ဘီယာအစွမ်းနဲ့လှကြမယ်

ဘီယာအစွမ်းနဲ့လှကြမယ် google

ချစ်တို့ရေ ဘီယာတွေသောက်ပြီးသူငယ်ချင်းတွေကြားထဲ ဘီယာဗိုက်ကြီး ဘီယာဗိုက်ကြီးလို့အခေါ်ခံနေရတဲ့ ချစ်သူတွေဆီက

 

ဘီယာကိုယူပြီးခေါင်းအစခြေအဆုံးအလှပြင်ကြရင်မကောင်းဘူးလား။။သူတို့လည်းဘီယာလျှော့ပြီးသားဖြစ်၊ချစ်တို့လည်းအလှဆုံးဖြစ်၊ဘယ်နှယ့်လဲ။

 

ဒါကြောင့် ဒီနေ့မှာ မင်မင်က ဘီယာသုံးပြီးလှပနိုင်ဖို့နည်းလမ်းကောင်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်နော်။

 

၁။ ဘီယာ ဘီယာ ဘီယာ

 

ပရိုတင်းဓာတ်နဲ့ အန်တီအောင်ဆီဒန့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဘီယာက ချစ်တို့ရဲ့ဆံပင်တွေက အရင်းကနေပြီး ကျန်းမာသန်စွမ်းလာစေနိုင်ပါတယ်။

 

ဆံပင်ခြောက်တာနဲ့ ဆံပင်ကျွတ်တာတွေကိုလည်း ကင်းဝေးစေပြီး အရှည်မြန်ကာ ဆံသားတောက်ပလာစေနိုင်ပါတယ်နော်။

 

ပထမဆုံးခေါင်းလျှော်ပြီးတာနဲ့ဘီယာ (၅၀) ml လောက်ကို Spray ဘူးထဲထည့်ပြီး ဆံပင်မှာဖြန်းပေးပါ။

 

(၁၀) မိနစ်လောက်ထားပြီး ရေနွေးအများကြီးနဲ့ ပြန်ဆေးချပေးပါ။ နောက်ဆုံးမှာတော့ အနံ့မကျန်စေဖို့ ပျော့ဆေးပြန်သုံးပေးပါ။

 

အနည်းဆုံး (၁) ပတ် (၃) ခါလောက်တော့ လုပ်ပေးပါနော်။

 

၂။ ဘီယာနဲ့ ဒိန်ချဉ်

 

ဘီယာနဲ့ ဒိန်ချဉ်အရောအနှောက အသားအရေကိုပြန်လည် တင်းရင်းလာစေပြီး ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပါတယ်။

 

ဘီယာ (၅) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်း၊ သံလွင်ဆီ (၁) ဇွန်းနဲ့ ကြက်ဥအကာတို့ကိုရောပြီး မျက်နှာပေါ် Brush လေးနဲ့လိမ်းပေးပါ။ မိနစ် (၃၀) လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။

 

ချစ်တို့ရေ ဒီည်းလမ်းလေးကိုတော့ တစ်ပတ် (၁) ခါလောက်ပဲ လုပ်ပေးပါ။

 

၃။ ဘီယာနဲ့ စတော်ဘယ်ရီ

 

ဘီယာနဲ့ စတော်ဘယ်ရီကတော့ Exfoliate လုပ်ဖို့သုံးရမှာပါ။ ဘီယာ (၁) ဇွန်းနဲ့ စတော်ဘယ်ရီသီး (၃) လုံးကို မျက်နှာပေါ် Exfoliate လုပ်လို့ရတဲ့အနေအထားထိရောမွှေပေးပါ။

 

(၅-၁၀) မိနစ်လောက်ပွတ်ပေးပြီးရင်တော့ (၁၅) မိနစ်လောက်မျက်နှာပေါ် ဒီတိုင်းထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့မျက်နှာသစ်ပေးပြီး

 

တိုနာသုံးပြီး Moisturizer ပြန်လိမ်းပေးပါ။ တစ်ပတ် (၂) ကြိမ်လောင်တော့ ပုံမှန်ပြုလုပ်ပေးဖို့ လိုပါမယ်။

 

၄။ နို့နဲ့ ဘီယာ

 

နို့နဲ့ ဘီယာအရောအနှောကတော့ ဗောက်နဲ့ ဒက်တို့ကိုပျောက်ကင်းစေပြီး မွဲခြောက်နေတဲ့ချစ်တို့ရဲ့ဆံသားတွေကိုပါ ပြန်လည်တောက်ပလာစေပါတယ်။

 

နို့ (၂) ဇွန်းနဲ့ ဘီယာ (၂) ဇွန်းကိုရောပြီး ဦးရေပြားနဲ့ ဆံသားတွေမှာ သုတ်လိမ်းထားပေးပါ။ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ကိုယ်အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ပဲ

 

ရေပြန်ဆေးချပေးပါ။ တစ်ပတ် (၂) ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးရပါမယ်နော်။ကဲ အာလုံးပဲ ဘီယာကြောင့်လှနိုင်ကြပါစေနော်။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

ခ်စ္တို႔ေရ ဘီယာေတြေသာက္ၿပီးသူငယ္ခ်င္းေတြၾကားထဲ ဘီယာဗိုက္ႀကီး ဘီယာဗိုက္ႀကီးလို႔အေခၚခံေနရတဲ့ ခ်စ္သူေတြဆီက

 

ဘီယာကိုယူၿပီးေခါင္းအစေျခအဆံုးအလွျပင္ၾကရင္မေကာင္းဘူးလား။။သူတို႔လည္းဘီယာေလွ်ာ့ၿပီးသားျဖစ္၊ခ်စ္တို႔လည္းအလွဆံုးျဖစ္၊ဘယ္နွယ့္လဲ။

 

ဒါေၾကာင့္ ဒီေန႔မွာ မင္မင္က ဘီယာသံုးၿပီးလွပႏိုင္ဖို႔နည္းလမ္းေကာင္းေလးေတြကိုေဝမွ်ေပးလိုက္ပါတယ္ေနာ္။

 

beer

 

၁။ ဘီယာ ဘီယာ ဘီယာ 

 

ပ႐ိုတင္းဓာတ္နဲ႔ အန္တီေအာင္ဆီဒန္႔ဓာတ္ႂကြယ္ဝစြာပါဝင္တဲ့ ဘီယာက ခ်စ္တို႔ရဲ႕ဆံပင္ေတြက အရင္းကေနၿပီး က်န္းမာသန္စြမ္းလာေစႏိုင္ပါတယ္။

 

ဆံပင္ေျခာက္တာနဲ႔ ဆံပင္ကၽြတ္တာေတြကိုလည္း ကင္းေဝးေစၿပီး အရွည္ျမန္ကာ ဆံသားေတာက္ပလာေစႏိုင္ပါတယ္ေနာ္။

 

 

ပထမဆံုးေခါင္းေလွ်ာ္ၿပီးတာနဲ႔ဘီယာ (၅၀) ml ေလာက္ကို Spray ဘူးထဲထည့္ၿပီး ဆံပင္မွာျဖန္းေပးပါ။

 

(၁၀) မိနစ္ေလာက္ထားၿပီး ေရေႏြးအမ်ားႀကီးနဲ႔ ျပန္ေဆးခ်ေပးပါ။ ေနာက္ဆံုးမွာေတာ့ အနံ႔မက်န္ေစဖို႔ ေပ်ာ့ေဆးျပန္သံုးေပးပါ။

 

အနည္းဆံုး (၁) ပတ္ (၃) ခါေလာက္ေတာ့ လုပ္ေပးပါေနာ္။

 

beer2


၂။ ဘီယာနဲ႔ ဒိန္ခ်ဥ္

ဘီယာနဲ႔ ဒိန္ခ်ဥ္အေရာအေႏွာက အသားအေရကိုျပန္လည္ တင္းရင္းလာေစၿပီး ဆဲလ္ေသေတြဖယ္ရွားေပးႏိုင္ပါတယ္။

 

ဘီယာ (၅) ဇြန္း၊ ဒိန္ခ်ဥ္ (၁) ဇြန္း၊ သံလြင္ဆီ (၁) ဇြန္းနဲ႔ ၾကက္ဥအကာတို႔ကိုေရာၿပီး မ်က္ႏွာေပၚ Brush ေလးနဲ႔လိမ္းေပးပါ။

 

မိနစ္ (၃၀) ေလာက္ထားၿပီးရင္ေတာ့ ေရေဆးခ်လို႔ရပါၿပီ။ ခ်စ္တို႔ေရ ဒီည္းလမ္းေလးကိုေတာ့ တစ္ပတ္ (၁) ခါေလာက္ပဲ လုပ္ေပးပါ။

beer3

 

၃။ ဘီယာနဲ႔ စေတာ္ဘယ္ရီ


ဘီယာနဲ႔ စေတာ္ဘယ္ရီကေတာ့ Exfoliate လုပ္ဖို႔သံုးရမွာပါ။

 

ဘီယာ (၁) ဇြန္းနဲ႔ စေတာ္ဘယ္ရီသီး (၃) လံုးကို မ်က္ႏွာေပၚ Exfoliate လုပ္လို႔ရတဲ့အေနအထားထိေရာေမႊေပးပါ။

 

(၅-၁၀) မိနစ္ေလာက္ပြတ္ေပးၿပီးရင္ေတာ့ (၁၅) မိနစ္ေလာက္မ်က္ႏွာေပၚ ဒီတိုင္းထားလိုက္ပါ။

 

ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ေပးၿပီး တိုနာသံုးၿပီး Moisturizer ျပန္လိမ္းေပးပါ။ တစ္ပတ္ (၂) ႀကိမ္ေလာင္ေတာ့ ပံုမွန္ျပဳလုပ္ေပးဖို႔ လိုပါမယ္။

 

beer1

၄။ ႏို႔နဲ႔ ဘီယာ

ႏို႔နဲ႔ ဘီယာအေရာအေႏွာကေတာ့ ေဗာက္နဲ႔ ဒက္တို႔ကိုေပ်ာက္ကင္းေစၿပီး မြဲေျခာက္ေနတဲ့ခ်စ္တို႔ရဲ႕ဆံသားေတြကိုပါ ျပန္လည္ေတာက္ပလာေစပါတယ္။

 

ႏို႔ (၂) ဇြန္းနဲ႔ ဘီယာ (၂) ဇြန္းကိုေရာၿပီး ဦးေရျပားနဲ႔ ဆံသားေတြမွာ သုတ္လိမ္းထားေပးပါ။ မိနစ္ (၂၀) ေလာက္ထားၿပီးရင္ေတာ့

 

ကိုယ္အသံုးျပဳေနက် ေခါင္းေလွ်ာ္ရည္နဲ႔ပဲ ေရျပန္ေဆးခ်ေပးပါ။ တစ္ပတ္ (၂) ႀကိမ္ေလာက္ေတာ့ ပံုမွန္လုပ္ေပးရပါမယ္ေနာ္။

 

ကဲ အာလံုးပဲ ဘီယာေၾကာင့္လွနိုင္ၾကပါေစေနာ္။

 

Myanmar Wedding Guide

 


3

Read times Last modified on Monday, 24 February 2020 16:33
Rate this item
(0 votes)
Tagged under