Prewedding Photo ရိုက်ကူးရာမှာ အထောက်အကူပြုစေဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အခြေခံအချက်များ...
Prewedding Photo ရိုက်ကူးရာမှာ အထောက်အကူပြုစေဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အခြေခံအချက်များ... google
အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို Prewedding Photo ရိုက်ကူးရာမှာ အထောက်အကူပြုစေဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အခြေခံအချက်လေးတွေကိုဖော်ပြပေးချင်ပါတယ်။
Prewedding ကလည်း Actual Wedding လိုပဲ အရေးကြီးတာဖြစ်လို့ အသေးစိပ်စီစဉ်ထားနိုင်မှ ဘယ်အချိန်ပြန်ကြည့်ကြည့် ကြည်နူးစရာကောင်းပြီးအမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ ဓာတ်ပုံလေးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Photographer အနေနဲ့ Prewedding မရိုက်ကူးမီ ကိုယ့်ရဲ့ Client နဲ့အရင်ဆုံး ဘယ်လိုTheme တွေနဲ့ရိုက်ချင်လဲ။
ဘယ်လိုMood မျိုးကိုအဓိကထားရိုက်ချင်လဲဆိုတာကို ဆွေးနွေးထားသင့်ပါတယ်။ဒီလိုဆွေးနွေးမှုလေးက တကယ်မိုက်တဲ့ Prewedding Photo လေးတွေရရှိနိုင်ဖို့ အခြေခံအချက်လေးဖြစ်ပါတယ်။
မင်္ဂလာစုံတွဲတွေအနေနဲ့ Photograhytheme တွေကိုဓာတ်ပုံမရိုက်ကူးခင်ကတည်းကရွေးချယ်ထားပါ။ဥပမာ-
1.Old school
2.Imagination
3.Formal
4.Nature
5.Casual
6.Urban
7.Glamour
8.Panorama
9.Expressive
10.Continuous scene
11.Romantic
12.Unique
စတဲ့ Theme တွေထဲကမှ ဘယ် Theme နဲ့ရိုက်မယ်ဆိုတာကိုစဉ်းစားဆုံးဖြတ်ထားပေးဖို့လိုပါမယ်။
ဓာတ်ပုံရိုက်ကူးမယ့်အချိန်ကို ထည့်စဉ်းစားထားဖို့လည်းမမေ့ပါနဲ့နော်။ Outdoor Prewedding ရိုက်ကူးမယ်ဆို မနက်၆နာရီကနေ မနက်၉နာရီအထိ၊
ညနေ၄ကနေ နေမဝင်ခင်၁နာရီလောက်အထိရယ်က အသင့်တော်ဆုံးပါပဲနော်။
Prewedding Photo ရိုက်ကူးရာမှာ Location ရွေးချယ်တတ်ဖို့ကလည်းအရေးကြီးပါတယ်။
1.ကမ်းခြေ
2.ပန်းခြံ
3.ရှေးဟောင်းအဆောက်အအုံတွေ
4.သမိုင်းဝင်နေရာတွေ
5.ပြတိုက်၊ကော်ဖီဆိုင်နဲ့စားသောက်ဆိုင်တွေ
7.Highway လမ်းမကြီး
စတဲ့ရွေးချယ်စရာနေရာတွေအများကြီးထဲကမှကိုယ်နဲ့အဆင်ပြေဆုံးဖြစ်မယ့် Location တွေကိုရွေးချယ်ပါနော်။
ဒါ့အပြင်မိတ်ကပ်ကဓာတ်ပုံလှလှလေးတွေရရှိစေဖို့ ထောက်ပံ့ပေးတဲ့အရာဖြစ်တာကြောင့် Makeup Artist နဲ့တိုင်ပင်ပြီး ကိုယ်လိုချင်တဲ့ Look ကို အစမ်းပြင်ဆင်ထားကြည့်ဖို့လည်းလိုပါမယ်နော်။
ဓာတ်ပုံရိုက်ကူးမယ့် theme,location တို့နဲ့သင့်တော်အဆင်ပြေပြီး ဝတ်ဆင်မယ့် သတို့သား၊သတို့သမီးတို့နဲ့ လိုက်ဖက်မှုရှိမယ့် မင်္ဂလာဝတ်စုံတွေကိုလည်း ဒီဇိုင်နာတွေနဲ့သေချာတိုင်ပင်ပြီး ပြင်ဆင်ထားပေးပါနော်။
Indoor ပဲရိုက်ရိုက် Outdoor ပဲရိုက်ရိုက် ကူညီလုပ်ကိုင်ပေးမယ့်သူတွေလိုအပ်တာဖြစ်လို့ Staff တွေကို ကြိုတင်ငှားရမ်းတာပဲဖြစ်ဖြစ်၊သူငယ်ချင်းမိတ်ဆွေတွေ၊ညီအစ်ကိုမောင်နှမတွေကို အကူအညီတောင်းတာပဲဖြစ်ဖြစ် စီစဉ်ထားဖို့လိုပါမယ်။
ဓာတ်ပုံအတွက် ကိုယ်နေဟန်ထား(Pose) တွေကို အင်တာနက်ကနေပဲဖြစ်ဖြစ် ကြိုတင်လေ့လာထားပေးပါ။
အားလုံးပဲ တကယ့်ကိုအမှတ်တရဖြစ်မယ့် Prewedding Photo လေးတွေရိုက်ကူးနိုင်ကြပါစေနော်။
Reference: baliphotoshooting.com
Zawgyi ဖြင့်ဖတ်ရန်...
prw
1.Old school
2.Imagination
3.Formal 
4.Nature
5.Casual
6.Urban
7.Glamour
8.Panorama
9.Expressive
10.Continuous scene
11.Romantic
12.Unique
prw2
prw3
1.ကမ်းခြေ
2.ပန်းခြံ
4.သမိုင်းဝင်နေရာတွေ
7.Highway လမ်းမကြီး
prw4
Myanmar Wedding Guide
jjjj
Read times Last modified on Thursday, 30 January 2020 11:21
Rate this item
(0 votes)
Tagged under