Lotion ပုံမှန်လိမ်းခြင်းရဲ့ကောင်းကျိုးများ...

Lotion ပုံမှန်လိမ်းခြင်းရဲ့ကောင်းကျိုးများ... google

အားလုံးပဲမင်္ဂလာပါရှင့်။ဆောင်းရာသီရောက်တာနဲ့စပြီးအဆင်မပြေသလိုခံစားရတာကအသားအရေတွေခြောက်သွေ့ပြီးယားယံလာတာပါပဲ။

 

အခုလိုဆောင်းကာလမှာမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ်အသားအရေကိုသေချာလေးထိန်းသိမ်းပေးဖို့လိုအပ်ပါတယ်။

 

ဆောင်းဥတုမှာအရေပြားကိုအများဆုံးထိခိုက်စေနိုင်တာကနေရောင်ခြည်ဖြစ်တာကြောင့်အရေပြားကိုကာကွယ်ဖို့အတွက် Lotion လေးတွေကိုလိမ်းပေးသင့်ပါတယ်။

 

Lotion ကိုမိန်းကလေးတိုင်းနီးပါးလိမ်းကြပေမယ့်ယောကျ်ားလေးတော်တော်များများကတော့သိပ်ပြီးလိမ်းလေ့လိမ်းထမရှိကြပါဘူး။

 

ဒါပေမယ့်Lotionကအသားဖြူဖို့သီးသန့်မဟုတ်ဘဲတခြားအထောက်အကူပြုတာတွေရှိတာကြောင့်ယောက်ျားလေးတွေအနေနဲ့လည်းလိမ်းပေးသင့်ပါတယ်နော်။

 

Lotionလိမ်းခြင်းဟာအသားရေခြောက်သွေ့ခြင်း၊နေလောင်ဒဏ်ရာတွေ၊အသားရေယားယံခြင်း၊ထိခိုက်ဒဏ်ရာတစ်ချို့ကိုပျောက်ကင်းနိုင်စေပါတယ်။Lotionဝယ်တဲ့အခါမှာ ingredients တွေကိုသေချာရွှေးချယ်ဝယ်ယူသင့်ပါတယ်။

 

Lotion ဝယ်ရင် Moisturizing , SPF 50++တို့ပါတာကိုရွှေးချယ်ဝယ်ယူသင့်ပြီးAlcoholတအားများတာမျိုးကိုမရွေးချယ်သင့်ပါဘူးနော်။Lotion ကိုသာမာန်အပြင်သွားခါနီးမှ လိမ်းတာထက်

 

မနက်ပိုင်း မျက်နှာသစ်ရေချိုးပြီး ရေသုပ်ပြီး (၅) မိနစ်လောက်ကြာတဲ့အခါမှာ လိမ်းခြင်းဟာ အသားထဲကိုပိုမို့စိမ့်ဝင်နိုင်ပြီး အသားရေကိုပိုမိုကောင်းမွန်စေပါတယ်။

 

Lotion ကိုတစ်နေ့နှစ်ကြိမ်အသုံးပြုလို့ရပြီး မနက်ရေချိုးပြီးတစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ်အသုံးပြုခြင်းဟာ အသားရေအတွက် ပိုမိုကောင်းမွန်စေပါတယ်။

 

Lotionလိမ်းတဲ့အခါ လက်ချည်းပဲမဟုတ်ဘဲ ခြေထောက်တွေကိုလဲလိမ်းပေးသင့်ပါတယ်။ညအိပ်ခါနီး ခြေထောက်ကို Lotion လိမ်းပြီးအိပ်ခြင်းဟာ ခြေထောက်ကိုအေးမြစေပြီး သွေးလည်ပတ်မူအားလည်း ပိုမိုကောင်းမွန်စေပြီး လန်းဆန်းမှုကိုပေးပါတယ်။

 

ဒါပေမယ့် Date ကျော်နေတဲ့ Lotion တွေ alcohol အရမ်းများတဲ့ Lotion တွေလိမ်းမိရင်တော့ အသားအရေကို နေရောင်ခြည်ထက်ပိုမိုပျက်စီးနိုင်တာကြောင့် သတိထားပေးပါနော်။

 

နောက်ထပ် မပြုလုပ်သင့်ဆုံးတစ်ချက်ကတော့ Body Lotion ကို မျက်နှာမှလုံးဝမလိမ်းသင့်ပါ။

 

Reference-gel-nails.com

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 

Lotionကိုမိန်းကလေးတိုင်းနီးပါးလိမ်းကြပေမယ့်ယောက်ျားလေးတော်တော်များများကတော့သိပ်ပြီးလိမ်းလေ့လိမ်းထမရှိကြပါဘူး။

 


 


 


 


 


 


 


 


 



 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Friday, 14 February 2020 16:17
Rate this item
(0 votes)
Tagged under