သတို့သားလောင်းတွေအနေနဲ့ သတို့သမီးလောင်းလေးတွေကို ကူညီပြင်ဆင်ပေးလို့ရမယ့်အပိုင်းလေးတွေက
သတို့သားလောင်းတွေအနေနဲ့ သတို့သမီးလောင်းလေးတွေကို ကူညီပြင်ဆင်ပေးလို့ရမယ့်အပိုင်းလေးတွေက GOOGLE
အားလုံးပဲ မင်္ဂလာပါရှင်။သတို့သားလောင်းအများစုဟာ အလုပ်ကတစ်ဖက်ဖြစ်သလို မိန်းကလေးတွေလောက်အလှအပတွေနဲ့ပတ်သက်ပြီး
အသေးစိပ်စိတ်ဝင်စားမှုမရှိတတ်ကြတာကြောင့် မင်္ဂလာပွဲပြင်ဆင်တဲ့နေရာမှာစိတ်ဝင်စားမှုအားနည်းတတ်ကြပါတယ်။
သတို့သမီးလောင်းလေးတွေအနေနဲ့ကတော့ ကိုယ့်ရဲ့ပွဲလေးကိုအလှဆုံးဖြစ်စေချင်တဲ့စိတ်ကြောင့် အစစအရာရာ အပင်ပန်းခံပြင်ဆင်တတ်ကြပါတယ်။
ဒီလိုပြင်ဆင်တဲ့နေရာမှာလည်း သူတို့ရဲ့သတို့သားလောင်းတွေဆီက အကြံဉာဏ်ကိုတော့ မျှော်လင့်တတ်ကြပါတယ်။
ဒီလိုအခြေအနေမျိုးမှာ သတို့သားလောင်းတွေအနေနဲ့ ကိုယ်စိတ်မဝင်စားသည့်တိုင်အောင် ကိုယ်သတို့သမီးလေးစိတ်ချမ်းသာဖို့အတွက် ကူညီပြင်ဆင်ပေးလို့ရတဲ့အပိုင်းလေးတွေရှိပါတယ်။
ဒါကြောင့် ဒီနေ့လေးမှာ သတို့သားလောင်းတွေအနေနဲ့ သတို့သမီးလောင်းလေးတွေကို ကူညီပြင်ဆင်ပေးလို့ရမယ့်အပိုင်းလေးတွေကို Myanmar Wedding Guide ကဖော်ပြပေးချင်ပါတယ်။
၁။ Prewedding ရိုက်ကူးဖို့အတွက် အချိန်ပေးပါ။
Prewedding Photo ရိုက်ကူးဖို့ဆိုတာ မိန်ကလေးတိုင်းရဲ့အိပ်မက်တစ်ခုဖြစ်တာကြောင့် အဲ့ဒီအိပ်မက်ကလေးကိုအကောင်အထည်ဖော်ပေးဖို့ကြိုးစားပေးပါ။
အချိန်မရှိဘူးဆိုရင်တောင် ဘယ်အချိန်ပြန်ကြည့်ကြည့် အမြဲအမှတ်တရဖြစ်နေစေမယ့် Prewedding Photo ရိုက်ကူးမှုအတွက်တော့ အချိန်ပေးစေချင်ပါတယ်။
၂။Prewedding ရိုက်ကူးမှုအတွက် စိတ်ဝင်စားမှုရှိကြောင်းပြသပါ။
ဘယ်လိုပြသမလဲဆိုတော့ Online အသုံးပြုချိန်လေးတွေမှာ Facebook,Google,Pinterest စတာတွေကနေWedding နဲ့ သက်ဆိုင်တဲ့ အရာလေးတွေကိုရှာပြီး
သူမဆီပို့ပေးတာမျိုး၊Prewedding နဲ့ပတ်သက်ပြီးသူမစိတ်ကူးလေးကို မေးကြည့်ပြီးနားထောင်ပေးတာမျိုး၊အကြံပေးတာမျိုးလေးတွေပြုလုပ်ပေးပါ။
ဒီလိုပြုလုပ်ပေးခြင်းက သူမဆီက အချစ်တွေကို သိမ်းပိုက်နိုင်တဲ့ နည်းလမ်းလေးတွေဆိုလည်းမမှားပါဘူး။
၃။သူမရဲ့ရွေးချယ်မှုတိုင်းမှာပါဝင်ပေးပါ။
မိန်းကလေးဆိုတဲ့အမျိုးကိုက ကိုယ့်ဘာသာရွေးချယ်လို့ရပါလျက်နဲ့တောင် ကိုယ့်ချစ်သူ့ဆီက အမြင်ကို လိုချင်တတ်ကြတာဆိုတော့
သူမရွေးချယ်ရခက်တဲ့ကိစ္စတွေရှိလာရင်တော့ သေချာပေါက်သူ့သတို့သားလောင်းဆီက အမြင်နဲ့ အကြံပြုချက်တွေကို လိုအပ်မှာပါနော်။
ဥပမာ-သူမဝတ်စုံရွေးချယ်ရခက်နေတဲ့အခြေအနေမျိုးမှာ ဝတ်စုံအရောင်လေးပဲဖြစ်ဖြစ် ကူညီရွေးချယ်ပေးတာမျိုးတွေ၊
သက်တောင့်သက်သာရှိမယ့် ဖိနပ်မျိုးလေးတွေကိုရွေးချယ်ခိုင်းတာမျိုးလေးတွေနဲ့ သူမရဲ့ နှလုံးသားကို သိမ်းပိုက်လို့ရပါတယ်။
၄။ကုန်ကျစရိတ်တွေကြောင့်သူမကို မပင်ပန်းပါစေနဲ့။
ခန့်မှန်းကုန်ကျငွေနဲ့စီစဉ်နေရတာသူမလောက်ငှရဲ့လာ။လောက်ငှတယ်ဆိုရင် ကုန်ကျစရိတ်ကို အသေးစိပ်ပြန်ကူတွက်ပေးတာမျိုး။
မလောက်ငှခဲ့ရင် ကုန်ကျစရိတ်ကိုဘယ်လိုလေးထပ်ချုံ့ကြည့်မလဲ ဆိုပြီးဆွေးနွေးပေးတာမျိုးစသဖြင့်
သူမတစ်ယောက်တည်းကို ငွေကြေးကိစ္စနဲ့ နပန်းမလုံးစေတာမျိုးကလည်း သတို့သားလောင်းအနေနဲ့ကူညီပေးလို့ရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။
၅။ ခန်းဝင်ပစ္စည်းကို သူမနဲ့အတူရွေးချယ်ဝယ်ယူပါ။
အလုပ်ပိတ်ရက်လိုနေ့လေးမှာ သူမနဲ့နှစ်ယောက်တည်း အိမ်ထောင်ဦးပစ္စည်းလေးတွေလိုက်ဝယ်ပေးတာမျိုးက နှစ်ယောက်လုံးအတွက်အမြဲအမှတ်တရဖြစ်နေစေမှာဖြစ်ပါတယ်။
မင်္ဂလာစုံတွဲတိုင်း နှစ်ယောက်တစ်ဘဝတည်ဆောက်ဖို့စတင်မယ့် မင်္ဂလာပွဲစီစဉ်တဲ့နေရာမှာသာမက တစ်သက်လုံး စိတ်သဘောထားလေးတွေတိုက်ဆိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အားလုံးပဲ သာယာလှပတဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။
Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။
ig
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under