အိပ်မက်မြို့တော် ပဲရစ်မှာ Prewedding ရိုက်ကူးမယ်ဆို...

အိပ်မက်မြို့တော် ပဲရစ်မှာ Prewedding ရိုက်ကူးမယ်ဆို... google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ရဲ့သတို့သမီးလေးတွေအတွက် Prewedding ရိုက်ကူးဖို့အတွက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့အမိုက်စားနေရာလေးတွေကိုဖော်ပြပေးချင်ပါတယ်။

 

ပဲရစ်ဆိုတာ ကမ္ဘာ့လှည့်ခရီးသွားတွေလည်ပတ်မှုအများဆုံးနေရာတွေထဲကတစ်ခုဖြစ်ပြီးမိန်းကလေးတွေရဲ့အိပ်မက်ထဲကမြို့ဆိုလည်းမမှားပါဘူးနော်။အဲ့ဒီအိပ်မက်မြို့မှာ Prewedding ရိုက်ကူးမယ်ဆို

 

၁. Trocadero

 

Trocadero ကိုလူကြိုက်များရတဲ့အကြောင်းအရင်းက နေထွက်ချိန်လှပတာကြောင့်ဖြစ်ပါတယ်။အီဖယ်တာဝါနဲ့မျက်နှာချင်းဆိုင်နေရာမှာ နေထွက်ချိန်အလင်းရောင်တော်တော်လေးလှပတာကြောင့်

 

Prewedding ရိုက်ကူးမယ်ဆို နေထွက်ဖို့တစ်နာရီလောက်အလိုကတည်းက သွားရောက်ထားသင့်ပါတယ်။

 

၂. Pont Alexandre III

 

Seine မြစ်နဲ့ အီဖယ်တာဝါတို့ကိုနောက်ခံထားပြီး Prewedding ဓာတ်ပုံတို့ကိုဖန်တီးရိုက်ကူးနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

 

သေသပ်လှပပြီးရှေးကျတဲ့ဗိသုကာလက်ရာတွေနဲ့ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုဆိုလည်းမမှားပါဘူး။

 

၃. Louvre Courtyard

 

Louvre နန်းတော်ရဲ့U ပုံသဏ္ဍာန်သဲကျောက်အဆောက်အအုံတွေ၊ပရိမစ်တွေဟာ ညဖက်ထွန်းညှိထားသောမီးရောင်တွေကြောင့်

 

ရွှေရောင်တလက်လက်နဲ့လှပလွန်းလို့ Prewedding သွားရောက်ရိုက်ကူးမယ်ဆိုရင်တော့ ညဖက်သွားရောက်ရိုက်ကူးသင့်ပါတယ်။

 

၄. Tuilleries Garden

 

Tuilleries Garden မှာ Prewedding ရိုက်ကူးမယ်ဆိုနံနက်အစောပိုင်းနဲ့မွန်းလွဲပိုင်းအချိန်တွေသွားရောက်ရိုက်ကူးတာက အလှဆုံးဖြစ်မှာပါ။

 

သန့်ရှင်းလှပပြီးစိမ်းညှို့တဲ့နောက်ခံရှုခင်းတွေကြောင့် Prewedding ဓာတ်ပုံလှလှလေးတွေဖန်တီးနိုင်မှာပါ။

 

၅.Bir Hakeim Bridge

 

Bir Hakeim Bridge မှာ Prewedding ရိုက်ကူးမယ်ဆိုရင်တော့ နေ့လည်ပိုင်းသွားရောက်ရိုက်ကူးတာအကောင်းဆုံးပါပဲ။

 

ကမ္ဘာလှည့်ခရီးသွားတွေလာရောက်တာများတဲ့နေရာဖြစ်လို့ဓာတ်ပုံရိုက်ဖို့အတွက်အချိန်တော့ယူရတတ်ပါတယ်။

 

Reference: samanthaohlsenphotography.com

 

 

 


 


 

prs11

 

၁. Trocadero

 


 


 

prs3

 

၂. Pont Alexandre III

 


 


 

prs1

 

၃. Louvre Courtyard

 


 

 


 

prs

 

၎. Tuilleries Garden

 


 


 

prs4

 

၅.Bir Hakeim Bridge

 


 


 


 

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 03 February 2020 17:02
Rate this item
(0 votes)
Tagged under