ဝက်ခြံမဖြစ်အောင် ဘယ်လိုနေသင့်သလဲ။

ဝက်ခြံမဖြစ်အောင် ဘယ်လိုနေသင့်သလဲ။ google

ေဆးပညာအရ ဝက္ျခံျဖစ္ေစတာ ေဟာ္မုန္းအေျပာင္းအလဲေတြ ၊ အစားအေသာက္မမွန္မႈ ၊ စိတ္ဖိစီးမႈေတြနဲ ့

 

လူရဲ့ ေန ့ဥ္ Lifestyle အမွားေတြေၾကာင့္လည္း ျဖစ္တတ္တယ္လို ့ဆိုပါတယ္။

 

ဝက္ျခံဗရဗြနဲ ့မ်က္ႏွာဟာ လူတစ္ေယာက္ရဲ့ ရုပ္လကၡဏာကို အမ်ားႀကီး ဖ်က္ဆီးတာေၾကာင့္ ဝက္ျခံမျဖစ္ေအာင္

 

ဘယ္လိုေနသင့္သလဲဆိုတာကို ဒီေန႔မွာေဝမွ်ေပးခ်င္ပါတယ္ေနာ္။

 

clf

 

(၁) မ်က္ႏွာသန္ ့ရွင္းမႈ အျမဲလုပ္ပါ။

 

မ်က္ႏွာေပၚက ေမြးညင္းေပါက္ေလးေတြမွာ အဆီနဲ ့အညစ္အေၾကးေတြ ပိတ္ဆို ့မိတာ ၾကာရင္လည္း ဝက္ျခံျဖစ္ႏိုင္ပါတယ္။

 

ဒီေတာ့ မ်က္ႏွာကို Deep Cleaning လုပ္ႏိုင္မယ့္ မ်က္ႏွာသစ္ေဆးေကာင္းေကာင္း သံုးၿပီး သန္ ့ရွင္းေပးဖို ့လိုသလို

 

မ်က္ႏွာျပင္ေပၚက အသားအေရ ညီညာေစဖို ့Moisturiser သံုးတာ ၊ တစ္ပတ္တစ္ခါ Face Scrubing လုပ္ၿပီး ေခ်းခြ်တ္တာမ်ိဳးလုပ္သင့္ပါတယ္။

 

clf1

 

(၂) အစားအေသာက္ ဂရုျပဳပါ။

 

အဆီအဆိမ့္နဲ ့အငန္ဓါတ္ ကဲတဲ့ အစားအေသာက္ေတြဟာ ဝက္ျခံျဖစ္ဖို ့အားေပးပါတယ္။

 

အသီးအရြက္နဲ ့အမွ်င္ဓါတ္မ်ားတဲ့ အစားအေသာက္္ေတြကေတာ့ ဝမ္းမွန္ေစၿပီး ကိုယ္တြင္းအပူအပုပ္ေတြ ၿငိမ္းေစတာေၾကာင့္

 

အသားအေရၾကမ္းတမ္းတာနဲ ့ဝက္ျခံျဖစ္တာမ်ိဳး နည္းေစပါတယ္။

 

clf2

 

(၃) ေလ့က်င့္ခန္း လုပ္ပါ။

 

ကိုယ္လက္ေလ့က်င့္ခန္း မွန္မွန္လုပ္ျခင္းဟာ ဆီးဝမ္းေသြးေလ ညီမွ်ေစၿပီး လူကို ေပါ့ပါး သြက္လက္ေစတဲ့အျပင္

 

ခႏၶာကိုယ္ထဲက မလိုအပ္တဲ့ အဆိပ္အေတာက္ေတြ ဖယ္ရွားေပးရာေရာက္ပါတယ။္ 

 

ေလ့က်င့္ခန္း ပံုမွန္လုပ္သူေတြဟာ သာမန္လူေတြထက္ စိတ္ေရာရုပ္ပါ က်န္းမာေရး ေကာင္းက်ိဳးမ်ားစြာ ရရိွၿပီး

 

ဒီထဲမွာ ဝက္ျခံလိုမ်ိဳး ရုပ္အဂၤါပိုင္းမွာပါ ေကာင္းမြန္တဲ့ သက္ေရာက္မႈ ရိွေစပါတယ္။

 

clf5

 

(၄) တရားထိုင္ပါ။

 

စိတ္ဖိစီးမႈ မ်ားသူေတြမွာ ဝက္ျခံျဖစ္ပြားမႈႏႈန္း ပိုမ်ားသလို ျဖစ္ရင္လည္း ပိုၿပီး ဆိုးဆိုးဝါးဝါးျဖစ္တတ္ပါတယ္။

 

ဒါေၾကာင့္ စိတ္ပင္ပန္းဆင္းရဲမႈ ေလ်ာ့ပါးေစမယ့္ တရားထုိင္တာ ၊ အသက္ရႈေလ့က်င့္ခန္း လုပ္တာနဲ႕

 

ေယာဂလို ေလ့က်င့္ခန္းမ်ိဳးေတြ လုပ္ေပးၿပီး စိတ္ေအးခ်မ္းေအာင ္ေလ့က်င့္သင့္ပါတယ္။

 

Credit-kwee.co

 

Unicode

 

ဆေးပညာအရ ဝက်ခြံဖြစ်စေတာ ဟော်မုန်းအပြောင်းအလဲတွေ ၊ အစားအသောက်မမှန်မှု ၊ စိတ်ဖိစီးမှုတွေနဲ့

 

လူရဲ့ နေ့ဉ် Lifestyle အမှားတွေကြောင့်လည်း ဖြစ်တတ်တယ်လို့ဆိုပါတယ်။

 

ဝက်ခြံဗရဗွနဲ့မျက်နှာဟာ လူတစ်ယောက်ရဲ့ ရုပ်လက္ခဏာကို အများကြီး ဖျက်ဆီးတာကြောင့် ဝက်ခြံမဖြစ်အောင်

 

ဘယ်လိုနေသင့်သလဲဆိုတာကို ဒီနေ့မှာဝေမျှပေးချင်ပါတယ်နော်။

 

(၁) မျက်နှာသန့်ရှင်းမှု အမြဲလုပ်ပါ။

 

မျက်နှာပေါ်က မွေးညင်းပေါက်လေးတွေမှာ အဆီနဲ့အညစ်အကြေးတွေ ပိတ်ဆို့မိတာ ကြာရင်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။

 

ဒီတော့ မျက်နှာကို Deep Cleaning လုပ်နိုင်မယ့် မျက်နှာသစ်ဆေးကောင်းကောင်း သုံးပြီး သန့်ရှင်းပေးဖို့လိုသလို

 

မျက်နှာပြင်ပေါ်က အသားအရေ ညီညာစေဖို့Moisturiser သုံးတာ ၊ တစ်ပတ်တစ်ခါ Face Scrubing လုပ်ပြီး ချေးချွတ်တာမျိုးလုပ်သင့်ပါတယ်။

 

(၂) အစားအသောက် ဂရုပြုပါ။

 

အဆီအဆိမ့်နဲ့အငန်ဓါတ် ကဲတဲ့ အစားအသောက်တွေဟာ ဝက်ခြံဖြစ်ဖို့အားပေးပါတယ်။

 

အသီးအရွက်နဲ့အမျှင်ဓါတ်များတဲ့ အစားအသောက်တွေကတော့ ဝမ်းမှန်စေပြီး ကိုယ်တွင်းအပူအပုပ်တွေ ငြိမ်းစေတာကြောင့်

 

အသားအရေကြမ်းတမ်းတာနဲ့ဝက်ခြံဖြစ်တာမျိုး နည်းစေပါတယ်။

 

(၃) လေ့ကျင့်ခန်း လုပ်ပါ။

 

ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဟာ ဆီးဝမ်းသွေးလေ ညီမျှစေပြီး လူကို ပေါ့ပါး သွက်လက်စေတဲ့အပြင်

 

ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးရာရောက်ပါတယ။်

 

လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေဟာ သာမန်လူတွေထက် စိတ်ရောရုပ်ပါ ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိပြီး

 

ဒီထဲမှာ ဝက်ခြံလိုမျိုး ရုပ်အင်္ဂါပိုင်းမှာပါ ကောင်းမွန်တဲ့ သက်ရောက်မှု ရှိစေပါတယ်။

 

(၄) တရားထိုင်ပါ။

 

စိတ်ဖိစီးမှု များသူတွေမှာ ဝက်ခြံဖြစ်ပွားမှုနှုန်း ပိုများသလို ဖြစ်ရင်လည်း ပိုပြီး ဆိုးဆိုးဝါးဝါးဖြစ်တတ်ပါတယ်။

 

ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲမှု လျော့ပါးစေမယ့် တရားထိုင်တာ ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာနဲ့

 

ယောဂလို လေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးပြီး စိတ်အေးချမ်းအောင ်လေ့ကျင့်သင့်ပါတယ်။

 

Credit-kwee.co

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under