ဆံကေသာပြသနာတွေအတွက် အိမ်တွင်းကုထုံးများ

ဆံကေသာပြသနာတွေအတွက် အိမ်တွင်းကုထုံးများ google

ချစ်တို့ရေ မျက်နှာလေးကိုဘယ်လောက်ပဲလှအောင်ပြင်ထားပါစေ။ဆံနွယ်တွေပျက်စီးပြီးကြည့်ရဆိုးနေရင်တော့ အဆင်မပြေနိုင်ပါဘူးနော်။

 

ဒါကြောင့်ဒီနေ့မှာချစ်တို့ရဲ့ဆံကေသာလေးတွေကိုပျက်စီးမှုကင်းပြီးကောင်းခြင်းပြည့်စုံစေဖို့ကြက်ဥသုံးပြီးဆံကေသာကိုကုသနိုင်မယ့်

 

နည်းလမ်းလေးတွေကိုဝေမျှပေးချင်ပါတယ်။ကြက်ဥဟာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်ပါတယ်နော်။

 

(၁) ကြက်ဥ+ကြက်ဆူဆီ

 

ကြက်ဥ နှစ်လုံးကို ခွက်တစ်ခုထဲထည့်ပြီး မွှေနှောက်အောင်ခေါက်ပေးပါ။

 

ပြီးရင်တော့ ကြက်ဆူဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီးရောမွှေပေးပါ။ဆံကေသာနဲ့ဦးရေကိုနှံ့အောင်လိမ်းပေးပြီးမိနစ်၃၀လောက်ကြာအောင်ထားပါ။

 

ပြီးရင်တော့ ခေါင်းလျှော်ချနိုင်ပါပြီ။

 

(၂) ငှက်ပျောသီး၊ ကြက်ဥနဲ့ နွားနို့

 

အရင်ဆုံးငှက်ပျောသီးအမှည့်တစ်လုံးကို ကြိတ်ခြေပြီးတော့ခွက်တစ်ခုထဲထည့်ထားရပါမယ်။

 

နောက်ပြီး ကြက်ဥအကာနှစ်လုံးနဲ့ နွားနို့တစ်ခွက်ကို အတူတူရောထည့်ပြီး ကြိတ်ခြေရပါမယ်။

 

နောက်ပြီးတော့ သံလွင်ဆီ၊ ကြက်ဆူဆီ၊အုန်းဆီကိုယ်ကြိုက်နှစ်သက်ရာတစ်ခုခုကိုရောထည့်ပြီးဆံကေသာနဲ့ဦးရေကိုနှံ့အောင်လိမ်းပေးပါ။

 

မိနစ်၃၀လောက်ကြာအောင်ထားပါ။ပြီးရင်တော့ ခေါင်းလျှော်ချနိုင်ပါပြီ။

 

ငှက်ပျောသီးဟာ ဆံပင်ကိုပျော့ပျောင်းစေပြီး ဆံသားခြောက်တာနဲ့ ဆံသားပျက်စီးတာတွေအတွက် ငှက်ပျောသီးဟာ အကောင်းဆုံးအရာဖြစ်ပါတယ်။

 

(၃)ကုလားပဲမှုန့်၊ ဒိန်ချဉ်နဲ့ ကြက်ဥ

 

ကြက်ဥအကာတစ်လုံးနဲ့ ကုလားပဲမှုန့်စားပွဲတင်ဇွန်း ၂ဇွန်းကို ရောမွှေပေးရပါမယ်။

 

ပြီးရင်တော့ ဒိန်ချဉ်စားပွဲတင်ဇွန်း ၃၊၄ ဇွန်း ( ဆံပင်အတိုအရှည်ပေါ်မူတည်ပြီး )၊ သံပုရာရည်စားပွဲတင်ဇွန်း ၁ဇွန်းတို့ကိုပါ ရောမွှေပေးရပါမယ်။

 

မိနစ်၄၅လောက်ထားပြီးရင်ခေါင်းလျှော်လို့ရပါပြီ။ဒီနည်းလေးကတော့အားနည်းနေတဲ့ဆံသားတွေကို ပြန်လည်ကျန်းမာစေပြီ

 

းသံပုရာသီးက ဗောက်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်နော်။

 

 (၄) ကြက်ဥနဲ့ ရှာလကာရည်

 

ကြက်ဥတစ်လုံးကို ခွက်တစ်ခုထဲထည့်ပြီး ရှာလကာရည်စားပွဲတင်ဇွန်း ၁ဇွန်းနဲ့ သံလွင်ဆီအနည်းထည့်ပြီး ရောမွှေပေးထားပါ။

 

ဆံကေသာနဲ့ဦးရေပြားအနှံ့လိမ်းပြီး နှိပ်နယ်ပေးပါ။အနည်းဆုံး ၄၅မိနစ်ကနေ အများဆုံး၂နာရီထိ ထားပြီး ခေါင်းလျှော်လို့ရပါတယ်။

 

(၅)ကြက်ဥ၊ ပျားရည်းနဲ့ သံလွင်ဆီ

 

ကြက်ဥတစ်လုံးလုံးကို ခွက်တစ်ခုထဲထည့်ပြီး ပျားရည် နဲ့ သံလွင်ဆီစားပွဲတင်ဇွန်း ၂ဇွန်းအနည်းထည့်ပြီး ရောမွှေပေးထားပါ။

 

ဆံကေသာနဲ့ဦးရေပြားအနှံ့လိမ်းပြီး နှိပ်နယ်ပေးပါ။အနည်းဆုံး မိနစ်၃၀လောက် ထားပြီးရင် ခေါင်းလျှော်လို့ရပါပြီနော်။

 

 

 

Zawgyi

 

 


 

 


 


 

(၁) ကြက်ဥ+ကြက်ဆူဆီ

 


 


 


 

 

 ba

 


 


 


 


 


 


 

ba1

 


 


 


 


 


 

ba7

 

(၄) ကြက်ဥနဲ့ ရှာလကာရည်

 


 


 

ba9

 


 


 


 

Myanmar Wedding Guide

jjjj Copy

Top of Form

Read times Last modified on Tuesday, 10 March 2020 16:54
Rate this item
(0 votes)
Tagged under