ရာသီဥတုအခြေအနေကိုလိုက်ပြီးမင်္ဂလာပွဲကျင်းပမယ့်နေရာနဲ့ဝတ်စုံလေးကိုလိုက်ဖက်မှုရှိအောင်ပြင်ဆင်မယ်...။

ရာသီဥတုအခြေအနေကိုလိုက်ပြီးမင်္ဂလာပွဲကျင်းပမယ့်နေရာနဲ့ဝတ်စုံလေးကိုလိုက်ဖက်မှုရှိအောင်ပြင်ဆင်မယ်...။ google

အားလုံးပဲမင်္ဂလာပါရှင့်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ရာသီဥတု အခြေအနေကိုလိုက်ပြီးမင်္ဂလာပွဲကျင်းပမယ့်နေရာနဲ့ဝတ်စုံလေးကိုလိုက်ဖက်မှုရှိအောင်ဘယ်လိုပြင်ဆင်သင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်နော်။

 

 

မင်္ဂလာပွဲလေး တစ်ပွဲကို ပြုလုပ်တော့မယ် ဆိုရင် ပြင်ဆင်ရမယ့်အချက်လေးတွေက များလွန်းတာကြောင့် ကြိုတင်ပြင်ဆင်နိုင်လေလေ တကယ့် မင်္ဂလာပွဲလေးမှာလိုအပ်ချက် နည်းလေလေလေ ဖြစ်မှာပါ။

 

 

အပြင်အဆင်နဲ့ ရာသီဥတု

 

 

မင်္ဂလာပွဲလေးကို ပြင်ဆင်တော့မယ် ဆိုရင် မင်္ဂလာပွဲ ပြုလုပ်မယ့်အချိန်ရဲ့ ရာသီဥတုကိုပါ ထည့်သွင်း တွက်ချက်ရဖို့လိုပါတယ်နော်။

 

 

ဒါမှ မင်္ဂလာပွဲလေး ပြုလုပ်မယ့်နေရာကို ရွေးချယ်တဲ့အချိန်မှာလိုက်ဖက်မှု ရှိနေမှာပါ။

 

 

ဥပမာ-မင်္ဂလာပွဲကို မိုးတွင်းမှာ ပြုလုပ်ဖို့ ရက်ရွေးထားတယ်ဆိုရင်တော့ ကမ်းခြေမှာ မင်္ဂလာပွဲ ပြုလုပ်တာမျိုးတို့၊ လေဟာပြင်မှာ ဧည့်ခံတာတို့ကို ရှောင်ပြီး မိုးလုံလေလုံတဲ့ခန်းမမှာပြုလုပ်ဖို့ ပြင်ဆင်ရမှာပါ။

 

 

ဝတ်စုံ

 

 

မင်္ဂလာပွဲလေးမှာ ရာသီဥတု အခြေအနေက အရေးကြီးတယ် ဆိုတာကတော့ မင်္ဂလာပွဲလေး ပြုလုပ်မယ့်အချိန်ကို လိုက်ပြီး ဝတ်စုံကို ပြင်ဆင်ရမှာပါ။

 

 

တကယ်လို့ မင်္ဂလာပွဲလေးကို နွေရာသီမှာ ပြုလုပ်မယ်ဆိုရင်ဝတ်စုံကို လက်ရှည်တို့ သိပ်ပူတဲ့ဝတ်စုံမျိုးကို မရွေးချယ်သင့်ပါဘူးနော်။

 

 

ထိုနည်းတူ ဆောင်းဦးမှာ ပြုလုပ်မယ့် မင်္ဂလာပွဲလေး အတွက်ရင်ပြတ်ဝတ်စုံလေးတို့ ဇာသားများတဲ့ဝတ်စုံလေးတို့ ပြင်ဆင်လိုက်တာကလည်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူးနော်။

 

 

မင်္ဂလာပွဲလေးမှာ အလိုက်ဖက်ဆုံး ပြင်ဆင်မှုကို ဖြစ်ပေါ်စေနိုင်ဖို့ အတွက်ကတော့ ရာသီဥတု အခြေအနေကို လိုက်ပြီး မင်္ဂလာပွဲ ကျင်းပမယ့်နေရာကို ရွေးချယ်ရမှာဖြစ်ပြီးဝတ်စုံလေးကိုလည်းလိုက်ဖက်မှုရှိတာမျိုးဖြစ်စေဖို့ပြောပြပေးလိုက်ရပါတယ်။

 

 

သတို့သမီးလေးတွေအားလုံးပဲ စိတ်ကူးနဲ့ ထပ်တူကျတဲ့ မင်္ဂလာပွဲလေး ပြင်ဆင်နိုင်ကြပါစေရှင်။

 

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 


 

wed1

 

အပြင်အဆင်နဲ့ ရာသီဥတု

 


 


 


 

wed2

 

ဝတ်စုံ

 


 


 


 

wed5

 


 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 13 February 2020 16:50
Rate this item
(0 votes)
Tagged under