မျက်နှာအသားအရေထိန်းသိမ်းမှုပိုင်းဆိုင်ရာ လိုက်နာသင့်တဲ့နည်းလမ်းများ(၁)

မျက်နှာအသားအရေထိန်းသိမ်းမှုပိုင်းဆိုင်ရာ လိုက်နာသင့်တဲ့နည်းလမ်းများ(၁) google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို မျက်နှာအသားအရေထိန်းသိမ်းမှုပိုင်းဆိုင်ရာ လိုက်နာသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ပင်ကိုယ်အသားအရေ ကြည်လင်နေမှသာမိတ်ကပ်လိမ်းမထားလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေမှာဖြစ်လို့ အသားအရေကျန်းမာလှပမှုကိုတော့ အချိန်တစ်ခုပေးပြီးထိန်းသိမ်းသင့်ပါတယ်။

အရင်ဦးဆုံးအသားအရေအတွက်ပြုလုပ်ပေးသင့်တဲ့ ထိန်းသိမ်းနည်းလေးတွေကိုဝေမျှပေးချင်ပါတယ်။

 

1.မိတ်ကပ်ဖျက်ဖို့အချိန်ပေးပါ။

မိတ်ကပ်လိမ်းချယ်ပြီးတဲ့အချိန်တိုင်း မျက်နှာပေါ်ကမိတ်ကပ်တွေကို ကုန်စင်အောင်ဖျက်ပေးဖို့လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မျက်နှာမှာရှိတဲ့ချွေးပေါက်တွေထဲမှာ မိတ်ကပ်တွေနဲ့ဖုန်မှုန့် အညစ်အကြေးတွေ ကြွင်းကျန်ရစ်တာတွေများလာတဲ့အခါ ဆားဝက်ခြံနဲ့အဆီဖုတွေထွက်လာတတ်လို့ပဲဖြစ်ပါတယ်။

တကယ်လို့ မိတ်ကပ်ဖျက်ဆေး အလွယ်တကူရှိမနေဘူးဆိုရင်တောင် သံလွင်ဆီအနည်းငယ်ကို Cotton Pad မှာစွတ်ပြီး မျက်နှာမှာရှိတဲ့မိတ်ကပ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

 

2.နေရာင်ခြည်ကို ဂရုစိုက်ပါ။

အပြင်ထွက်တဲ့အခါတိုင်း အနည်းဆုံး SPF15 လောက်ပါဝင်တဲ့ Suncream တစ်မျိုးမျိုးလိမ်းပေးပြီးမှထွက်သင့်ပါတယ်။ထီး၊ဦးထုတ် စတဲ့အကာအကွယ်တွေကိုဆောင်ပေးပါ။

နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုများလာတဲ့အခါ အသားအရေမှာ တင်းတိတ်နဲ့မှဲ့ခြောက်တွေအပြင်တခြားသောအရေပြားပြဿနာတွေပါဖြစ်ပွားလာတတ်တာကြောင့် Suncream ကိုမဖြစ်မနေလိမ်းပေးပါ။

 

3.အစားအသောက်ကို ထိန်းသိမ်းပါ။

ခန္ဓာကိုယ်အပြင်ပိုင်းသာမကအတွင်းပိုင်းကပါဂရုတစိုက်စားသောက်နေထိုင်မှသာကျန်းမာတဲ့အသားအရေကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

လတ်ဆတ်တဲ့အသီးအနှံတွေ၊ဗီတာမင်-စီဓာတ်ကြွယ်ဝစွာပါဝင်တဲ့အသီးအနှံတွေနဲ့အဆီပါဝင်မှုနှုန်းနည်းတဲ့အစားအစာတွေ၊အချိုဓာတ်နည်းတဲ့အစားအစာတွေစတာတွေကိုစားသောက်ပေးပါ။

 

4.ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။

ပြေးခြင်း၊စက်ဘီးစီးခြင်းနဲ့ယောဂလေ့ကျင့်ခန်းတွေပုံမှန်ပြုလုပ်ခြင်းက ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ကိုအားကောင်းစေပြီးခန္ဓာကိုယ်ကချွေးထွက်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးနိုင်ပါတယ်။

ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက အလှအပအတွက်သာမကကျန်းမာရေးအတွက်ပါ အထောက်အကူပြုတာဖြစ်လို့ ပြုလုပ်ပေးပါနော်။

 

5.အိပ်စက်ပါ။

ညစဉ်အိပ်ချိန်၈နာရီပုံမှန်ရအောင်ပြုလုပ်ပေးဖို့ကလည်းအရေးကြီးပါတယ်။တကယ်လို့အိပ်ချိန်အလုံအလောက်မရှိဘူးဆိုရင် မျက်လုံးနားတစ်ဝိုက်မှာအရေးအကြောင်းတွေဖြစ်လာနိုင်ပြီး

မျက်အိတ်ဖောင်းလာခြင်းနဲ့ မျက်ကွင်းညိုခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ဒီလိုမျိုးတွေဖြစ်လာမယ်ဆိုရင်တော့မိတ်ကပ်နဲ့ဖုံးဖိလည်း ခဏပဲ အဆင်ပြေမှာဖြစ်လို့ အိပ်ချိန် ၈နာရီရရှိဖို့ကိုတော့ လုံးဝလျစ်လျှူမရှုထားပါနဲ့။

Reference: foodndtv.com

Cathering Services (၃၁)ခုကို သိရှိလိုပါက နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို မ်က္ႏွာအသားအေရထိန္းသိမ္းမႈပိုင္းဆိုင္ရာ လိုက္နာသင့္တဲ့နည္းလမ္းေတြကို ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

ပင္ကိုယ္အသားအေရ ၾကည္လင္ေနမွသာမိတ္ကပ္လိမ္းမထားလည္း ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိေစမွာျဖစ္လို႔ အသားအေရက်န္းမာလွပမႈကိုေတာ့ အခ်ိန္တစ္ခုေပးၿပီးထိန္းသိမ္းသင့္ပါတယ္။

အရင္ဦးဆုံးအသားအေရအတြက္ျပဳလုပ္ေပးသင့္တဲ့ ထိန္းသိမ္းနည္းေလးေတြကိုေဝမွ်ေပးခ်င္ပါတယ္။

 

1.မိတ္ကပ္ဖ်က္ဖို႔အခ်ိန္ေပးပါ။

မိတ္ကပ္လိမ္းခ်ယ္ၿပီးတဲ့အခ်ိန္တိုင္း မ်က္ႏွာေပၚကမိတ္ကပ္ေတြကို ကုန္စင္ေအာင္ဖ်က္ေပးဖို႔လိုအပ္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ မ်က္ႏွာမွာရွိတဲ့ေခြၽးေပါက္ေတြထဲမွာ မိတ္ကပ္ေတြနဲ႔ဖုန္မႈန႔္ အညစ္အေၾကးေတြ ႂကြင္းက်န္ရစ္တာေတြမ်ားလာတဲ့အခါ ဆားဝက္ၿခံနဲ႔အဆီဖုေတြထြက္လာတတ္လို႔ပဲျဖစ္ပါတယ္။

တကယ္လို႔ မိတ္ကပ္ဖ်က္ေဆး အလြယ္တကူရွိမေနဘူးဆိုရင္ေတာင္ သံလြင္ဆီအနည္းငယ္ကို Cotton Pad မွာစြတ္ၿပီး မ်က္ႏွာမွာရွိတဲ့မိတ္ကပ္ေတြကိုဖယ္ရွားေပးႏိုင္ပါတယ္။

 

2.ေနရာင္ျခည္ကို ဂ႐ုစိုက္ပါ။

အျပင္ထြက္တဲ့အခါတိုင္း အနည္းဆုံး SPF15 ေလာက္ပါဝင္တဲ့ Suncream တစ္မ်ိဳးမ်ိဳးလိမ္းေပးၿပီးမွထြက္သင့္ပါတယ္။ထီး၊ဦးထုတ္ စတဲ့အကာအကြယ္ေတြကိုေဆာင္ေပးပါ။

ေနေရာင္ျခည္နဲ႔တိုက္႐ိုက္ထိေတြ႕မႈမ်ားလာတဲ့အခါ အသားအေရမွာ တင္းတိတ္နဲ႔မွဲ႔ေျခာက္ေတြအျပင္တျခားေသာအေရျပားျပႆနာေတြပါျဖစ္ပြားလာတတ္တာေၾကာင့္ Suncream ကိုမျဖစ္မေနလိမ္းေပးပါ။

 

3.အစားအေသာက္ကို ထိန္းသိမ္းပါ။

ခႏၶာကိုယ္အျပင္ပိုင္းသာမကအတြင္းပိုင္းကပါဂ႐ုတစိုက္စားေသာက္ေနထိုင္မွသာက်န္းမာတဲ့အသားအေရကိုရရွိပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

လတ္ဆတ္တဲ့အသီးအႏွံေတြ၊ဗီတာမင္-စီဓာတ္ႂကြယ္ဝစြာပါဝင္တဲ့အသီးအႏွံေတြနဲ႔အဆီပါဝင္မႈႏႈန္းနည္းတဲ့အစားအစာေတြ၊အခ်ိဳဓာတ္နည္းတဲ့အစားအစာေတြစတာေတြကိုစားေသာက္ေပးပါ။

 

4.ကိုယ္လက္ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ေပးပါ။

ေျပးျခင္း၊စက္ဘီးစီးျခင္းနဲ႔ေယာဂေလ့က်င့္ခန္းေတြပုံမွန္ျပဳလုပ္ျခင္းက ခႏၶာကိုယ္ရဲ႕ေသြးလည္ပတ္မႈစနစ္ကိုအားေကာင္းေစၿပီးခႏၶာကိုယ္ကေခြၽးထြက္ေစတာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ကိုယ္လက္ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ျခင္းက အလွအပအတြက္သာမကက်န္းမာေရးအတြက္ပါ အေထာက္အကူျပဳတာျဖစ္လို႔ ျပဳလုပ္ေပးပါေနာ္။

 

5.အိပ္စက္ပါ။

ညစဥ္အိပ္ခ်ိန္၈နာရီပုံမွန္ရေအာင္ျပဳလုပ္ေပးဖို႔ကလည္းအေရးႀကီးပါတယ္။တကယ္လို႔အိပ္ခ်ိန္အလုံအေလာက္မရွိဘူးဆိုရင္ မ်က္လုံးနားတစ္ဝိုက္မွာအေရးအေၾကာင္းေတြျဖစ္လာႏိုင္ၿပီး

မ်က္အိတ္ေဖာင္းလာျခင္းနဲ႔ မ်က္ကြင္းညိဳျခင္းေတြပါ ျဖစ္လာႏိုင္ပါတယ္။ဒီလိုမ်ိဳးေတြျဖစ္လာမယ္ဆိုရင္ေတာ့မိတ္ကပ္နဲ႔ဖုံးဖိလည္း ခဏပဲ အဆင္ေျပမွာျဖစ္လို႔ အိပ္ခ်ိန္ ၈နာရီရရွိဖို႔ကိုေတာ့ လုံးဝလ်စ္လွ်ဴမရႈထားပါနဲ႔။

Reference: foodndtv.com

Cathering Services (၃၁)ခုကို သိရွိလိုပါက ႏွိပ္ပါ။

 

Myanmar Wedding Guide

 

jjjj

 

Read times
Rate this item
(0 votes)