နှင်းဆီရည်ကိုသုံးပြီး ဆားဝက်ခြံတွေကို ဖယ်ရှားရအောင်။

နှင်းဆီရည်ကိုသုံးပြီး ဆားဝက်ခြံတွေကို ဖယ်ရှားရအောင်။ google

အားလုံးပဲ မင်္ဂလာပါရှင့်။ဒီနေ့လေးမှာတော့ ဆားဝက်ခြံကြောင့် စိတ်အနှောက်အယှက်ဖြစ်နေကြတဲ့ ပရိတ်သတ်တွေအတွက် ဆားဝက်ခြံတွေကိုသက်သာပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးလေးတစ်ခုကိုဝေမျှပေးချင်ပါတယ်နော်။

 

ဆားဝက်ခြံ သက်သာစေတဲ့နည်းတွေကတော့ အများကြီးရှိပေမယ့် အခု Myanmar Wedding Guide ကဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူရိုးရှင်းပြီးဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။

 

ပထမဦးဆုံး လုပ်ရမှာကတော့ သခွားသီးကို အကွင်းပုံစံ လှီးလိုက်ပါ။ တစ်ခုဆို လုံလောက်ပါပြီ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ။ ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။

 

လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ်ပေးပါ မိနစ်အနည်းငယ်ကြာ ဖိကပ်ထားပေးပါ။

 

ဒီလိုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့အတွက် ပိုပြီး အထောက်အကူဖြစ်ပါတယ်။ပြီးရင်တော့ သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ။

 

အနည်းဆုံး ၅မိနစ် နှင့်အထက် သကြားများ အရည်ပျော်သည်အထိ ပွတ်ပေးရပါမယ်။ ပွတ်ပြီးသွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ။ ထို့နောက် ချွေးပေါက်ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ။

 

နှင်းဆီရည် ပြုလုပ်ပုံကိုပါ တစ်ခါတည်းဖော်ပြပေးချင်ပါတယ်။

 

အရင်ဆုံးနှင်းဆီပွင့်ဖက်များကို သန့်ရှင်းသော ဇလုံတစ်လုံးထဲသို့ ခြွေထည့်ပါ။ခြွေပြီးသား ပွင့်ဖက်များကို ရေသန့်သန့်နှင့် ဆေးပါ။ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေးဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ။

 

အအေးခံပြီးတော့ ပွင့်ဖက်များမပါအောင် အငွေ့လုံသော ဘူးသန့်သေးသေး တစ်လုံးထဲသို့ လောင်းထည့်ပါ။အားလုံးပြီးရင်တော့ နှင်းဆီရေအဖြစ် အသုံးပြုနိုင်ပါပြီ။

 

တစ်ခါလုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ။

 

နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင် သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

အားလံုးပဲ မဂၤလာပါရွင့္။ဒီေန႔ေလးမွာေတာ့့ ဆားဝက္ျခံေၾကာင့္ စိတ္အေနွာက္အယွက္ျဖစ္ေနၾကတဲ့ ပရိတ္သတ္ေတြအတြက္ ဆားဝက္ျခံေတြကိုသက္သာေပ်ာက္ကင္းေစမယ့္ အိမ္တြင္းကုထံုးေလးတစ္ခုကိုေဝမွ်ေပးခ်င္ပါတယ္ေနာ္။

 

ဆားဝက္ၿခံ သက္သာေစတဲ့နည္းေတြကေတာ့ အမ်ားႀကီးရွိေပမယ့္ အခု Myanmar Wedding Guide ကေဖာ္ျပေပးမယ့္ နည္းလမ္းေလးကေတာ့ လြယ္ကူ႐ိုးရွင္းၿပီးဆားဝက္ၿခံကို ေပ်ာက္ကင္းေစ႐ုံသာမက အသားအေရကို ျဖဴဝင္းၿပီး စိုေျပလာေစပါတယ္။

 

ပထမဦးဆုံး လုပ္ရမွာကေတာ့ သခြားသီးကို အကြင္းပုံစံ လွီးလိုက္ပါ။ တစ္ခုဆို လုံေလာက္ပါၿပီ။ ၿပီးလွ်င္ အေပၚမွ သၾကားျဖဴးလိုက္ပါ။ ဒါဆိုရင္ေတာ့ ႏွာေခါင္းေပၚက ဆားဝက္ၿခံေတြကို ဖယ္ရွားဖို႔အတြက္ အဆင္သင့္ျဖစ္ပါၿပီ ။

 

လက္ကိုင္ပုဝါ (သို႔)အဝတ္သန႔္သန႔္ကို ေရေႏြးေႏြးထဲမွာစိမ္ၿပီး ဆားဝက္ၿခံရွိတဲ့ ႏွာေခါင္းေပၚမွာ ဖိကပ္ေပးပါ မိနစ္အနည္းငယ္ၾကာ ဖိကပ္ထားေပးပါ။

 

ဒီလိုလုပ္ျခင္းအားျဖင့္ ေခြၽးေပါက္ေတြကို က်ယ္ေစၿပီး ဆားဝက္ၿခံ ဖယ္ရွားႏိုင္ဖို႔အတြက္ ပိုၿပီး အေထာက္အကူျဖစ္ပါတယ္။ၿပီးရင္ေတာ့ သၾကားျဖဴးထားေသာ သခြားသီးျဖင့္ ႏွာေခါင္းကို ပြတ္ေပးပါ။

 

 

အနည္းဆုံး ၅မိနစ္ ႏွင့္အထက္ သၾကားမ်ား အရည္ေပ်ာ္သည္အထိ ပြတ္ေပးရပါမယ္။ ပြတ္ၿပီးသြားလွ်င္ေတာ့ ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ။

 

ထို႔ေနာက္ ေခြၽးေပါက္က်ဥ္းသြားေအာင္ တိုနာ (သို႔) ႏွင္းဆီရည္ျဖင့္ ႏွာေခါင္းကို လိမ္းေပးပါ။

 

cu1

 

ႏွင္းဆီရည္ ျပဳလုပ္ပုံကိုပါ တစ္ခါတည္းေဖာ္ျပေပးခ်င္ပါတယ္။

 

အရင္ဆံုးႏွင္းဆီပြင့္ဖက္မ်ားကို သန႔္ရွင္းေသာ ဇလုံတစ္လုံးထဲသို႔ ေႁခြထည့္ပါ။ေႁခြၿပီးသား ပြင့္ဖက္မ်ားကို ေရသန႔္သန႔္ႏွင့္ ေဆးပါ။ေဆးၿပီးသား ပြင့္ဖက္မ်ားထဲသို႔ ေရေႏြးဆူဆူတစ္ခြက္ ေလာင္းထည့္ၿပီး ၅ မိနစ္ခန႔္ေမႊပါ။

 

အေအးခံၿပီးေတာ့ ပြင့္ဖက္မ်ားမပါေအာင္ အေငြ႕လုံေသာ ဘူးသန႔္ေသးေသး တစ္လုံးထဲသို႔ ေလာင္းထည့္ပါ။အားလံုးၿပီးရင္ေတာ့ ႏွင္းဆီေရအျဖစ္ အသုံးျပဳႏိုင္ပါၿပီ။

 

cu2

 

တစ္ခါလုပ္႐ုံျဖင့္ သိသိသာသာကို ဆားဝက္ၿခံေတြ မရွိေတာ့တာ ျမင္ေတြ႕ရမွာပါ။

 

 

ေန႔စဥ္ပုံမွန္ လုပ္ေပးမယ္ဆိုရင္ေတာ့ အသားအေရကို ၾကည္လင္ သန႔္စင္လာေစၿပီး ေခြၽးေပါက္ေတြက်ဥ္းသြားကာ ဆားဝက္ၿခံမ်ား ေနာက္ထပ္ မျဖစ္ေပၚေအာင္ ကာကြယ္ၿပီးသား ျဖစ္ေနမွာပါ။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 13 February 2020 16:17
Rate this item
(0 votes)
Tagged under