ကိုယ့်ဇနီးလေးက ထမင်းဟင်း မချက်တတ်ဘူးဆိုရင်

ကိုယ့်ဇနီးလေးက ထမင်းဟင်း မချက်တတ်ဘူးဆိုရင် google.com

ဇနီးလေးက ထမင်းဟင်းမချက်တတ်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေ သုံးပြီးချက်ခိုင်းကြည့်လို့ ရပါတယ်နော်...

 

ခုနောက်ပိုင်းမှာ မိန်းကလေးတွေလည်း အလုပ်လုပ်လာကြတယ်မလားနော်။ အိမ်ထောင်ဦးစီးဆိုတဲ့ နေရာမှာ အရင်လို ယောက်ျားတစ်ယောက်တည်း မဟုတ်တော့ဘဲ ဇနီးတွေပါ ကူညီပြီးလုပ်ဆောင်လာကြပါတယ်။ အပြင်မှာ အလုပ်လုပ်ကြတာ ဖြစ်တဲ့အတွက် အိမ်မှုကိစ္စတွေမှာ ရာနှုန်းပြည့် လုပ်ဆောင်တာတွေတော့ လျော့နည်းတတ်ကြပါတယ်။ ကိုယ့်ဇနီးလေးက အပြင်အလုပ်တွေ လုပ်ရလို့ ထမင်းဟင်း မချက်တတ်ဘူး၊ အိမ်မှုကိစ္စ မနိုင်နင်းဘူးဆိုရင် ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာ ပြောပြမယ်နော်။

 

မချက်တတ်လည်း ချက်စားဖို့ ပြင်ဆင်ပါနော်။ ထမင်းဟင်းချက်တဲ့နေရာမှာ ဘာတွေလိုအပ်သလဲဆိုတာတော့ စုံတွဲလေးတို့ အကြမ်းဖျဉ်း သိထားပြီး ဖြစ်မှာပါ။ ဒီတော့ ထမင်းဟင်းချက်ဖို့အတွက် ပစ္စည်းတွေ ဝယ်သာဝယ်လိုက်ပါ။ ဟင်းချက်စရာ ပစ္စည်းတွေ ရှိလာပြီဆိုရင်တော့ ချက်စားဖြစ်ဖို့ (၅၀%) သေချာနေပါပြီနော်။

 

ဇနီးလေးက ဟင်းသိပ်မချက်ချင်ဘူးဆိုရင်တော့ ကိုကိုတို့က ချော့မော့ပြီး ပြောဖို့ လိုပါတယ်နော်။ လက်ရာလေး စားချင်တယ်၊ ကောင်းကောင်း မကောင်းကောင်း စားပါ့မယ်ဆိုတာမျိုးလေး ပြောပေးပါ။ နောက်တစ်ခုကတော့ ဇနီးချောလေးက ကူလုပ်၊ ကိုကိုက ဦးဆောင်ပြီး ချက်မယ်ဆိုတာမျိုးပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် မီးဖိုချောင်ထဲ ဝင်ဖို့ပဲမလားနော်။ မီးဖိုချောင်ထဲမှာဆိုရင်တော့ တစ်ယောက် တလှည့်ကူညီရင်း ဇနီးလေးလည်း ထမင်းဟင်း ချက်ချင်လာမှာ သေချာပါတယ်။

 

ပျော်ပျော်ရွှင်ရွှင် ထမင်းဟင်းချက်ဖို့အတွက် နည်းမသိဘူးဆိုရင် YouTube မှာ ရှာကြည့်တာ၊ ဟင်းချက်နည်းစာအုပ်တွေ ဖတ်ပြီး ချက်တာမျိုး လုပ်ဆောင်ပါနော်။ ဒီလိုဆိုရင် ဖတ်လိုက် ချက်လိုက် နှစ်ယောက်သား တိုင်ပင်လိုက်နဲ့ ပျော်ရွှင်စရာ အရမ်းကောင်းတဲ့ အချိန်လေး ဖြစ်မှာ သေချာပါတယ်။

 

ဇနီးလေးက ဟင်းချက် သိပ်မကျွမ်းကျင်ဘူးဆိုရင် ကိုကိုတို့က အရင်ဆုံး ချက်ပြဖို့ မမေ့ပါနဲ့နော်။ လိုက်ကြည့်ခိုင်းတာ လိုက်မှတ်ခိုင်းတာလေးတွေ လုပ်ပါ။ ဒါမှ ဇနီးလေးက တဖြည်းဖြည်း မှတ်မိလာပြီး ဟင်းလိုက်ချက်ချင်မှာပါ။ နောက်တော့ တဖြည်းတဖြည်း မှတ်မိလာမှာပေါ့နော်။

 

ကိုကိုတို့ရဲ့ ဇနီးလေးက ထမင်းဟင်းမချက်တတ်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေ သုံးပြီး ချက်ခိုင်းကြည့်လို့ ရပါတယ်နော်။ အလုပ်တစ်ဖက်နဲ့ဆိုတော့ ဖွယ်ဖွယ်ရာရာ မချက်နိုင်ဘူးဆိုရင်တောင် စားလို့ရအောင်တော့ ဇနီးလေးက ချက်ကျွေးမှာပါနော်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 December 2018 11:18
Rate this item
(1 Vote)