆီလိမ္းေပးျခင္းျဖင့္လည္း အခုလိုေဆာင္းရာသီမွာ အျဖစ္မ်ားတတ္တဲ့ ေျခဖေနာင့္ကြဲျခင္းနဲ႔ႏႈတ္ခမ္းကြဲျခင္းေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

 

Reference:healthline.com

 

 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Thursday, 06 February 2020 11:31
Rate this item
(0 votes)
Tagged under