မင်္ဂလာပွဲ စီစဉ်ခြင်းအချက်များ - ၃

မင်္ဂလာပွဲ စီစဉ်ခြင်းအချက်များ - ၃ google.com

ဦးစားပေးရမယ့် အရာကိုရွေးချယ်ပါ။

တစ်နေ့လုံးကို ကျွန်မတို့တစ်သက်လုံး အမှတ်ရနေမယ့် ပွဲလေးအဖြစ် လိုချင်ကြပါတယ်။ ပွဲက ပျော်စရာအရမ်း ကောင်းတယ်လို့ လူတွေပြောကြမှာကို ကျွန်မတို့လိုချင်ကြပါတယ်။

 

ကျွန်မတို့ ဒီလိုဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။ ဓါတ်ပုံဆရာ၊ ဒီဂျေသမား စတဲ့ ပွဲအတွက် အမှန်တကယ်အရေးကြီးတဲ့ အရာအနည်းငယ်ကိုရွေးပြီး လုပ်သွားပါ။ ကိုယ်နှစ်သက်သလို လုပ်ဆောင်ပြီး ပျော်စရာဖြစ်နေစေဖို့ မမေ့ပါနဲ့။

 

လူတကာရဲ့အကြိုက်ကို သင်လိုက်မလုပ်နိုင်တာကို သိပါ။

 

လူတိုင်းကို သင်ပျော်အောင်လုပ်လို့မရပါဘူး။ လူတိုင်းအဆင်ပြေအောင် ကြိုးစားပေးနေတာက ပွဲတစ်ခုလုံးကို စိတ်ညစ်စရာမဖြစ်အောင် လုပ်ဖို့လိုပါတယ်။

 

ဒီနေ့ပွဲဟာ သင့်ရဲ့ပွဲဖြစ်လို့ သင်အတွက်ပဲလုပ်ပါ။ ဒီလိုအခွင့်အရေးက ဒီတစ်နေ့ထဲပဲ သင်ရမှာပါ။

 

ဘ၀တစ်လျှောက်လုံး နှစ်ဦးအတူတူလုပ်ဆောင်ကြပါ။

 

ဘယ်လိုပဲ ကောင်းအောင်လုပ်နေပါစေ၊ သင့်မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေမှာ အကြံဥာဏ်တွေ၊ ယူဆချက်တွေ နဲ့ သင့်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူတာတွေတောင် ရှိနေနိုင်ပါတယ်။

 

ဒီလိုနဲ့ သင်တို့ဇနီးမောင်နှံနှစ်ဦး လွယ်လွယ်လေးနဲ့ သဘောထား ကွဲလွဲသွားနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီပွဲက သင်တို့နှစ်ဦးရဲ့ အချစ်နဲ့ အနာဂတ်နဲ့ပဲဆိုင်မှာ ဖြစ်လို့ ဆုံးဖြတ်ရွေးချယ်တာတွေက သင်တို့အတွက်ပဲ ဖြစ်နေပါစေ။ 

 

အရေးကြီးဆုံးကို မှတ်ထားပြီး ဆောင်ရန်နဲ့ ရှောင်ရန်တွေကို မေ့ထားလိုက်ကာ သင့်ရဲ့နှလုံသားဆနအတိုင်းပဲ လုပ်လိုက်ပါ။

 

ဆုံးဖြတ်ချက်တစ်ခုစီတိုင်းဟာ သင်တို့နှစ်ဦးအတွက်ပဲ ဖြစ်နေမယ်ဆိုရင် ဒီပွဲဟာ သင့်ဘ၀ရဲ့အမှတ်တရ အရှိဆုံးနေ့လေးဖြစ်လာပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 15:12
Rate this item
(1 Vote)