သတို့သမီးဝတ်စုံတွေထဲမှာ ပုလဲကြယ်သီးကို ရွေးဖြစ်တဲ့ Sandra Kim

သတို့သမီးဝတ်စုံတွေထဲမှာ ပုလဲကြယ်သီးကို ရွေးဖြစ်တဲ့ Sandra Kim

Sandra Kim နဲ့ Tim Chun တို့ ချစ်သူအဖြစ်ကို ရောက်ရှိပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ သူတို့နှစ်ယောက် ထိမ်းမြားလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

Sandra Kim က သတို့သမီးဝတ်စုံ ရှာပုံတော် စဖွင့်တယ်။ 

သူက အသားရောင်  သတို့သမီးဝတ်စုံ ကို စိတ်ဝင်စားတယ်။ ပထမဆုံး သူ သွားကြည့်ဖြစ်တဲ့ ဆိုင်မှာ Vera Wang ရဲ့ သတို့သမီးဝတ်စုံ ရှိနေတယ်။ ဇာသားမှာ ပန်းအဖြူတွေ ဖော်ထားတာ အနုစိတ်တယ်။ ဇာထည်က လည်ပင်းအမြင့်အထိမို့ အမြင့်တင့်တယ်လှပါပေတယ်။ ဒါပေမဲ့  Sandra Kim စိတ်ကူးထားတာက အဲဒီလိုဟာမျိုး မဟုတ်ဘူး။ တကယ့်ကို သတို့သမီးဝတ်စုံ ဆန်လွန်းနေတယ်။ အဲဒီလိုမျိုး  Sandra Kim မလိုချင်ဘူး။

 

Sandra_Kim_1_j.PNG

 

Sandra Kim က Vera Wang ရဲ့ နောက်ထပ် သတို့သမီးဝတ်စုံ တစ်ခုကို ဝတ်ကြည့်တယ်။ အသားရောင်ဖြစ်လို့ Sandra Kim နှစ်သက်တဲ့အရောင် ဖြစ်ပါတယ်။ အဖြူဆွတ်ဆွတ်ကို မရွေးဘူးဆိုရင် အခုလို nude (အသားရောင်)ကို ရွေးမယ်လို့ သူက ပြောတယ်။ ခါးမှာ ဘိုးထိုးထားတဲ့ အဝါရောင် တောက်တောက်ကိုလည်း သူ သဘောကျတယ်။  ဒါပေမဲ့ Tim Chun က သတို့သမီးဝတ်စုံကို အဖြူရောင် ဖြစ်စေချင်တယ်လို့ ပြောဖူးတယ်။ ပြီးတော့ သတို့သမီးဝတ်စုံမှန်း သိသာရုံလောက်ပဲ သူ လိုချင်တယ်။ အသားရောင်ဝတ်စုံက သတို့သမီးဝတ်စုံမှန်း သိသာလွန်းနေတယ်။

 

Sandra_Kim_2_j.PNG

 

Sandra Kim က အဖြူရောင် သတို့သမီး ဝတ်စုံကို နောက်ထပ် ဆိုင်တစ်ဆိုင်မှာ စမ်းကြည့်တယ်။ လှတာ ရက်ရက်စက်စက်ပဲ။ စိတ်ထဲ အလိုလို ကြွကြွရွရွ ဖြစ်မိတယ်။ ပခုံးသားတွေ ပေါ်နေတာက ဆွဲဆောင်မှုတစ်ခုပဲ။ လက်တွေရဲ့ အလှလည်း ပြသလို့ ရတယ်။ လေးလေးပင်ပင် စိတ်ထဲ မဖြစ်မိဘူး။ ပေါ့ပါး လွတ်လပ်နေတဲ့ အရသာ ခံစားရတယ်။ တကယ့်ကို သတို့သမီးနဲ့ တူသွားတယ်။

ဒါပေမဲ့ ဈေးက အမေရိကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ဆိုတော့ Sandra အဖို့ များလွန်းနေတယ်။ ဖြူတာတော့ ဖြူပါတယ်။ ဒါပေမဲ့ ဆင်စွယ်ဖြူရောင် ဖြစ်နေတယ်။ အရောင်နဲ့ ဈေး ကြောင့် Sandra မဝယ်ဖြစ်တော့ဘူး ဆိုပါတော့။

 

Sandra_Kim_3.PNG

 

သူနေထိုင်တဲ့ နယူးယောက်မြို့မှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်  သတို့သမီးဝတ်စုံတွေ လိုက်ကြည့်တယ်။ ဆိုင်တစ်ဆိုင်မှာ e Oscar de la Renta ရဲ့ ရင်ကျပ်ဘော်လီနဲ့ ဇာစကပ် တွဲထားတဲ့ သတို့သမီး ဝတ်စုံကို တွေ့လို့ ကိုယ်ပေါ်ကို တင်ကြည့်တယ်။ ရင်ကျပ်ဘော်လီက ဝယ်ပြီဆိုတော့မှ ကိုယ်တိုင်း သေသေချာချာ တိုင်းပြီး အကျပ် ဖြစ်နေအောင် ချုပ်ပေးလိုက်မှာ။ 

"အကျပ်နဲ့ အပွ နှစ်မျိုးစပ်ထားတာ ကျမ သဘောကျတယ်" လို့ သူက ပြောတယ်။ အဖော်လိုက်လာပေးတဲ့ သူ့ညီမကလည်း သဘောကျတယ်။ သူ ဝတ်ကြည့်တယ်။ ရင်သားနှစ်မွှာ အချုပ်ခံထားရပြီး ပြားချပ်နေတာကို သဘောမကျ ဖြစ်မိတယ်။ သူလိုချင်တဲ့ စတိုင်က အဲဒီလိုမျိုး မဟုတ်ဘူး။

ကျပ်ထုပ်လွန်းနေတာ အသက်ရှူရတာတောင် မဝသလို ဖြစ်နေမိတယ်။ မင်္ဂလာပွဲကျရင် အကြာကြီး ဝတ်ထားရမှာ၊ စိတ်အိုက်နေရလိမ့်မယ်။ ခဏတဖြုတ် ဝတ်ရတာဆိုရင်တော့ အကြောင်းလား။

 

Sandra_Kim_4A.PNG

 

 Oscar de la Renta ရဲ့ နောက်ထပ် သတိုးသမီး ဝတ်စုံတစ်ခုကို Sandra Kim ဝတ်ကြည့်ဖြစ်တယ်။ ကျောပြောင် ဒီဇိုင်း။ လွတ်လပ်တယ်။ ဒါပေမဲ့ ရိုးရှင်းလွန်းနေတယ်။  သူ့ကျောပြင်က ငေးကြည့်ရလောက်အောင် မလှတာ သူ သိတယ်။ 

 

Sandra_Kim_5.PNG

 

ပြောင်အသားအဖြူနဲ့ ဒီဇိုင်းထုတ်ထားတဲ့ နောက်ထပ် ဝတ်စုံတစ်ခုက Amsale ရဲ့ သတိုးသမီး ဝတ်စုံဖြစ်ပြီး Sandra Kim ဝတ်ကြည့်ဖြစ်တယ်။ ရင်နှစ်မွှာအထက်နားမှာ ဝတ်စုံက အဆုံးသတ်ထားတယ်။ ဝတ်ကြည့်တာ အဆင်ပြေတယ်။ အချိန်ကြာကြာ ဝတ်ထားရလည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ ထောင့်ချွန်တွေ ထင်ရှားလွန်းနေတယ်။ ရိုးရှင်းလွန်းနေတဲ့ အသားပြောင်ချော ဖြစ်နေတယ်။

 

Sandra_Kim_6.PNG

 

လက်ထပ်ပွဲ လပိုင်းလောက် လိုသေးတော့ အချိန်တွေ ရနေသေးတယ်။ နောက်ထပ် လိုက်ရှာကြည့်လိုက်ဦးမယ်လို့ Sandra  ဆုံးဖြတ်လိုက်တယ်။

အွန်လိုင်းမှာ သူ လိုက်ရှာကြည့်တုန်းက တွေ့ထားတဲ့  Danielle Frankel ရဲ့ သတို့သမီးဝတ်စုံတွေကို စမ်းကြည့်ဖို့ စိတ်ကူးရတယ်။ 

ပခုံးစွန်းကနေ လျှောကျနေသလိုမျိုး ဖြစ်နေတဲ့ ဇာသားလက်ရှည်ကို အရမ်း သဘောကျတယ်။ ဆဲဖီတောင် ရိုက်မိတဲ့အထိပဲ ဆိုပါတော့။ ဒါပေမဲ့ သတို့သမီးဝတ်စုံဆိုတာထက် ပွဲတက်ဝတ်စုံ ပိုဆန်နေတယ်။ Fancy ဖြစ်နေလို့ မဝယ်ဖြစ်ဘူး။

 

Sandra_Kim_7.PNG

 

Danielle Frank ရဲ့ နောက်ထပ်သတို့သမီးဝတ်စုံတစ်ခုကို Sandra အပျော် ဝတ်ကြည့်တယ်။ ဝယ်ဖို့ စိတ်ကူးမရှိဘူး။ ဝတ်လိုက်ရင် ဘယ်လိုနေမလဲ သိချင်လို့ ဝတ်ကြည့်တယ်။ လက်တွေက ရှည်လွန်းနေအောင် တမင်လုပ်ထားတော့ လက်မှာ အရစ်အရစ်တွေ လှိုင်းတွန့်နေတာက ရယ်စရာကောင်းနေတယ်။ ပခုံးသားတွေ ပေါ်နေတာ၊ ပခုံးပေါ်က လျှောကျနေသလို ဖြစ်နေတာတွေကိုတော့ သူ သဘောကျမိတာ အမှန်ပဲ။ 

 

Sandra_Kim_8.PNG

 

သတို့သမီး ဝတ်စုံတွေ အမျိုးမျိုး သူ လိုက်ဝတ်ကြည့်တယ်။ ခံစားကြည့်တယ်။

 

Sandra_Kim_9.PNG

 

နောက်ဆုံးမှာတော့ ပုလဲလုံးတွေကို ကြယ်သီးအလှအဖြစ် တပ်ပေးထားတဲ့ ဝတ်စုံကို သူ ဝယ်ဖြစ်သွားတယ်။ အရောင်ကလည်း Tim Chun က သတို့သမီးဝတ်စုံကို အဖြူရောင် ဖြစ်စေချင်တယ်လို့ ပြောထားတာနဲ့ ကိုက်ညီနေတယ်။ ပြီးတော့ Sandra Kim က ပုလဲလုံးတွေကို သိပ်ကြိုက်တဲ့သူ။ 

"ကျမမှာ ရှိတဲ့ လက်ဝတ်ရတနာတွေက ရွှေနဲ့ ပုလဲချည်းပဲ။ အဲဒီ ဝတ်စုံကို ကျမတွေ့တော့ အရင်ဆုံး သတိပြုမိလိုက်တာက ပုလဲလုံးတွေ အလယ်နေရာမှာ အထက်ကနေ အောက်အထိ တန်းစီနေတာပဲ။  ကြိုက်ပြီလေ။ ဝယ်ပြီပေါ့" လို့ သူက ပြောပြတယ်။

သတို့သမီး ဝတ်စုံတွေ အမျိုးမျိုး သူ လိုက်ဝတ်ကြည့်တယ်။ ခံစားကြည့်တယ်။ နောက်ဆုံးမှာတော့ ပုလဲလုံးတွေကို ကြယ်သီးအလှအဖြစ် တပ်ပေးထားတဲ့ ဝတ်စုံကို သူ ဝယ်ဖြစ်သွားတယ်။ အရောင်ကလည်း Tim Chun က သတို့သမီးဝတ်စုံကို အဖြူရောင် ဖြစ်စေချင်တယ်လို့ ပြောထားတာနဲ့ ကိုက်ညီနေတယ်။ ပြီးတော့ Sandra Kim က ပုလဲလုံးတွေကို သိပ်ကြိုက်တဲ့သူ။ 

"ကျမမှာ ရှိတဲ့ လက်ဝတ်ရတနာတွေက ရွှေနဲ့ ပုလဲချည်းပဲ။ အဲဒီ ဝတ်စုံကို ကျမတွေ့တော့ အရင်ဆုံး သတိပြုမိလိုက်တာက ပုလဲလုံးတွေ အလယ်နေရာမှာ အထက်ကနေ အောက်အထိ တန်းစီနေတာပဲ။  ကြိုက်ပြီလေ။ ဝယ်ပြီပေါ့" လို့ သူက ပြောပြတယ်။

 

Sandra_Kim_10.PNG

 

ပခုံးသားတွေ ပေါ်နေတဲ့ စတိုင်ကိုလည်း သူကြိုက်တယ်။ အမေရိကန်ဒေါ်လာ ၇၀၀၀ ဖြင့် ဝယ်လိုက်တယ်။ Lucy Douglas ဒီဇိုင်းထုတ်ထားတဲ့ သတို့သမီး ဝတ်စုံ ဖြစ်ပါတယ်။

မင်္ဂလာပွဲမှာ ဝတ်ဖို့ သတို့သမီးဝတ်စုံအတွက် အမေရိကန်ဒေါ်လာ ၈၀၀၀ အောက်ကိုပဲ သူသုံးဖို့ ဆုံးဖြတ်ထားတဲ့ ဘတ်ဂျက်ထဲမှာလည်း ဝင်တယ်။ 

 

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အမေရိကန်ဒေါ်လာ ၈၀၀၀ ကို နည်းနည်းကျော်သွားခဲ့ပါတယ်။

အဲဒီအကြောင်းကို နောင်အလျဉ်းသင့်ရင် https://www.weddingguide.com.mm/  မှာ ဆက်လက် တင်ပြပေးပါဦးမယ်။ Sandra Kim နဲ့ Tim Chun တို့ ရဲ့ အချစ်ဇာတ်လမ်းလေးလည်း ခင်းပြပါဦးမယ်။ မင်္ဂလာပွဲမှာ သူတို့ မောင်နှံ ဝတ်စားထားတာ ဘယ်လိုလဲဆိုတာလည်း တင်ပြပါဦးမယ်။

 

Read times Last modified on Friday, 18 September 2020 15:40
Rate this item
(1 Vote)
Tagged under