မင်္ဂလာပွဲလေး အတွက် ပြင်ဆင်တဲ့အချိန်မှာ သတိထားရမယ့်ရာသီဥတုအခြေအနေ

မင်္ဂလာပွဲလေး အတွက် ပြင်ဆင်တဲ့အချိန်မှာ သတိထားရမယ့်ရာသီဥတုအခြေအနေ google.com

ရာသီဥတု အခြေအနေကို လိုက်ပြီး မင်္ဂလာပွဲ ကျင်းပမယ့်နေရာကို ရွေးချယ်ရမှာ ဖြစ်ပြီး ဝတ်စုံလေးကိုလည်း လိုက်ဖက်မှု ရှိတာမျိုး ဖြစ်စေဖို့ပြောပြပေးလိုက်ရပါတယ်။

 

မင်္ဂလာပွဲလေး တစ်ပွဲကို ပြုလုပ်တော့မယ် ဆိုရင် ပြင်ဆင်ရမယ့်အချက်လေးတွေက များလှပါတယ်။ ပြင်ဆင်မှု ပြုလုပ်တဲ့အချိန်မှာလည်း ကြိုတင် ပြင်ဆင်နိုင်လေလေ တကယ့် မင်္ဂလာပွဲလေးမှာ

 

လိုအပ်ချက် နည်းလေလေလေ ဖြစ်မှာပါ။ အရေးကြီးတဲ့အရာတွေ အတွက် ပြင်ဆင်တဲ့အချိန် မမေ့အောင် ဘယ်လိုပြုလုပ်ရမလဲ ဆိုတာကိုလည်း ပြောပြထားပါတယ်နော်။ အခု တစ်ခါ ပြောပြပေးချင်တာကတော့

 

 

မင်္ဂလာပွဲလေး အတွက် ပြင်ဆင်တဲ့အချိန်မှာ သတိထားရမယ့်ရာသီဥတုအခြေအနေအကြောင်းပဲ ဖြစ်ပါတယ်။

 

 

အပြင်အဆင်နဲ့ ရာသီဥတု

 

မင်္ဂလာပွဲလေးကို ပြင်ဆင်တော့မယ် ဆိုရင် မင်္ဂလာပွဲ ပြုလုပ်မယ့်အချိန်ရဲ့ ရာသီဥတုကိုပါ ထည့်သွင်း တွက်ချက်ရမှာပဲ ဖြစ်ပါတယ်။ ဒါမှ မင်္ဂလာပွဲလေး ပြုလုပ်မယ့်နေရာကို ရွေးချယ်တဲ့အချိန်မှာ

 

လိုက်ဖက်မှု ရှိနေမှာပါ။ မင်္ဂလာပွဲကို မိုးတွင်းမှာ ပြုလုပ်ဖို့ ရက်ရွေးထားတယ်ဆိုရင်တော့ ကမ်းခြေမှာ မင်္ဂလာပွဲ ပြုလုပ်တာမျိုးတို့၊ လေဟာပြင်မှာ ဧည့်ခံတာတို့ကို ရှောင်ပြီး မိုးလုံ လေလုံတဲ့ခန်းမမှ

 

ပြုလုပ်ဖို့ ပြင်ဆင်ရမှာပါ။ တခါတလေကျရင် မင်္ဂလာမောင်နှံလေးတို့က မင်္ဂလာပွဲ ပြုလုပ်မယ့်အချိန်ရဲ့ ရာသီဥတုကို မင်္ဂလာပွဲလေး ပြင်ဆင်လိုက်တဲ့အချိန် ထည့်တွက်ဖို့ မေ့သွားတတ်လို့ပါ။

 

ဝတ်စုံကိုလည်း သတိထားပေးပါနော်

 

 

မင်္ဂလာပွဲလေးမှာ ရာသီဥတု အခြေအနေက အရေးကြီးတယ် ဆိုတာကတော့ မင်္ဂလာပွဲလေး ပြုလုပ်မယ့်အချိန်ကို လိုက်ပြီး ဝတ်စုံကို ပြင်ဆင်ရမှာပါ။ တကယ်လို့ မင်္ဂလာပွဲလေးကို နွေရာသီမှာ ပြုလုပ်မယ်ဆိုရင်

 

 

ဝတ်စုံကို လက်ရှည်တို့ သိပ်ပူတဲ့ဝတ်စုံမျိုးကို ရွေးချယ်မိတာမျိုးကတော့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှု မဟုတ်လို့ပါနော်။ ဒီအတိုင်းပါပဲ။ ဆောင်းဦးမှာ ပြုလုပ်မယ့် မင်္ဂလာပွဲလေး အတွက်

 

ရင်ပြတ်ဝတ်စုံလေးတို့ ဇာသားများတဲ့ဝတ်စုံလေးတို့ ပြင်ဆင်လိုက်တာကလည်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူးနော်။

 

မင်္ဂလာပွဲလေးမှာ အလိုက်ဖက်ဆုံး ပြင်ဆင်မှုကို ဖြစ်ပေါ်စေနိုင်ဖို့ အတွက်ကတော့ ရာသီဥတု အခြေအနေကို လိုက်ပြီး မင်္ဂလာပွဲ ကျင်းပမယ့်နေရာကို ရွေးချယ်ရမှာ ဖြစ်ပြီး ဝတ်စုံလေးကိုလည်း

 

 

လိုက်ဖက်မှု ရှိတာမျိုး ဖြစ်စေဖို့ပြောပြပေးလိုက်ရပါတယ်။ စိတ်ကူးနဲ့ ထပ်တူကျတဲ့ မင်္ဂလာပွဲလေး ပြင်ဆင်ဖို့ လိုအပ်တာတွေကိုလည်း သိထားပေးပါနော်။

 

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 10:35
Rate this item
(1 Vote)