Glow Skin ရဖို့အတွက် စားသုံးပေးသင့်တဲ့ ဖြည့်စွက်အစားအစာများ.....
Glow Skin ရဖို့အတွက် စားသုံးပေးသင့်တဲ့ ဖြည့်စွက်အစားအစာများ..... google
ခေတ်ရေစီးကြောင်းအရ Glow Skin ဆိုတာလူငယ်တွေကြားမှာတော်တော်လေး Trend ဖြစ်နေတဲ့ ဝေါဟာရလေးဖြစ်ပါတယ်နော်။
နူးညံ့တောက်ပပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေရရှိဖို့အတွက် ခန္ဓာကိုယ်ပြင်ပကနေသာမက ခန္ဓာကိုယ်အတွင်းကနေအာဟာရဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ Glow Skin ရရှိဖို့အထောက်အကူပေးနိုင်တဲ့ အစားအစာတွေအကြောင်းကို Myanmar Wedding Guide ပရိတ်သတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။
(၁) ထောပတ်သီး
ထောပတ်သီးဟာ အသားအရေကို နူးညံ့စေရုံသာမက ရေဓာတ်လည်း ဖြည့်တင်းပေးပါတယ်
ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ထောပတ်သီးကို ရောမွှေပြီး အစိုဓာတ်ဖြည့် Mask အဖြစ်သုံးပေးမယ်ဆိုရင် အသားအရည်ကိုဝင်းဖန့်စိုပြေစေလာမှာပဲဖြစ်ပါတယ်။
(၂) လိမ္မော်သီး
လိမ္မော်သီးရဲ့အခွံဟာ အတွင်းကအသားထက် Vitamin-C ပိုမိုကြွယ်ဝပါတယ်။သူ့မှာ Antimicrobial နဲ့ Antibacterial ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ကြည်လင်ပြီးတောက်ပတဲ့ အသားအရေကို ပေးစွမ်းနိုင်ပါတယ်။
လိမ္မော်ခွံမှုန့် စားပွဲတင်ဇွန်း၁ဇွန်း ၊ ဒိန်ချဉ် စားပွဲတင်ဇွန်း၂ဇွန်း ၊ စန္ဒကူးမှုန့် စားပွဲတင်ဇွန်း၁ဇွန်း နဲ့ လိမ္မော်ရည် (သို့) နှင်းဆီရည် အစက်အနည်းငယ် ရောစပ်ပြီး Mask အဖြစ် အသုံးပြုပေးမယ်ဆိုကြည်လင်တောက်ပတဲ့အသားအရေလေးကို ပိုင်ဆိုင်စေမှာပါ။
(၃) ရွှေဖရုံသီး
ရွှေဖရုံသီးမှာတော့ Antioxidants, Vitamin A, Vitamin C နဲ့ ဓာတ်သတ္တုတွေ ပါဝင်ပါတယ်။ဇင့်
ဓာတ်ကြွယ်ဝတဲ့ ရွှေဖရုံသီးဟာ ဆဲလ်အသစ်တွေနဲ့ အဆီဓာတ်ထုတ်လုပ်ရာမှာ ကူညီပေးပြီးတော့ အသားအရေကောင်းမွန်စေပြီး ချွေးပေါက်လေးတွေကို ကျဉ်းစေပါတယ်။
DIY face mask အနေနဲ့ ရွှေဖရုံသီး စားပွဲတင်ဇွန်း၃ဇွန်း ၊ ပျားရည် စားပွဲတင်ဇွန်းတစ်ဝက် နဲ့ နွားနို့
စားပွဲတင်ဇွန်းတစ်ဝက်ကို ရောစပ်ပြီး ၁၅မိနစ်ကနေ မိနစ်၂၀ခန့်ထားပြီး အသုံးပြုပေးနိုင်ပါတယ်။
(၄) ခရမ်းချဉ်သီး
ဗီတာမင်နဲ့ သတ ္တုဓာတ်တွေပါဝင်တဲ့ ခရမ်းချဉ်သီးမှာ Vitamin A, K, B1, B3, B5, B6, B7 နဲ့ Vitamin C တို့ ပါဝင်ပါတယ်။၎င်းမှာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့ Antioxidant
ပါဝင်တာကြောင့် အလှအပအတွက် အကောင်းဆုံးအရာတစ်ခု ဖြစ်နေတာပါ။
အက်ဆစ်ဓာတ်လည်း ကြွယ်ဝတဲ့ ခရမ်းချဉ်သီးဟာ မျက်နှာပေါ်က ချွေးပေါက်တွေကို ကျဉ်းစေပြီး
ဝက်ခြံမဖြစ်အောင် တားဆီးပေးပါတယ်နော်။
(၅) စတော်ဘယ်ရီ
ဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးတဲ့ စတော်ဘယ်ရီဟာ ကော်လဂျင်ဓာတ်ထုတ်လုပ်မှုကို တိုးစေပြီး ဗီတာမင်စီပါဝင်တာကြောင့် အရေးအကြောင်းတွေကိုပါ ပျောက်ကင်းစေပါတယ်။
သူ့မှာပါဝင်တဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ် ကလည်း အသားအရေကို ကြည်လင်စေပါတယ်။
Cocoa powder စားပွဲတင်ဇွန်း၁ဇွန်း ၊ ပျားရည် စားပွဲတင်ဇွန်း၁ဇွန်း နဲ့ ကြိတ်ချေထားသော စတော်ဘယ်ရီတို့ကို ရောမွှေပြီး မျက်နှာပေါ်မှာ ၁၅မိနစ်ခန့်ထားလိုက်မယ်ဆိုရင်တော့ Glow Skin လေးရရှိမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်...
avo
(၁) ထောပတ်သီး
avo2
(၂) လိမ္မော်သီး
avo3
(၃) ရွှေဖရုံသီး
avo1
(၄) ခရမ်းချဉ်သီး
avo4
(၅) စတော်ဘယ်ရီ
Myanmar Wedding Guide
jjjj
Read times Last modified on Friday, 14 February 2020 16:34
Rate this item
(0 votes)
Tagged under