ဆံပင်တိုတဲ့  သတို့သမီးတွေ သတိပြုရမယ့် အချက်

ဆံပင်တိုတဲ့  သတို့သမီးတွေ သတိပြုရမယ့် အချက် google

ဆံပင်ကို အတိုလေးမှကြိုက်ပေမယ်လည်း မင်္ဂလာပွဲနေမှာမှ ဆံပင်တိုနေလို့ဆိုပြီး လှပါ့မလားလို့ စိတ်ပူမနေပါနဲ့။

 ဆံပင်ကိုခပ်တိုတိုကြိုက်တော့အမြဲတမ်း ဆံပင်အတိုပဲထားတက်တဲ့သူတွေအတွက် နောက်ဆုံး မင်္ဂလာဆောင်တော့မယ်ဆိုရင် လှလှပပလေး ဖြစ်အောင် ပြင်ဆင်ပြီးပွဲထွက်ချင်တဲ့  သတို့သမီးလေးတွေအတွက် ဘယ်လိုပြင်ဆင်သင့်သလဲပြောပြပေးသွားပါမယ်။ 

 

 

လှိုင်းတွန့် ပျော့ပျော့ ဂုတ်ဝဲလေးတွေက မင်္ဂလာဧည့်ခံပွဲတွေအတွက် သိပ်ကို လိုက်ဖက်တဲ့ ဆံပင်စတိုင်လေးတွေပါ။ မျက်နှာအလှကိုလည်း အပြည့်အဝ ပေါ်လွင်ချင်တယ်ဆိုတဲ့ ဆံပင်တိုတို သတို့သမီးလေးတွေကတော့ ဆံပင်လေးကို နည်းနည်း ထူသယောင်ယောင်နဲ့ ပွပွယောင်းယောင်းလေး ဖြ

စ်အောင် အပေါ်ယံတစ်လွှာလောက်ကို လှိုင်းတွန့်ပုံစံ ပုံသွင်းပြီး ဘေးဘက်ဆံပင်တွေကို ရှေ့ဘက်မကျအောင် အနောက်ကိုသိမ်းယူလို့ ပန်းလေးတွေနဲ့ အလှဆင်ပါ။ တကယ်လိုဆံပင်က တိုလည်းတိုတယ် ပါးလည်ပါးတယ်ဆိုရင်တော့ ဆံပင်ကို ပိုပြီး ထူထူထဲထဲ ရှိနေသယောင် ထင်ရဖို့အတွက်

ဆံပင်ကောက်စက်တွေ၊ ဆံပင်လိပ်ချောင်းတွေ သုံးပြီး ပုံသွင်းဖို့ လိုအပ်ပါတယ်။ ဆံပင်လေးကို အတိုလေးမှ ကြိုက်ပေမယ့်လည်း မင်္ဂလာပွဲနေ့မှာမှ ဆံပင်တိုနေလို့ဆိုပြီး ကိုယ်လှမှ လှပါ့မလားလို့ စိတ်ပူမနေပါနဲ့နော်။ ဆံပင်တိုလေးတွေက ပိုပြီးနုနယ်ပျိုမျစ်တဲ့ အလှကို ပေးစွမ်းပါတယ်။

 

 

14 best wedding hairstyles for short hair5 398x400

 

 

သတို့သမီးလေးက ပင်ကိုယ် ဆံပင် တိုတိုလေးနဲ့ ဆိုပေမယ့် မြန်မာ့ရိုးရာ ဆင်ယင်ထုံးဖွဲ့မှုနဲ့ ပွဲကျင်းပမယ်ဆိုရင်တော့ ဆံထုံးအတု၊ ဆံပင်အတုတွေ သုံးကို သုံးရပါတယ်။ အနောက်တိုင်းပုံစံ ဂါဝန်လေးဝတ်ပြီး ပွဲကျင်းပမယ် ဆိုရင်တော့ ဆံပင်အတု မသုံးဘဲ ပင်ကိုယ် ဆံပင်အတိုလေးနဲ့ပဲ ပြင်ဆင်လို့

ရပါတယ်နော်။ များသောအားဖြင့် ဆံပင်တိုတို ကြိုက်တတ်တဲ့ မိန်းကလေးတွေက ဆံပင်တုတွေ တပ်ရမှာကိုလည်း မနှစ်သက်တတ်ကြပါဘူး။ ဒါကြောင့် ဆံပင်တု တပ်စရာမလိုဘဲ ပြင်ဆင်လို့ရမယ့် ဆံပင်တိုတို စတိုင်လေးတွေ အကြောင်းလည်း ပြောပြပေးထား သေးတယ်နော်။

 

 

hair

 

 

 

Myanmar Wedding Guide

 

Read times
Rate this item
(1 Vote)
Tagged under