မဂၤလာေဆာင္ျပီးေနာက္ လုပ္ေဆာင္ရမယ္အခ်က္မ်ား

မဂၤလာေဆာင္ျပီးေနာက္ လုပ္ေဆာင္ရမယ္အခ်က္မ်ား google

စံုတြဲေလးတို႔ ဒီအခ်က္ေလးေတြ ျပင္ဆင္ၿပီးၿပီဆုုိရင္ေတာ့ မဂၤလာေဆာင္ၿပီးေနာက္ ေအးေအးေဆးေဆး ဟန္းနီးမြန္း ထြက္ၿပီး အနားယူလို႔ ရၿပီေနာ္။


စံုတြဲေလးတို႔ မဂၤလာေဆာင္ပြဲေလး ေအာင္ျမင္စြာ က်င္းပၿပီးၿပီဆိုရင္ေတာ့ ေနာက္ေန႔မွာ လုပ္ရမွာေတြ ရွိပါတယ္။ မဂၤလာေဆာင္ပြဲၿပီး ေနာက္ေန႔ဆိုရင္ ႏွစ္ကိုယ္တူ ဘဝေလး ပိုင္ဆုိင္ရၿပီေနာ္။ အဲဒီလို ေန႔ရက္အခ်ိန္မွာ ဘာေတြ ျပန္ၿပီး စီစဥ္ လုပ္ေဆာင္ရမလဲဆိုတာ ေျပာျပမယ္ေနာ္။ တျဖည္းျဖည္းခ်င္း လုပ္ေဆာင္ေပးပါ။

 

စာရင္းအင္း တြက္ပါ

 

မဂၤလာေဆာင္ပြဲၿပီး ေနာက္ေန႔မွာ မဂၤလာေဆာင္စရိတ္ေတြ ျပန္တြက္ေပးေနာ္။ မဂၤလာေဆာင္လက္ဖြဲ႔ပစၥည္းေတြ ေဖာက္တာ၊ ေနရာခ်တာေတြလည္း လုပ္ဖို႔ လုိပါတယ္။ မိသားစုဝင္ေတြနဲ႔အတူ စာရင္းတြက္ၾကည့္ပါ။

 

ျပန္အပ္ရမယ့္ ဝန္ေဆာင္မႈေတြ

 

စံုတြဲေလးတို႔ေရ မဂၤလာေဆာင္ပြဲေလး ၿပီးသြားတဲ့အခါ ဝတ္စံုက အသစ္ခ်ဳပ္အငွား ဒါမွမဟုတ္ အငွားဆိုရင္ ျပန္ၿပီး ေပးဖို႔ အေျခာက္ေလွ်ာ္တာေတြ လုပ္ရမယ္ဆို လုပ္ပါ။ ပြဲထြက္တဲ့အခါမွာ ငွားတဲ့ ကလပ္၊ ဗန္းေတြ ျပန္အပ္ဖုိ႔ လိုတာ အစရွိတဲ့ ျပန္အပ္ရမယ့္ ဝန္ေဆာင္မႈေတြ အားလံုး လုပ္ေဆာင္ပါ။

 

Skin care

 

Skin care ကေတ့ာ သတို႔သမီးေလးအတြက္ အဓိကပါ။ မ်က္ႏွာမွာ လိမ္းထားတဲ့ မိတ္ကပ္အထပ္ထပ္ေတြကို ေသခ်ာေလး Cleansing လုပ္ဖုိ႔ လိုသလုိ Skin care ေကာင္းေကာင္းသံုးဖို႔ လုိပါတယ္ေနာ္။ မ်က္ႏွာအသားအေရ မထိခိုက္ေစဖို႔အတြက္ ေပါင္းတင္တာမ်ိဳး လုပ္ပါ။ ဆံပင္ကိုလည္း ဂရုစိုက္ေပးပါ။ ဆံထံုး ထံုးတဲ့အခါမွာ ေကာ္ေတြ သံုးထာတာ ရွိတယ္မလား၊ ဆံသားႏွစ္ခြ မျဖစ္လာေအာင္၊ မၾကမ္းသြားေအာင္ ဂရုစိုက္ေပးပါ။

 

ဟန္းနီးမြန္းအတြက္ ျပင္ဆင္ပါ

 

စံုတြဲေလးတုိ႔ေရ ဟန္းနီးမြန္းအတြက္ ျပင္ဆင္ဖုိ႔ လိုပါတယ္။ မဂၤလာပြဲၿပီးေနာက္မွာ ဟန္းနီးမြန္းအတြက္ ခရီးေဆာင္အိတ္၊ အသံုးအေဆာင္ေတြ ထည့္ပါ။ ေနာက္ၿပီး ေလယာဥ္လက္မွတ္၊ ကားလက္မွတ္စတဲ့ စစ္ေဆးစရာ ရွိတာေတြ စစ္ေဆးပါ။

 

ႏွစ္ကိုယ္တူ အိမ္ေလးအတြက္

 

ႏွစ္ကိုယ္တူ အိမ္ေလးအတြက္ လိုအပ္တဲ့ အိမ္တြင္း ျပင္ဆင္မႈေတြလည္း လုပ္ပါ။ အရင္ကလည္း ႀကိဳၿပီး လုပ္ထားတယ္ဆိုေပမယ့္ မဂၤလာေဆာင္ၿပီး ေနာက္ေန႔မွာလည္း အိမ္သန္႔ရွင္းေရးနဲ႔ ေနထိုင္ဖို႔ ေသခ်ာ ျပင္ဆင္တာမ်ိဳးလုပ္ေပးပါ။

စံုတြဲေလးတို႔ ဒီအခ်က္ေလးေတြ ျပင္ဆင္ၿပီးၿပီဆုုိရင္ေတာ့ မဂၤလာေဆာင္ၿပီးေနာက္ ေအးေအးေဆးေဆး ဟန္းနီးမြန္း ထြက္လုိ႔ ရၿပီေနာ္။

 

Unicodeဖြင့်ဖတ်ရန်.....
စုံတွဲလေးတို့ ဒီအချက်လေးတွေ ပြင်ဆင်ပြီးပြီဆိုရင်တော့ မင်္ဂလာဆောင်ပြီးနောက် အေးအေးဆေးဆေး ဟန်းနီးမွန်း ထွက်ပြီး အနားယူလို့ ရပြီနော်။


စုံတွဲလေးတို့ မင်္ဂလာဆောင်ပွဲလေး အောင်မြင်စွာ ကျင်းပပြီးပြီဆိုရင်တော့ နောက်နေ့မှာ လုပ်ရမှာတွေ ရှိပါတယ်။ မင်္ဂလာဆောင်ပွဲပြီး နောက်နေ့ဆိုရင် နှစ်ကိုယ်တူ ဘဝလေး ပိုင်ဆိုင်ရပြီနော်။ အဲဒီလို နေ့ရက်အချိန်မှာ ဘာတွေ ပြန်ပြီး စီစဉ် လုပ်ဆောင်ရမလဲဆိုတာ ပြောပြမယ်နော်။ တဖြည်းဖြည်းချင်း လုပ်ဆောင်ပေးပါ။

စာရင်းအင်း တွက်ပါ

မင်္ဂလာဆောင်ပွဲပြီး နောက်နေ့မှာ မင်္ဂလာဆောင်စရိတ်တွေ ပြန်တွက်ပေးနော်။ မင်္ဂလာဆောင်လက်ဖွဲ့ပစ္စည်းတွေ ဖောက်တာ၊ နေရာချတာတွေလည်း လုပ်ဖို့ လိုပါတယ်။ မိသားစုဝင်တွေနဲ့အတူ စာရင်းတွက်ကြည့်ပါ။

ပြန်အပ်ရမယ့် ဝန်ဆောင်မှုတွေ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပွဲလေး ပြီးသွားတဲ့အခါ ဝတ်စုံက အသစ်ချုပ်အငှား ဒါမှမဟုတ် အငှားဆိုရင် ပြန်ပြီး ပေးဖို့ အခြောက်လျှော်တာတွေ လုပ်ရမယ်ဆို လုပ်ပါ။ ပွဲထွက်တဲ့အခါမှာ ငှားတဲ့ ကလပ်၊ ဗန်းတွေ ပြန်အပ်ဖို့ လိုတာ အစရှိတဲ့ ပြန်အပ်ရမယ့် ဝန်ဆောင်မှုတွေ အားလုံး လုပ်ဆောင်ပါ။

Skin care

Skin care ကတေ့ာ သတို့သမီးလေးအတွက် အဓိကပါ။ မျက်နှာမှာ လိမ်းထားတဲ့ မိတ်ကပ်အထပ်ထပ်တွေကို သေချာလေး Cleansing လုပ်ဖို့ လိုသလို Skin care ကောင်းကောင်းသုံးဖို့ လိုပါတယ်နော်။ မျက်နှာအသားအရေ မထိခိုက်စေဖို့အတွက် ပေါင်းတင်တာမျိုး လုပ်ပါ။ ဆံပင်ကိုလည်း ဂရုစိုက်ပေးပါ။ ဆံထုံး ထုံးတဲ့အခါမှာ ကော်တွေ သုံးထာတာ ရှိတယ်မလား၊ ဆံသားနှစ်ခွ မဖြစ်လာအောင်၊ မကြမ်းသွားအောင် ဂရုစိုက်ပေးပါ။

ဟန်းနီးမွန်းအတွက် ပြင်ဆင်ပါ

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းအတွက် ပြင်ဆင်ဖို့ လိုပါတယ်။ မင်္ဂလာပွဲပြီးနောက်မှာ ဟန်းနီးမွန်းအတွက် ခရီးဆောင်အိတ်၊ အသုံးအဆောင်တွေ ထည့်ပါ။ နောက်ပြီး လေယာဉ်လက်မှတ်၊ ကားလက်မှတ်စတဲ့ စစ်ဆေးစရာ ရှိတာတွေ စစ်ဆေးပါ။

နှစ်ကိုယ်တူ အိမ်လေးအတွက်

နှစ်ကိုယ်တူ အိမ်လေးအတွက် လိုအပ်တဲ့ အိမ်တွင်း ပြင်ဆင်မှုတွေလည်း လုပ်ပါ။ အရင်ကလည်း ကြိုပြီး လုပ်ထားတယ်ဆိုပေမယ့် မင်္ဂလာဆောင်ပြီး နောက်နေ့မှာလည်း အိမ်သန့်ရှင်းရေးနဲ့ နေထိုင်ဖို့ သေချာ ပြင်ဆင်တာမျိုးလုပ်ပေးပါ။

စုံတွဲလေးတို့ ဒီအချက်လေးတွေ ပြင်ဆင်ပြီးပြီဆိုရင်တော့ မင်္ဂလာဆောင်ပြီးနောက် အေးအေးဆေးဆေး ဟန်းနီးမွန်း ထွက်လို့ ရပြီနော်။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 23 October 2019 10:28
Rate this item
(1 Vote)
Tagged under