သတို့သမီးလေးတွေအတွက် ဖြူဝင်းစေမယ့် အလွယ်ဆုံး နည်းလမ်းများ...

သတို့သမီးလေးတွေအတွက် ဖြူဝင်းစေမယ့် အလွယ်ဆုံး နည်းလမ်းများ... Google

Wedding Guide ရဲ့ သတို့သမီးလေးတွေအတွက် မင်္ဂလာမဆောင်ခင် ‌ခြေထောက်လေးတွေ၊ လက်လေးတွေ နဲ့ အတွင်းပိုင်း တွေ ဖွေးဖွေးလေး ဖြစ်နေစေဖို့အတွက် ငွေကုန်ကြေးကျလည်း မများပဲ

အလွယ်ဆုံး ပြုလုပ်လို့ရမဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မီးဖိုချောင် မှာ အလွယ်တကူ ရနိုင်တဲ့ အရာလေးတွေမို့ အရမ်းလည်း အပန်းမကြီးပါဘူး။

 

အာလူး

အာလူးက အရေပြားပေါ်က အသားအရေ မညီမျှတာတွေ၊အစက် အ ပျောက် တွေ ကို ပျောက် ကင်း စေနိုင်တဲ့ အစွမ်းရှိပါတယ်။အာ လူးတွေကို လှီးပြီး မဲ နေတဲ့ နေရာ ပေါ်ကို ၁၀ မိနစ် ၁၅ မိနစ် လောက် အုပ် ထားပေးလိုက်ရုံပါပဲ။

 

ရှားစောင်းလက်ပတ်

အသားအ ရေ အတွက် က တော့ ရှားစောင်းလက်ပတ် က နတ်ဆေး ပင်လို့ တောင် ပြောလို့ရပါတယ်။အ ရေပြား ပေါ်မှာ ဖြစ်တဲ့ ပြဿနာ တော်တော် များများကို ဖြေရှင်းပေးနိုင်ပါ တယ်။ ရှာ စောင်းလက်ပတ် အနှစ်ကို လိမ်းပေးရမှာပါ။ပုံမှန် ပြုလုပ်ပေးပါ။

 

အုန်းဆီ + သံပုရာရည်

အုန်းဆီ နဲ့ သံပုရာရည်ကို အသုံးပြုရမှာပါ။သံပုရာ မှာတော့ ဗီတာမင်စီ ပေါ ကြွယ်၀ စွာ ပါဝင် ပြီး ချေးချွတ် တဲ့ နေရာ မှာ သုံးလို့ ရပါတယ်။ပျက်စီးနေတဲ့ ဆဲလ် တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။ အုန်းဆီ နဲ့ သံပုရာ ရည်ကို ရောပြီး မဲ နေတဲ့ နေရာကို လိမ်းပေးပါ။(၁၀)မိနစ် (၁၅)မိနစ် လောက် ထား ပေးပါ။ ပြီးရင်တော့ ရေနဲ့ ပြန် ဆေးချ လိုက်ပါ။

 

Baking soda

Baking soda က တော့ ပစ္စည်းတွေကိုပဲ ချေးချွတ် မလား၊ခန္ဓာကိုယ် ပေါ်က ချေး တွေကိုပဲ ချွတ် မလား ဘက် စုံ သုံးလို့ရပါတယ်။ Baking soda နဲ့ ရေကို ပျစ်ပျစ်လေး ဖြစ်အောင် ရောပါ။ပြီးရင်တော့ (၁၀)မိနစ် (၁၅)မိနစ် လောက် လိမ်းထားပေးလိုက်ပါ။ပြီးရင်တော့ ရေနဲ့ ဆေးချ လိုက်ရုံပါပဲ။

 

Myanmar Wedding Guide

Source: AUNTYMAY

Read times
Rate this item
(0 votes)