ဒီဝါကျွတ်မှာ စေ့စပ် လက်မှတ်ထိုးမယ့် သတို့သမီးလေးတို့ မိတ်ကပ်လိမ်းတဲ့အခါ

ဒီဝါကျွတ်မှာ စေ့စပ် လက်မှတ်ထိုးမယ့် သတို့သမီးလေးတို့ မိတ်ကပ်လိမ်းတဲ့အခါ Google

ခုကာလက မင်္ဂလာပွဲကြီးတွေ ကျင်းပလို့ မရသေးဘူးဆိုပေမယ့် စေ့စပ်ပွဲလုပ်တာ၊ မင်္ဂလာလက်မှတ်ရေးထိုးတာမျိုးတော့ လုပ်လို့ ရပါတယ်နော်။

 

ဒီဝါကျွတ်မှာ အဲဒီလို စေ့စပ် လက်မှတ်ထိုးမယ့် သတို့သမီးလေးတို့ မိတ်ကပ်ပြင်ဆင်တဲ့အခါ ဂရုစိုက်ရမှာတွေ ရှိတယ်နော်။ မိတ်ကပ်ဆရာတော့ ကိုယ့်အိမ်ဆီ ခေါ်ပြင်တာမျိုးတော့ လုပ်ရမှာပေါ့နော်။ အဲဒီနေ့မှာ အဆင်ပြေဖို့အတွက် ခုကတည်းက ဘာတွေ ဂရုစိုက်ထားရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

 

ကြိုတင်ပြင်ဆင်ထားရမယ့် အချက်
သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မှာ လှနေချင်တယ်ဆိုရင်တော့ အသားအရည်ကို အထူး ထိန်းသိမ်းထားဖို့ လိုပါတယ်။ အသားအရည် မကြည်လင်တဲ့အခါမှာ ရွေးထားတဲ့ ဝတ်စုံနဲ့ မလိုက်ဖက်တော့သယောင်တောင် ဖြစ်နိုင်ပါတယ်။ ဒီတော့ အသားအရည်ကို ကြိုတင်ပြီး ထိန်းသိမ်းထားပါ။ ဒါမှ မိတ်ကပ်ဆရာက လိမ်းပေးဖို့ အဆင်ပြေမှာပါ။ မင်္ဂလာပွဲနီးမှ မျက်နှာကို ဂရုစိုက်တာမျိုး မဟုတ်ဘဲ မင်္ဂလာပွဲ မတိုင်ခင် အနည်းဆုံး(၁) လလောက်အလိုကတည်းက ကြိုတင်ပြီး ပေါင်းတင်တာမျိုး လုပ်ထားပါ။ အသားအရည်ပေါ် မူတည်ပြီး မိတ်ကပ်ရဲ့ လှပမှုကလည်း ကွာခြားသွားနိုင်ပါတယ်။

 

မိတ်ကပ်လိမ်းတဲ့အခါ
မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်ဆရာ စိတ်အနှောင့်အယှက် ဖြစ်စေမယ့် စကားတွေ၊ အပြုအမူတွေ မလုပ်ပါနဲ့နော်။ ကိုယ့်ကို ပြင်ပေးမယ့် မိတ်ကပ်ဆရာအပေါ်မှာ ယုံကြည်ချက်ထားပါ။ ပြောစကား နားထောင်ပေးပါ။ မိတ်ကပ်ဆရာကို မယုံကြည်နေတဲ့အပြုအမူမျိုး၊ တခြားသူတွေနဲ့ စကားပြောနေတာမျိုး မလုပ်ပါနဲ့နော်။

 

မိတ်ကပ်အစမ်းလိမ်းတဲ့အခါ
အခုနောက်ပိုင်းမှာ မိတ်ကပ်ကို မင်္ဂလာဆောင်တဲ့နေ့မှာမှ ပြင်ဆင်မြင်တွေ့ခွင့် ရတာမျိုး မဟုတ်ပါဘူးနော်။ မင်္ဂလာမဆောင်ခင်မှာ မိတ်ကပ်အစမ်းလိမ်းတာမျိုး ရှိလာပါပြီ။ အဲဒီတော့ ပွဲနေ့အတွက် မိတ်ကပ်ကို အစမ်းလိမ်းပါ။ အစမ်းလိမ်းပေးမယ့်သူဆီမှာပဲ မိတ်ကပ်အပ်ပါ။ ဒါက ပိုပြီး စိတ်ချယုံကြည်မှု ရှိနေစေမှာပါ။

 

Tip
သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့ မိတ်ကပ်လှဖို့အတွက် အဓိက အချက် (၂) ရှိပါတယ်။ အဲဒါကတော့ အသားအရည် လှပဖို့နဲ့ မိတ်ကပ်ဆရာ ရွေးချယ်မှု မှန်ကန်ဖို့ပါ။ အသားအရေ ကောင်းမွန်အောင် သေချာလုပ်ဆောင်ပြီး မိတ်ကပ်ဆရာ ရွေးချယ်မှု မှန်ကန်အောင် Review များများ ဖတ်ပါ။ စီနီယာသတို့သမီးတွေရဲ့ မိတ်ကပ် အပြင်အဆင်တွေကို လေ့လာပါ။ ဒါမှ ကိုယ့်အတွက် အကောင်းဆုံး မိတ်ကပ်ဆရာ ရရှိမှာပါ။

 

 

Source: Aunty May

Read times
Rate this item
(0 votes)