တရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ သတို့သားမဲ့ Pre-wedding ဓာတ်ပုံများ

တရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ သတို့သားမဲ့ Pre-wedding ဓာတ်ပုံများ Weibo

မိန်းကလေးတိုင်း တစ်သက်မှာတစ်ခေါက်လောက်ကတော့ ဂါဝန်အဖြူ ကားကားလွင့်လွင့်ကြီးဝတ်ကာ မင်္ဂလာဆောင်ဓာတ်ပုံတွေ ရိုက်ချင်ကြမှာချည်းပါပဲ။ အလှအပလည်းကြိုက်၊ စိတ်ကူးယဉ်လည်းဆန်တတ်တဲ့ မိန်းကလေးတွေအနေနဲ့ အခုလိုမျိုး အိပ်မက်လေးတွေရှိကြတာ မဆန်းပါဘူး။

 

ဒါပေမဲ့ တရုတ်ပြည်မှာတော့ ထူးထူးဆန်းဆန်း pre-wedding ရိုက်နည်းတစ်ခု ခေတ်စားနေခဲ့ပါတယ်။ အဲဒါကတော့ သတို့သမီးဦးစားပေး pre-wedding လေးပါ။ သတို့သားမပါဘဲနဲ့ အမျိုးသမီးတစ်ယောက်တည်း သတို့သမီးလိုမျိုး ဝတ်စားဆင်ယင်ပြင်ဆင်ပြီးတော့ အကျအန သတို့သမီးအလှပုံတွေ ရိုက်ကူးတာမျိုးပါပဲ။

 

 

အခုခေတ်ကြီးထဲမှာ အမျိုးသမီးအများစုဟာ စားဝတ်နေရေးကိစ္စတွေ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားတွေကြောင့် အိမ်ထောင်ပြုဖို့အတွက် ဝန်လေးလာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာလည်း သတို့သမီးဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်လေးကလည်း လက်မလွှတ်နိုင်တဲ့အတွက် ဒီဝန်ဆောင်မှုကို ယူခဲ့ကြတာပါ။ သတို့သားမပါဘဲ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ခြင်းဟာ လက်တလော တရုတ်နိုင်ငံမှာတော့ အမျိုးသမီးငယ်တွေကြားထဲ တော်တော်လေးခေတ်စားနေပါတယ်။

 

 

 

ဒီအပြင် သတို့သားမဲ့ pre-wedding ရိုက်ခြင်းဟာ ဈေးလည်းသက်သာပြီးတော့ ပြင်ဆင်မှုတွေဟာလည်း အရမ်းကို ုလှပလွန်းတာကြောင့်လည်း တော်တော်လေးကို နာမည်ကြီးလာခဲ့ကြတာပါ။ အထူးသဖြင့် Dalian, Sanya, Qingdao, Shandong, Xiamen, Fujian စတဲ့ မြို့တွေမှာတော့ စိတ်ဝင်စားမှုဟာ ပိုပြီး မြင့်တက်လျက်ရှိနေပါတယ်။

 

 

Source: Weibo, ShweMon

 
Read times Last modified on Tuesday, 01 December 2020 11:40
Rate this item
(0 votes)
Tagged under