ပျိုမေလေးတို့ သင်္ကြန်ရေတွေစိုလည်း အလှမပျက်စေဖို့

ပျိုမေလေးတို့ သင်္ကြန်ရေတွေစိုလည်း အလှမပျက်စေဖို့ google.com

မိန်းကလေးတို့ ရေပက်ခံ ထွက်မယ်၊ ရေစိုမယ်ဆိုရင်တော့ ပထမဆုံးတွေးမိတာ မိတ်ကပ်ကိစ္စပါ။ ရေစိုခံလို့သုံးတဲ့ပစ္စည်းလေးတွေကလည်း

တကယ့် ရေပက်ချိန်ကျ ပျက်သွားတာမျိုး ဖြစ်တတ်တော့ မျက်ကွင်းမှာ အမည်းတွေ ဖြစ်လာတာ၊ နှုတ်ခမ်းနီတွေ ပျက်တာနဲ့ မိတ်ကပ်ကွက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒီကိစ္စကို ခုတွေးရင်တောင် သင်္ကြန်မလည်ချင်တော့ဘူးမလား။

 

မိတ်ကပ်

မိတ်ကပ်ကွက်တာတွေ မဖြစ်ဖို့ဆိုရင် ရေစိုခံတဲ့ မိတ်ကပ်ကို ရွေးချယ်မိဖို့ လိုသလို မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာလည်း သေချာလေး ဂရုစိုက်ပြီး လိမ်းရပါမယ်။ မဟုတ်ရင်တော့ ရေတစ်ချက်လောက် အပက်ခံပြီးတာနဲ့ လိမ်းလာသမျှ အကုန်ရေထဲမျှောသွားမှာနော်။ မိတ်ကပ်လိမ်းတဲ့အခါ Sunscreen လိမ်းဖို့ မမေ့ပါနဲ့။ Sunscreen ပေါ်မှာမှ မိတ်ကပ်ပါးပါးလေး လိမ်းသွားပါ။ အရင်ဆုံး အစမ်းလိမ်းမယ်ဆို လက်မှာ စမ်းလိမ်းပြီး ရေလေးနည်းနည်း ဖြန်းကြည့်နော်။

 

နှုတ်ခမ်းနီ

နှုတ်ခမ်းနီကလည်း အရေးကြီးတာပဲလေနော်။ ဘာကာလာမှ မခြယ်ထားရင်တောင် နှုတ်ခမ်းနီလေးတော့ ပါမှလေ။ ဆိုတော့ နှုတ်ခမ်းနီကတော့ ရေစိုခံကို ဆိုးမှကို အဆင်ပြေမှာပါ။ ဈေးကွက်ထဲမှာလည်း ရေစိုခံ နှုတ်ခမ်းနီတွေ ရွေးချယ်လို့ ရတယ်နော်။ မဝယ်ခင် လက်မှာ အရောင်လေး စမ်းလာပြီး အိမ်မှာ ရေချိုး၊ လက်ဆေးတာတောင် မပျက်တာမျိုးတွေလည်း ရှိပါတယ်။ နှုတ်ခမ်းသားအတွက်ပါ ကောင်းစေမယ့် နှုတ်ခမ်းနီမျိုး ရွေးပါ။

 

မျက်တောင်ကော့ပါ

အရင်တုန်းက ညှပ်လေးနဲ့ မျက်တောင်ကော့ခဲ့တာတွေ မှတ်မိသေးလား၊ ခဏလေးနဲ့ ပြန်ပြည်သွားတယ်လေ။ ခုနောက်ပိုင်းမှာတော့ မျက်တောင်ကြာကြာလေးခံအောင် ကော့တာတွေ ရှိလာပါပြီ။ မျက်တောင်ဆက်တာ မဟုတ်ဘူးနော်။ မျက်တောင်ဆက်တာက မျက်နှာသစ်ရင်တောင် သတိထားရတာဆိုတော့ ရေပက်ခံလို့ ဘယ်အဆင်ပြေမလဲ။ မျက်တောင်ကော့ဆေးတွေကလည်း Waterproof ဆိုပေမယ့် ရေများများစိုရင်တော့ ပျက်နိုင်တယ်လေ။ ဒီတော့ အကြာကြီးလှပြီး အလှပြင်စရာမလိုမယ့် မျက်တောင်ကော့တာကို ရွေးချယ်နော်။

 

မျက်ခုံး

မျက်ခုံးကတော့ မရှိမဖြစ် မပါမဖြစ်ပါပဲ။ ဘယ်လောက်ပြည့်စုံအောင် ပြင်ပြင် မျက်ခုံးမပါရင် မလှပါဘူး။ မျက်ခုံးကလည်း ရေစိုတဲ့အခါ နည်းနည်းတော့ ပျက်နိုင်တယ်လေ။ သူ့ကိုလည်း ရေစိုခံသုံးရပါမယ်။ နောက်ပြီး အထူကြီးဆွဲတာမျိုး မလုပ်ဘဲ သဘာဝဆန်ဆန် ကိုယ့်မျက်ခုံးမွှေးနဲ့ အနီးစပ်ဆုံး ဆွဲပါ။ ဒါမှ ပျက်လည်း မသိသာမှာပါ။

 

Body Lotion

သင်္ကြန်ဆိုတာက ရေဒဏ်ရော နေဒဏ်ပါ ခံရတဲ့အပြင် လူဒဏ်ကိုပါ ခံရမှာနော်။ နေပူထဲမှာ လူအများကြားနေပြီး ရေပက်ခံရမှာမလား။ ဒီတော့ အသားအရေ ထိခိုက်တာတွေ မဖြစ်စေဖို့ Body Lotion လိမ်းဖို့ မမေ့ပါနဲ့နော်။

 

ဒီသင်္ကြန်ရေစိုစိုမှာ အလှတွေ ကြာရှည်နေစေဖို့ ပြောပြထားတဲ့အချက်တွေ မမေ့လိုက်နဲ့နော်။ ဒါမှကိုယ်က သင်္ကြန်Queen လေး ဖြစ်နေမှာ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Wednesday, 26 June 2019 14:16
Rate this item
(1 Vote)