သတို့သမီးလောင်းလေးတွေသိထားသင့်တဲ့ Bridal Makeup Look အကြောင်း

သတို့သမီးလောင်းလေးတွေသိထားသင့်တဲ့ Bridal Makeup Look အကြောင်း google

မိန်းကလေး တစ်ယောက်က မိတ်ကပ်ပြင်ဆင်လိုက်တဲ့အခါ ထူးထူးခြားခြားလေး လှသွားတတ်တယ်

ဆိုပေမယ့် သတို့သမီး တစ်ယောက်အတွက်တော့ မိတ်ကပ်ပြင်လိုက်ရုံနဲ့ စစ်မှန်တဲ့ အလှတရားကို ရနိုင်တာမျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သတို့သမီး တစ်ယောက် ပြင်ဆင်သင့်တဲ့ မိတ်ကပ်ပြင်ဆင်မှု ပုံစံအနေနဲ့ Bridal Makeup Look ဆိုတာက သီးသန့်ရှိနေလို့ပါပဲ။ ဆိုလိုချင်တာကတော့ မိတ်ကပ်ပြင်လိုက်ရုံနဲ့ သတို့သမီးလှလှလေး တစ်ယောက် ဖြစ်မသွားနိုင်ဘဲ Bridal Makeup Look ကို ပြင်ဆင်ခြယ်သထားမှ တကယ့်ကို Princess လေးလို လှတဲ့ သတို့သမီးလေး ဖြစ်မှာပါ။

 

Bridal Makeup Look မှာဆိုရင် ရိုးရိုးပွဲလမ်းသဘင် မိတ်ကပ်ပြင်ဆင်မှုတွေနဲ့ မတူဘဲ သူရဲ့ နည်းစနစ်တွေ၊ သူ့ရဲ့ မှန်ကန်တဲ့ ပုံစံတွေရှိပါတယ်။

 

ဒီ Bridal Makeup Look ဆိုတာ ဘယ်နှခုနှစ်ပဲ ပြောင်းပြောင်း သူ့ Look နဲ့သူတော့ ရှိထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Makeup Look ပေါ်မှာမှ Trend ဆိုတာရှိပါတယ်။ ဒီ Bridal Makeup Look ပေါ်မှာပဲ Eye Shadow များများ ခြယ်တာလား။ မျက်ခုံးမွှေးထူထူ ဆွဲတာလား။ နှုတ်ခမ်းနီ အရောင်တောက်တောက် သုံးတာလား စသဖြင့် Trend ပေါ် မူတည်ပြီးပြောင်းသွားတာမျိုးပါ။

 

ဘယ်လိုမျိုးလဲ ဆိုရင် အမြဲတမ်း Confident ရှိရမယ်။ ပိုပြီးတော့ Comfortable ဖြစ်ရမယ်။ ပါးပါးကြည်ကြည်လေး ဖြစ်ရမယ်။ တစ်နေကုန် နေလို့ကောင်းပြီး တာရှည်ခံတဲ့ မိတ်ကပ်မျိုး ဖြစ်ရမယ်။ ဥပမာ အနည်းဆုံး () နာရီခံတဲ့ မိတ်ကပ် ဖြစ်ရမှာပါ။ သတို့သမီးလေးရဲ့ အသားအရောင်နဲ့ ဝတ်မယ့် ဝတ်စုံအရောင်ပေါ် မူတည်ပြီး Foundation က ပြောင်းသွားတာမျိုးပါ။ ပြီးတော့ အရောင်ခြယ်သမှုတွေ ဖြစ်တဲ့ Eye Shadow Look တွေ၊ မျက်ခုံးမွှေး Look တွေ၊ နှုတ်ခမ်းနီအရောင်တွေကတော့ သူ့ရဲ့ Trend ပေါ်မူတည်ပြီး ပြောင်းလဲသွားတာမျိုးပါ။

 

အခြေခံကတော့ အနည်းဆုံး()နာရီခံတဲ့ မိတ်ကပ် ဖြစ်ရမယ်။ Comfortable ဖြစ်တဲ့ ပါးပါးကြည်ကြည်မျိုးလေးပေါ့။ မျက်တောင်ဆိုရင် တစ်ပင်ချင်းတပ်တဲ့မျက်တောင်မျိုးကို သုံးတယ်။ မျက်တောင်တု အထူကြီးတွေမသုံးပါဘူးနော်။ မျက်ခုံးဆိုရင်လည်း တစ်ပင်ချင်းဆွဲရတာမျိုးပါ။ Eye shadow ဆိုရင်လည်း Strong ဖြစ်မနေပဲ နူးနူးညံ့ညံ့နဲ့ Soft ဖြစ်တဲ့ Smokey Eye လေးပေါ့။ သဘာဝဆန်တဲ့ အပြင်အဆင်ပုံစံမျိုးကိုပြောချင်တာပါ။

 

မြန်မာဝတ်စုံဝတ်တဲ့ သတို့သမီးတွေ အတွက်ကတော့ Traditional Look လေးပြင်ရပါမယ်။ အရှေ့တိုင်းဟန်ဆိုတာက နည်းနည်း Over ဖြစ်တဲ့ အပြင်အဆင်မျိုးကို ပြင်ဆင်ကြတာ ဆိုတော့ Hair and Makeup မှာ လျှော့လိုက်လို့ မရပါဘူး။ မြန်မာဝတ်စုံဆိုရင်လည်း Accessories တွေ များများသုံးပေးရပါတယ်။ Make up Look ဆိုရင်လည်း ပိုပြီးတော့ ပြည့်ပြည့်လေး လိမ်းပေးရမှာပါ။

 

မင်္ဂလာပွဲမှာဆိုရင် သတို့သမီးလေးတွေကို Princess လေးတွေလို့ တင်စားပြီး ခေါ်ကြပါတယ်။ သတို့သမီးလေးတွေ အနေနဲ့ Bridal Makeup Look လေးနဲ့ဆို ကိုယ့်ကိုယ်ကို တကယ့် မင်းသမီးလေးလို ခံစားသွားရမှာ အမှန်ပါပဲနော်။

 

Source : Marry

Myanmar Wedding Guide

Read times Last modified on Wednesday, 26 June 2019 14:21
Rate this item
(0 votes)