မျက်နှာအသားအရေထိန်းသိမ်းမှုပိုင်းဆိုင်ရာ လိုက်နာသင့်တဲ့နည်းလမ်းများ(၂)

မျက်နှာအသားအရေထိန်းသိမ်းမှုပိုင်းဆိုင်ရာ လိုက်နာသင့်တဲ့နည်းလမ်းများ(၂) goolge

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို မျက်နှာအသားအရေထိန်းသိမ်းမှုပိုင်းဆိုင်ရာ လိုက်နာသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ပင်ကိုယ်အသားအရေ ကြည်လင်နေမှသာမိတ်ကပ်လိမ်းမထားလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေမှာဖြစ်လို့ အသားအရေကျန်းမာလှပမှုကိုတော့ အချိန်တစ်ခုပေးပြီးထိန်းသိမ်းသင့်ပါတယ်။

အရင်ဦးဆုံးအသားအရေအတွက်ပြုလုပ်ပေးသင့်တဲ့ ထိန်းသိမ်းနည်းလေးတွေကိုဝေမျှပေးချင်ပါတယ်။

6.ရေဓာတ်ဖြည့်တင်းပါ။

ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်မှုကိုက ရေဓာတ်ပါဝင်မှုများတာဖြစ်လို့ အလှအပနဲ့ကျန်းမာရေးအတွက် ရေဓာတ်ဖြည့်တင်းပေးဖို့ တစ်နေ့ကို ရေဖန်ခွက်၈ခွက်လောက်သောက်ပေးဖို့လိုအပ်ပါတယ်။

ဒါ့အပြင် အရည်ရွှမ်းတဲ့ ဖရဲသီး၊သခွားသီး၊ဂရိတ်ဖရုသီး၊စတော်ဘယ်ရီနဲ့လိမ္မော်သီးစတဲ့အသီးအနှံတွေကိုလည်းဖြည့်စွက်စားသုံးပေးပါ။

7.မျက်နှာသစ်ဖို့မပျင်းပါနဲ့။

တစ်နေ့ကို သုံးကြိမ်(သို့မဟုတ်)နှစ်ကြိမ်လောက် ကြက်သီးနွေးရေလေးနဲ့မျက်နှာသစ်ပေးပါ။ဝက်ခြံထွက်နေစဉ်မှာ မျက်နှာသစ်ဆေးအပြင်းစားတွေအစား ဆပ်ပြာအပျော့စားလေးတွေကိုသုံးပြီးမျက်နှာကိုသန့်စင်ပေးပါ။

မျက်နှာသစ်ပြီးသုံးမိနစ်အတွင်း အစိုဓာတ်ဖြည့်ခရင်မ်ပြန်လိမ်းပေးဖို့သတိရပါ။

8.မျက်နှာကိုပုံမှန်ချေးချွတ်ပေါင်းတင်ပေးပါ။

မျက်နှာမှာရှိနေတဲ့ အညစ်အကြေးတွေကို အနက်ရှိုင်းဆုံးအထိသန့်စင်ပေးနိုင် Scrub ကို တစ်ပတ်တစ်ကြိမ်(သို့မဟုတ်)နှစ်ပတ်တစ်ကြိမ်လောက်တော့ ပြုလုပ်ပေးသင့်ပါတယ်။

ဆိုင်ထိသွားဖို့ အချိန်မလုံလောက်တာမျိုးဆိုရင်တောင် ကိုယ့်ရဲ့အိမ်မှာပဲ ကိုယ်ကိုယ်တိုင် Scrub လုပ်လို့ရမယ့်နည်းလမ်းလေးတွေရှိပါတယ်။

ပဲမှုန့် စားပွဲတင်ဇွန်းနှစ်ဇွန်း၊ဆနွှင်းလက်ဖက်ရည်ဇွန်းတစ်ဝက်၊သကြား လက်ဖက်ရည်ဇွန်းသုံးစွန်းနဲ့

နှင်းဆီရည်(သို့မဟုတ်)ပျားရည်တို့ကိုရောစပ်ပြီး ရရှိလာတဲ့ အနှစ်ကို မျက်နှာပြင်အနှံံစက်ဝိုင်းပုံစံအတိုင်း နှိပ်နယ် ပွတ်တိုက်ပေးလို့ရပါတယ်။

9.Mask ကပ်ပေးပါ။

မျက်နှာကို တစ်ပတ်မှာသုံးကြိမ်လောက် မျက်နှာကပ်ခွာကပ်ပေးခြင်းဖြင့်လည်း မျက်နှာအသားအရေအတွက် လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။

ဒါပေမယ့် ကိုယ့်အသားအရေနဲ့ကိုက်ညီမှုရှိတဲ့ မျက်နှာကပ်ခွာကိုရွေးချယ်သုံးစွဲပေးတတ်ဖို့တော့ လိုပါမယ်။

10. စိတ်ဖိစီးမှုတွေနဲ့ကင်းအောင်နေပါ။

လုပ်ငန်းခွင်ကြောင့်ပဲဖြစ်ဖြစ် လူတိုင်းမှာစိတ်ဖိစီးမှုဆိုတာရှိတတ်ကြပါတယ်။ဒါပေမယ့်လည်း စိတ်ဖိစီးမှုတွေတအားများလာမယ်ဆို

ဟော်မုန်းအပြောင်းအလဲတွေပါဖြစ်လာနိုင်တာကြောင့် စိတ်ဖိစီးမှုဆိုတဲ့ အရာကိုလျှော့ချပေးဖို့လိုပါမယ်။

ခရီးတွေထွက်တာပဲဖြစ်ဖြစ်၊အိပ်ခါနီးတရားထိုင်တာပဲဖြစ်ဖြစ် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့်လည်း စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။

Reference: foodndtv.com

ဓာတ်ပုံဆရာ(၈၁)ဦးကိုသိရှိလိုပါက နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလံုးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို မ်က္နွာအသားအေရထိ္န္္းသိမ္းမႈပိုင္းဆိုင္ရာ လိုက္နာသင့္တဲ့နည္းလမ္းေတြကို ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

ပင္ကိုယ္အသားအေရ ၾကည္လင္ေနမွသာမိတ္ကပ္လိမ္းမထားလည္း ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိေစမွာျဖစ္လို႔ အသားအေရက်န္းမာလွပမႈကိုေတာ့ အခ်ိန္တစ္ခုေပးၿပီးထိန္းသိမ္းသင့္ပါတယ္။

အရင္ဦးဆံုးအသားအေရအတြက္ျပဳလုပ္ေပးသင့္တဲ့ ထိန္းသိမ္းနည္းေလးေတြကိုေဝမွ်ေပးခ်င္ပါတယ္။

6.ေရဓာတ္ျဖည့္တင္းပါ။

ခႏၶာကိုယ္ရဲ႕ ဖြဲ႔စည္မႈကိုက ေရဓာတ္ပါဝင္မႈမ်ားတာျဖစ္လို႔ အလွအပနဲ႔က်န္းမာေရးအတြက္ ေရဓာတ္ျဖည့္တင္းေပးဖို႔ တစ္ေန႕ကို ေရဖန္ခြက္၈ခြက္ေလာက္ေသာက္ေပးဖို႔လိုအပ္ပါတယ္။

ဒါ့အျပင္ အရည္ရႊမ္းတဲ့ ဖရဲသီး၊သခြားသီး၊ဂရိိတ္ဖရုသီး၊စေတာ္ဘယ္ရီနဲ႔လိေမၼာ္သီးစတဲ့အသီးအႏွံေတြကိုလည္းျဖည့္စြက္စားသံုးေပးပါ။

7.မ်က္နွာသစ္ဖို႔မပ်င္းပါနဲ႔။

တစ္ေန႔ကို သံုးႀကိမ္(သို႔မဟုတ္)ႏွစ္ႀကိမ္ေလာက္ ၾကက္သီးေႏြးေရေလးနဲ႔မ်က္ႏွာသစ္ေပးပါ။ဝက္ျခံထြက္ေနစဥ္မွာ မ်က္ႏွာသစ္ေဆးအျပင္းစားေတြအစား ဆပ္ျပာအေပ်ာ့စားေလးေတြကိုသံုးၿပီးမ်က္ႏွာကိုသန္႔စင္ေပးပါ။

မ်က္ႏွာသစ္ၿပီးသံုးမိနစ္အတြင္း အစိုဓာတ္ျဖည့္ခရင္မ္ျပန္လိမ္းေပးဖို႔သတိရပါ။

8.မ်က္နွာကိုပံုမွန္ေခ်းခၽြတ္ေပါင္းတင္ေပးပါ။

မ်က္နွာမွာရွိေနတဲ့ အညစ္အေၾကးေတြကို အနက္ရႈိင္းဆံုးအထိသန္႔စင္ေပးႏိုင္ Scrub ကို တစ္ပတ္တစ္ႀကိမ္(သို႔မဟုတ္)ႏွစ္ပတ္တစ္ႀကိမ္ေလာက္ေတာ့ ျပဳလုပ္ေပးသင့္ပါတယ္။

ဆိုင္ထိသြားဖို႔ အခ်ိန္မလံုေလာက္တာမ်ိဳးဆိုရင္ေတာင္ ကိုယ့္ရဲ႕အိမ္မွာပဲ ကိုယ္ကိုယ္တိုင္ Scrub လုပ္လို႔ရမယ့္နည္းလမ္းေလးေတြရွိပါတယ္။

ပဲမႈန္႔ စားပြဲတင္ဇြန္းႏွစ္ဇြန္း၊ဆႏႊင္းလက္ဖက္ရည္ဇြန္းတစ္ဝက္၊သၾကား လက္ဖက္ရည္ဇြန္းသံုးစြန္းနဲ႔

ႏွင္းဆီရည္(သို႔မဟုတ္)ပ်ားရည္တို႔ကိုေရာစပ္ၿပီး ရရွိလာတဲ့ အနွစ္ကိို မ်က္ႏွာျပင္အနွံံစက္ဝိုင္းပံုစံအတိုင္း ႏွိပ္နယ္ ပြတ္တိုက္ေပးလို႔ရပါတယ္။

9.Mask ကပ္ေပးပါ။

မ်က္နွာကို တစ္ပတ္မွာသံုးႀကိမ္ေလာက္ မ်က္ႏွာကပ္ခြာကပ္ေပးျခင္းျဖင့္လည္း မ်က္နွာအသားအေရအတြက္ လိုအပ္ေနတဲ့ အာဟာရဓာတ္ေတြကို ျဖည့္တင္းေပးႏိုင္ပါတယ္။

ဒါေပမယ့္ ကိုယ့္အသားအေရနဲ႔ကိုက္ညီမႈရွိတဲ့ မ်က္ႏွာကပ္ခြာကိုေရြးခ်ယ္သံုးစြဲေပးတတ္ဖို႔ေတာ့ လိုပါမယ္။

10. စိတ္ဖိစီးမႈေတြနဲ႔ကင္းေအာင္ေနပါ။

လုပ္ငန္းခြင္ေၾကာင့္ပဲျဖစ္ျဖစ္ လူတိုင္းမွာစိတ္ဖိစီးမႈဆိုတာရွိတတ္ၾကပါတယ္။ဒါေပမယ့္လည္း စိတ္ဖိစီးမႈေတြတအားမ်ားလာမယ္ဆို

ေဟာ္မုန္းအေျပာင္းအလဲေတြပါျဖစ္လာႏိုင္တာေၾကာင့္ စိတ္ဖိစီးမႈဆိုတဲ့ အရာကုိေလွ်ာ့ခ်ေပးဖို႔လုိပါမယ္။

ခရီးေတြထြက္တာပဲျဖစ္ျဖစ္၊အိပ္ခါနီးတရားထိုင္တာပဲျဖစ္ျဖစ္ ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္လည္း စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္မွာပဲျဖစ္ပါတယ္။

Reference: foodndtv.com

ဓာတ္ပံုဆရာ(၈၁)ဦးကိုသိရွိလိုပါက ႏွိပ္ပါ။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)