မင်္ဂလာမဆောင်ခင် စုံစမ်းမေးမြန်းထားရန် အချက်များ

မင်္ဂလာမဆောင်ခင် စုံစမ်းမေးမြန်းထားရန် အချက်များ

ယနေ့တင်ပြမည့် အကြောင်းအရာကတော့ မင်္ဂလာမဆောင်ခင် စုံစမ်းမေးမြန်းရမည့် အချက်များ အကြောင်းပဲဖြစ်ပါတယ်။

မင်္ဂလာဆောင်မည့် မင်္ဂလာမောင်နှံများအနေဖြင့် မိမိတို့ပြုလုပ်မည့် မင်္ဂလာပွဲအခမ်းအနားတစ်ပွဲအတွက် ကြိုတင် ရှာဖွေထားသင့်သည့် အချက်များနှင့် စုံစမ်းမေးမြန်းထားရမည့် အချက်များကို အောက်တွင် ဖော်ပြပေးထားပါတယ် -

- မင်္ဂလာဆောင်ကဏ္ဍပါသည့် မဂ္ဂဇင်းများကို ကြည့်ရှုခြင်း

- သတင်းစာတွင် ကြော်ငြာထည့်ရန် ဆိုဒ် ရွေးချယ်ထားခြင်း

- လက်ထပ်လက်စွပ် ၀ယ်ယူရန် လက်ဝတ်ရတနာဆိုင်ကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- မင်္ဂလာဆောင်အစီအစဉ်ပါသည့် website links များနှင့် facebook များတွင် ကြိုတင်လေ့လာထားခြင်း

- မင်္ဂလာပွဲအခမ်းအနား အစီအစဉ် ပြသသည့် တီဗီ channel များကို ကြည့်ရှုခြင်း

- မင်္ဂလာဝတ်စုံ ငှား/ချုပ်မည့် ဆိုင်များကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- မိတ်ကပ်၊ ဆံပင် ပြင်ဆင်မည့်သူများကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- ဓာတ်ပုံ ရိုက်မည့်သူများကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- ဗီဒီယို ရိုက်ကူးမည့်သူများကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- ပန်းအလှပြင်သည့် ဆိုင်များကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- တေးဂီတနှင့် ပတ်သက်သည့် အဆိုတော်များကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- အခမ်းအနားမှူး လုပ်သည့်သူများကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- ဟိုတယ်၊ Restaurant၊ ဘုန်းကြီးကျောင်း၊ ခန်းမ တို့ကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- ဖိတ်စာနှင့် လက်ကမ်းစာစောင် ပြုလုပ်မည့်ဆိုင်ကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

- မင်္ဂလာပွဲအသုံးအဆောင်များ ၀န်ဆောင်မှု လုပ်ငန်းကို စိတ်ကြိုက် ရွေးချယ်ထားခြင်း

အစရှိသဖြင့် မင်္ဂလာမောင်နှံ၏ လှပတဲ့ အနာဂတ်အိပ်မက်ကလေးကို စတင်အကောင်အထည်ဖော်ဖို့ မင်္ဂလာမဆောင်ခင် ကြိုတင်စီစဉ်ထားသင့်သည့် အချက်များကို သိထားရန် အတွက် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 17:56
Rate this item
(2 votes)