မင်္ဂလာဆောင်အတွက် အခါတော်ပေးသီချင်းနှင့်တီးဝိုင်းပြင်ဆင်မှု

မင်္ဂလာဆောင်အတွက် အခါတော်ပေးသီချင်းနှင့်တီးဝိုင်းပြင်ဆင်မှု google.com

သတို့သား၊ သတို့သမီးတို့နှစ်ဦး မိဘဆွေမျိုးမိတ်သင်္ဂဟများရှေ့မှောက်တွင် မင်္ဂလာခန်းမ၌ ချစ်ခင်စုံမက်ပေါင်းဖက်ကြသည့်အချိန်တွင်

စင်မြင့်ထက်မှ တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်းကို မင်္ဂလာအခါတော်ပေးသီချင်းသီဆိုခြင်းလို့ခေါ်ပါတယ်။ မြန်မာ့ရိုးရာထုံးတမ်းဓလေ့အရ သတို့သား၊ သတို့သမီးတို့နှစ်ဦး၏ မင်္ဂလာပွဲကို အခါတော်ပေးသီချင်းသီဆို၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။

 

တစ်သက်မှာတစ်ခါသာဆောင်ရတဲ့ မင်္ဂလာပွဲကို လူတိုင်းကတော့ ခမ်းခမ်းနားနား ဖြစ်စေချင်ကြတာ သဘာဝပါ။ ခမ်းနားပြီး ပြီးပြည့်စုံတဲ့မင်္ဂလာပွဲဖြစ်ဖို့အတွက် ပြင်ဆင်ရတဲ့အထဲမှာ မင်္ဂလာတေးသီချင်းများသီဆိုဂုဏ်ပြုပေးမယ့် မင်္ဂလာတီးဝိုင်းကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။ ဒါ့ကြောင့် မင်္ဂလာပွဲအတွက် တီးဝိုင်းငှားရာမှာ အထူးဂရုပြုဖို့လိုအပ်ပါတယ်။

 

Wedding Music Band

 

ကိုယ့်မင်္ဂလာပွဲကို လာရောက်ဂုဏ်ပြုကြမယ့် အဆိုတော်တွေဟာ အ၀တ်အစားဝတ်ဆင်ရာမှာ သပ်သပ်ရပ်ရပ် ၀တ်ဆင်သင့်ပြီး ဟော့ဟော့ရမ်းရမ်း ဖြစ်စေမယ့်အ၀တ်အစားများ ၀တ်ဆင်ခြင်းကို ရှောင်ကြဉ်ခိုင်းဖို့လိုပါတယ်။ နောက်ပြီး သီဆိုမယ့်သီချင်းအမျိုးအစားထဲမှာလည်း အလွမ်းအဆွေးသီချင်းများ ထည့်သွင်းသီဆိုချင်းမပြုဖို့လိုပါတယ်။ သတို့သား၊ သတို့သမီး တို့သာမက နှစ်ဖက်မိဘဆွေမျိုး အသိုင်းအ၀ိုင်းများနှင့် ဧည့်ပရိတ်သတ်များ မင်္ဂလာယူနေတဲ့အချိန်ဖြစ်တဲ့အတွက် စိတ်ကြည်လင်မှုကိုပေးစွမ်းနိုင်မယ့် အချစ်သီချင်းမျိုးကိုသာ ရွေးချယ်သီဆိုတတ်ဖို့လိုပါတယ်။

 

Read More: ဘိသိက်ဆရာတစ်ဦးမှာရှိသင့်တဲ့အရည်အချင်းများ

 

ဘုန်းကြီးကျောင်းမှာပြုလုပ်မယ့် မင်္ဂလာပွဲအတွက် တေးသံရှင်၊ စောင်း၊ တယော အစရှိတဲ့အနုပညာရှင်များ တစ်ဦးချင်းစီအလိုက်ငှားရမ်းကြတာမျိုးရှိသလို အချို့ဘုန်းကြီးကျောင်းတွေအနေနဲ့ကတော့ နေရာအခက်အခဲကြောင့် တီးဝိုင်းစီစဉ်လို့မရတာမျိုးလည်းရှိပါတယ်။ ဟိုတယ်မှာ မင်္ဂလာဆောင်မယ့်သူတွေအတွက်လည်း အခါတော်ပေးသီဆိုပေးမယ့် အဆိုရှင်ကို တစ်ဦးချင်းစီအလိုက်သော်လည်းကောင်း တီးဝိုင်းအလိုက်သော်လည်းကောင်း ငှားရမ်းကြလေ့ရှိပါတယ်။

 

မင်္ဂလာတေးသီချင်းများသီဆိုဖျော်ဖြေပေးတဲ့ တေးသံရှင်များကတော့ နေ့ဘက်မင်္ဂလာဆောင်တွေမှာ တစ်ဦးကို ၂ ပုဒ်စီခန့်ဖျော်ဖြေပေးပြီး ညဘက်မင်္ဂလာဆောင်တွေမှာ တစ်ဦးကို ၃ ပုဒ်စီခန့်သီဆိုဖျော်ဖြေပေးတယ်လို့သိရပါတယ်။

 

မင်္ဂလာဆောင်မယ့်သူတွေအတွက် တီးဝိုင်းငှားရမ်းဖို့ အဆင်ပြေစေရန် တီးဝိုင်းအချို့ရဲ့ဆက်သွယ်ရန်လိပ်စာများနဲ့ဖုန်းနံပါတ်များကို အောက်ပါလင့်ခ်ကိုနှိပ်ပြီး ၀င်ရောက်စုံစမ်းနိုင်ပါတယ်။

 

https://goo.gl/WX3iK8

 

                                                                                Author – Nyi Min Khant

Read times Last modified on Wednesday, 19 September 2018 11:02
Rate this item
(1 Vote)