ဘိသိက်ဆရာဆိုတာ မင်္ဂလာဧည့်ခံပွဲတစ်ခုရဲ့အရေးပါဆုံးလူတစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ မင်္ဂလာအခမ်းအနား စ၊လယ်၊ဆုံး
အစီအစဉ်တကျဖြစ်အောင် ပြင်ဆင်တတ်တဲ့ အရည်အချင်းရှိဖို့အရေးကြီးပါတယ်။ သီချင်းဆိုပြိုင်ပွဲတွေ၊ တီဗွီ အစီအစဉ်တွေ၊ ကစားပွဲတွေမှာ အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ်ပြုလုပ်နေတဲ့သူတွေအတွက် ဘိသိက်ဆရာတစ်ဦးအဖြစ်ကျွမ်းကျင်စွာပြုလုပ်နိုင်ရန် မခက်ခဲပေမယ့် မင်္ဂလာဧည့်ခံပွဲရဲ့ရိုးရာဓလေ့ထုံးတမ်းတွေကို လေ့ကျက်ထားဖို့လိုပါမယ်။ ဘုန်းကြီးကျောင်းလိုနေရာမျိုးမှာ မင်္ဂလာဧည့်ခံပွဲပြုလုပ်မယ့်သူတွေအတွက် ဘိသိက်ဆရာမပါလည်းရပေမယ့် ဟိုတယ်လိုနေရာမျိုးမှာ မင်္ဂလာပွဲပြုလုပ်မယ်ဆိုရင်တော့ ဘိသိက်ဆရာက အရေးအကြီးဆုံး အခန်းကဏ္ဍမှာပါဝင်သွားပါပြီ။
မင်္ဂလာဧည့်ခံပွဲတစ်ခုမှာ ဘိသိက်ဆရာအဖြစ် စီစဉ်တင်ဆက်မယ့်သူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ အရေးကြီးတဲ့အချက်အလက်များကို အောက်မှာဖော်ပြပေးမှာဖြစ်ပါတယ်။
- ဘိသိက်ဆရာတစ်ဦးမှာရှိသင့်တဲ့ အရည်အချင်းတွေထဲက အရေးအကြီးဆုံးအချက်ကတော့ အသံ၏ကောင်းခြင်းပဲဖြစ်ပါတယ်။ အသံကြည်လင်ပြတ်သားမှုရှိပြီး ကိုယ်နေဟန်ထား ကောင်းကောင်းနှင့် စီစဉ်တင်ဆက်နိုင်မှသာ ဧည့်ပရိတ်သတ်ရဲ့အာရုံစူးစိုက်မှုကိုရရှိမှာဖြစ်ပါတယ်။
- သတို့သား၊ သတို့သမီးတို့ရဲ့မိသားစုအသိုင်းအ၀ိုင်းများနှင့် ဘွဲ့ထူးဂုဏ်ထူးတွေကို မင်္ဂလာဧည့်ခံပွဲသို့လာရောက်တဲ့ ဧည့်ပရိတ်သတ်များ စိတ်ဝင်စားအောင် စီစဉ်တင်ဆက်နိုင်ဖို့လိုအပ်ပါတယ်။
- မင်္ဂလာဧည့်ခံပွဲရဲ့အစီအစဉ်အသေးစိတ်ကို ဧည့်ပရိတ်သတ်များသိရှိအောင် ကြိုတင်ပြောပြထားမှသာ ဧည့်ပရိတ်သတ်က မင်္ဂလာပွဲနှင့် လိုက်လျောညီထွေဖြစ်မှာဖြစ်ပြီး လက်ခုပ်ချီးမြှင့်ရမယ့်အချိန်ရောက်လျှင်လည်း ဧည့်ပရိတ်သတ်ကို သတိပေးပြောကြားနိုင်ဖို့လိုအပ်ပါတယ်။
- နောက်ပြီး သတို့သား၊ သတို့သမီး၊ မိဘ များကို နေရာချထားပေးပြီး ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ ကြိုတင်အသိပေးထားမှသာ ချောမွေ့ပြေပြစ်တဲ့ မင်္ဂလာပွဲတစ်ခုကိုရရှိလာမှာဖြစ်ပါတယ်။
မင်္ဂလာဧည့်ခံပွဲအတွက် ဘိသိက်ဆရာရဲ့အကျိုးဆောင်ခကတော့ တက်သစ်စဘိသိက်ဆရာများအနေနဲ့ ၁ သိန်းကျပ်ခန့်ပေးရပြီး၊ ၀ါရင့်ဘိသိက်ဆရာများကတော့ ၂ သိန်းကျပ်ခန့်ယူတယ်လို့သိရပါတယ်။
(ဈေးနှုန်းများအပြောင်းအလဲရှိနိုင်ပါသည်)
အောက်ပါလင့်ခ်ကိုနှိပ်ပြီး ဘိသိက်ဆရာများရဲ့ဆက်သွယ်ရမယ့်လိပ်စာနဲ့ဖုန်းနံပါတ်များကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Author – Nyi Min Khant