သဘာဝမှဲ့ခြောက်ပျောက်မျက်နှာကပ်ခွာ

သဘာဝမှဲ့ခြောက်ပျောက်မျက်နှာကပ်ခွာ google

ဝက်ခြံပြီးရင်မိန်းကလေးတွေကို စိတ်ညစ်စရာကောင်းလောက်အောင် ဒုက္ခပေးတဲ့အရာကတော့ မှဲ့ခြောက်ပါပဲနော်။မှဲ့ခြောက်ဟာ တစ်ခါဖြစ်ပြီးသွားရင် မျက်နှာပေါ်က ပျောက်ကင်းဖို့ တော်တော်ခက်ခဲပါတယ်။


ဒါကြောင့် ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို မှဲ့ခြောက်တွေကို သိသာထင်ရှားစွာ လျော့ပါးသက်သာသွားစေမယ့် အိမ်တွင်းကုထုံးလေးတစ်ခုကိုဝေမျှပေးချင်ပါတယ်။


လိုအပ်တာလေးတွေက သံပုယိုရည် အနည်းငယ်နဲ့ သကြားစားပွဲတင်ဇွန်း ၁ဇွန်းတု့ိပဲ ဖြစ်ပါတယ်။


ပြုလုပ်နည်းလေးကတော့သန့်ရှင်းတဲ့ပန်းကန်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို အတူတကွ ရောစပ်ထည့်ပါ။ ပြီးရင် မျက်နှာပေါ်မှာ သုတ်လိမ်းပါ။မှဲ့ခြောက်နေရာတစ်ဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။ခြောက်သွေ့အောင်ထားပြီး


မျက်နှာကို ရေဖြင့်စင်ကြယ်စွာ ဆေးကြောပေးပါ။တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးမယ်ဆို သိသာတဲ့ရလဒ်ကိုရရှိစေမှာပါနော်။

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 

လိုအပ်တာလေးတွေက သံပုယိုရည် အနည်းငယ်နဲ့ သကြားစားပွဲတင်ဇွန်း ၁ဇွန်းတို့ပဲ ဖြစ်ပါတယ်။

 


 


 

su1

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 14 February 2020 16:29
Rate this item
(1 Vote)
Tagged under