Pre-wedding ဓာတ်ပုံ ရိုက်တော့မယ်ဆိုရင်

Pre-wedding ဓာတ်ပုံ ရိုက်တော့မယ်ဆိုရင်

မင်္ဂလာပွဲဧည့်ခံပွဲမပြုလုပ်ခင်မှာ ချစ်သူနှစ်ဦးအတွက်တစ်ဘ၀စာလုံး အမှတ်တရများအဖြစ် သိမ်းဆည်းသွားနိုင်မယ့်

အလှဓာတ်ပုံရိုက်ကူးခြင်းအခန်းကဏ္ဍကို Pre-wedding ဓာတ်ပုံရိုက်ကူးခြင်းလို့ ယေဘုယျသတ်မှတ်လို့ ရပါတယ်။ အဆိုပါ အလှဓာတ်ပုံတွေကို မင်္ဂလာပွဲအတွက် ဖိတ်စာပြုလုပ်တဲ့အခါ ထည့်သွင်းပုံနှိပ်လို့ ရသလို မင်္ဂလာပွဲကျင်းပတဲ့အခါမှာလည်း ခန်းမအတွင်း၊အပြင် ပုံကြီးများချဲ့ပြီးဖော်ပြလေ့ရှိကြပါတယ်။

 

Pre-wedding ဓာတ်ပုံရိုက်ကူးခြင်းကို ဖလင်ခေတ်ကတည်းကစတင်ခဲ့တာဖြစ်ပြီး ယခုလက်ရှိအချိန်ထိ Indoor, Outdoor ဒီဇိုင်းမျိုးစုံနဲ့ ရိုက်ကူးလျက်ရှိပါတယ်။ Pre-wedding ဓာတ်ပုံရိုက်ကူးရန်အတွက် ဓာတ်ပုံဆရာ (သို့မဟုတ်) ဓာတ်ပုံစတူဒီယို ရွေးချယ်ရာမှာလည်း အင်မတန်အရေးကြီးလှပါတယ်။ အနည်းဆုံး စတူဒီယို ၂ခု ၃ခု ခန့် သွားရောက်ပြီး ကိုယ့်အရှေ့ ကမင်္ဂလာဆောင်ခဲ့တဲ့ စီနီယာများရဲ့ Pre-wedding ရိုက်ကူးမှုများကို သွားရောက်လေ့လာပြီးမှ ကိုယ့်စိတ်ကြိုက် စတူဒီယိုကိုရွေးချယ်သင့်ပါတယ်။

 Pre Wedding Photo

အချို့ စုံတွဲတွေကတော့ Pre-wedding ဓာတ်ပုံရိုက်ကူးမှုကို မလိုအပ်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ ဇနီးမောင်နှံလောင်းတို့ အတွက် မင်္ဂလာမဆောင်ခင်ရိုက်ကူးခဲ့တဲ့ အလှဓာတ်ပုံတွေကို အိမ်ထောင်ကျပြီး ဘယ်အချိန်ပြန်ကြည့်ကြည့် ချစ်ခင်နှစ်သက်ဖို့ကောင်းတဲ့ခံစားချက်မျိုးကို အိမ်ထောင်သက်တစ် လျှောက်လုံးခံစားနိုင်ဖို့ အတွက် Pre-wedding ဓာတ်ပုံရိုက်ကူးမှုဟာ အင်မတန်လိုအပ်တဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ Pre-wedding ဓာတ်ပုံရိုက်ကူးမှုကိုတော့ မင်္ဂလာပွဲမပြုလုပ်ခင် အနည်းဆုံး ၃လ (သို့ မဟုတ်) ၆လ ခန့် အလိုကတည်းက ရိုက်ကူးသင့်ပါတယ်။

 

ဓာတ်ပုံစတူဒီယိုမှ ယခင်ရိုက်ကူးခဲ့တဲ့ အလှဓာတ်ပုံများကို လေ့လာပြီး ကိုယ့်စိတ်ကြိုက်ဖြစ်တဲ့ စတူဒီယိုတွေ့ပြီဆိုရင်တော့ ကိုယ့်ရဲ့ Pre-wedding ဓာတ်ပုံရိုက်ကူးမှုအကောင်းဆုံးဖြစ်ဖို့ အတွက် ဓာတ်ပုံစတူဒီယိုကို မေးခွန်းအနည်းငယ်မေးဖို့ လိုအပ်လာပါပြီ။ ဘယ်လိုမေးခွန်းတွေမေးဖို့ လိုအပ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

-       Indoor/Outdoor နှစ်ခုစလုံးရိုက်ပေးလား

-       ရိုက်ပေးတယ်ဆိုရင် ဈေးနှုန်းဘယ်လိုကွာခြားလဲ

-       ဘယ်လို Package တွေရှိလဲ

-       အဆိုပါ Package တွေထဲမှာ မိတ်ကပ်၊ ၀တ်စုံနှင့် အခြားတွဲဖက်အသုံးအဆောင်ပစ္စည်းများ ပါမပါ

-       အနောက်တိုင်းဝတ်စုံ (သို့ မဟုတ်) မြန်မာဝတ်စုံ ဈေးနူန်း

-       Outdoor ရိုက်မယ်ဆိုရင် ကားစီစဉ်ပေးခြင်းရှိ/မရှိ ၊ နယ်ထွက်ရိုက်ပေး/မပေး

အစရှိတဲ့မေးခွန်းတွေကို ဓာတ်ပုံဆရာ (သို့ မဟုတ်) စတူဒီယိုကို အခြေခံအနေနဲ့ မေးဖို့ လိုပါတယ်။

 

ယခုလက်ရှိ Pre-wedding ရိုက်ကူးလျက်ရှိတဲ့ စတူဒီယို အများစုကတော့ Indoor/Outdoor နှစ်ခုစလုံး ရွေးချယ်ရိုက်ကူးလို့ ရပြီးအချို့ စတူဒီယိုများကတော့ Pre-wedding အတွက် နိုင်ငံခြားခရီးစဉ် Package များပါပြုလုပ်ထားတာကိုတွေ့ ရပါတယ်။ Indoor ရိုက်ကူးခြင်းကိုတော့ ဓာတ်ပုံစတူဒီယိုများအတွင်းမှာသာ ရိုက်ကူးလေ့ရှိပြီး Outdoor ရိုက်ကူးခြင်းကို ပန်းခြံ၊ ဘုရားကျောင်းအ၀င်ဝများ၊ ကမ်းခြေများနှင့် အခြားသော ရှုခင်းလှပတဲ့ နေရာများမှာ ရိုက်ကူးလေ့ရှိပါတယ်။ ရွှေတိဂုံဘုရား၊ ပုဂံမြို့ ရှိစေတီပုထိုးများ၊ ကမ်းခြေများဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ အေးချမ်းပြီး တိတ်ဆိတ်တဲ့မြို့ များဖြစ်တဲ့ ပြင်ဦးလွင်၊ တောင်ကြီး၊ ကလော၊ အင်းလေး အစရှိသော နေရာဒေသများမှာ Pre-wedding ဓာတ်ပုံရိုက်ကူးမှုများပြုလုပ်လေ့ရှိကြပါတယ်။

 

Pre-wedding ဓာတ်ပုံရိုက်ကူးမှုအတွက် စတူဒီယိုအချို့ ရဲ့ ဈေးနှုန်းတွေကို ဖော်ပြပေးသွားပါမယ်။

 

Love Diary စတူဒီယိုမှာ Pre-wedding အတွက် Indoor ရိုက်ကူးမယ်ဆိုရင် ကိုယ်ဝတ်ဆင်မယ့်ဝတ်စုံ အရေအတွက်အလိုက် အနည်းဆုံးကျပ် ၁ သိန်းကျော်ကနေ ၅ သိန်းကျပ်ဝန်းကျင်အထိကုန်ကျမယ်လို့ သိရပါတယ်။ အဆိုပါဈေးနှုန်းထဲတွင်တော့ ရိုက်ကူးရေးအတွက်လိုအပ်တဲ့ မိတ်ကပ်၊ ဆံပင် အပြင်အဆင်နှင့်အခြားအသုံးအဆောင်များပါဝင်တယ်လို့ သိရပါတယ်။ မြို့ တွင်းရိုက်ကူးမယ့်နေရာကို ကိုယ့်အစီအစဉ်ဖြင့်ကိုယ်သွားရမှာဖြစ်ပြီး ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ ဆောင်ရမယ့်အခွန်အခကိုလည်း သတို့သား၊ သတို့သမီးဘက်ကပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ Outdoor ရိုက်ကူးမယ့်သူတွေအတွက် ၀တ်စုံ ၁ စုံ (သို့ မဟုတ်) ၂ စုံဝတ်ဆင်ပြီးရိုက်ကူးမယ်ဆိုရင် မြို့ တွင်းသာ ရိုက်ကူးလို့ ရမှာဖြစ်ပြီး ကုန်ကျစရိတ်အနည်းဆုံးကျပ် ၂ သိန်းကျော်ကနေ ၉ သိန်းခန့် အထိကျသင့်မှာဖြစ်ပါတယ်။ ၀တ်စုံ ၃ စုံဝတ်ဆင်ရိုက်ကူးမယ်ဆိုရင်တော့ ခရီးထွက်ပြီး ရိုက်ကူးလို့ ရမှာဖြစ်တယ်လို့ သိရပါတယ်။ ခရီးထွက်ပြီး ရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံဆရာနှင့် ရိုက်ကူးရေးအဖွဲ့ အတွက် ခရီးစဉ်အစအဆုံး စရိတ်ကို သတို့သား၊ သတို့ သမီးဘက်မှ ကုန်ကျခံပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ Love DiaryPhoto Studioနဲ့ ပတ်သက်ပြီးအသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


https://www.weddingguide.com.mm/wedding-service/yangon-region/ahlone/45-photo-studio-labs/L166005_L161871403_love-diary

 

Peter’s The Bridal Gardenစတူဒီယိုမှာတော့ Pre-wedding ရိုက်ကူးရန်အတွက် Indoor အနောက်တိုင်းဝတ်စုံ ၁ စုံနှင့်ရိုက်ကူးမယ်ဆိုရင် ၂ သိန်းကျပ်ခန့် ကုန်ကျမှာဖြစ်ပြီး မြန်မာဝတ်စုံနှင့်ရိုက်ကူးမယ်ဆိုရင် ၃ သိန်းကျပ်ခန့် ကုန်ကျမှာဖြစ်ပါတယ်။ မြန်မာဝတ်စုံ ၁ စုံ၊ အနောက်တိုင်းဝတ်စုံ ၁ စုံနှင့်ရိုက်ကူးမယ်ဆိုရင် ၅ သိန်းကျပ်ခန့် ကုန်ကျမှာဖြစ်ပြီး မြန်မာဝတ်စုံ ၂ စုံ၊ အနောက်တိုင်းဝတ်စုံ ၁ စုံနှင့်ရိုက်ကူးမယ်ဆိုရင် ၆ သိန်းကျပ်ခန့် ကုန်ကျမှာဖြစ်ပါတယ်။ အဆိုပါကုန်ကျစရိတ်များထဲတွင် တွဲဖက်အသုံးအဆောင်များဖြစ်သည့် မိတ်ကပ်၊ ဆံပင်အပြင်အဆင်တို့ ပါဝင်မှာဖြစ်ပြီး ဖိနပ်ကတော့မပါဝင်ဘူးလို့ သိရပါတယ်။ Outdoor အတွက်ကတော့ မြို့ တွင်းရိုက်ကူးခအတွက် ၀တ်စုံတစ်စုံအပါအ၀င် ၅ သိန်းကျပ်ခန့် အနည်းဆုံးကုန်ကျမှာဖြစ်ပြီး အဆိုပါဈေးနှုန်းဖြင့် လှော်ကား၊ သန်လျင် တို့ တွင်တော့ ရိုက်ကူး၍မရဘူးလို့ သိရပါတယ်။ ခရီးထွက်ပြီး ရိုက်ကူးချင်တယ်ဆိုရင်တော့ ရိုက်ကူးရေးအဖွဲ့အတွက် ခရီးစဉ်တစ်လျှောက် လမ်းစရိတ်၊ နေရေးထိုင်ရေး အစရှိသည်များကို သတို့သား၊ သတို့သမီးဘက်မှ စီစဉ်ပေးရမှာဖြစ်ပြီး ရိုက်ကူးတဲ့ရက် တစ်ရက်ကို ၃ သိန်းကျပ်ထပ်မံပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ မတ်လ နဲ့ ဧပြီလ မှာ Pre-Wedding ရိုက်ကူးရန်အစီအစဉ်ရှိတဲ့ စုံတွဲများအတွက် အဆိုပါ ၂ လအတွင်းမှာ စရံငွေပေးချေပြီး အလှဓာတ်ပုံရိုက်မယ်ဆိုရင်တော့ အထူးအခွင့်အရေးအနေနဲ့ ဝတ်စုံ ၁ စုံအပိုရိုက်ကူးခွင့်ရမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ချင်ပါတယ်။ Peter’s The Bridal Garden Photo Studio          နဲ့ ပတ်သက်ပြီးအသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။


https://www.weddingguide.com.mm/wedding-service/yangon-region/south-okkalapa/45-photo-studio-labs/L00201367_L020160425_peter-s-the-bridal-garden

 

Y Photo Studio (Nay Ba La Photography) မှာတော့ Pre-Wedding ဓာတ်ပုံရိုက်ကူးရန်အတွက် Indoor ၀တ်စုံ ၁ စုံကို ၁ သိန်းခွဲကျပ်၊ ၀တ်စုံ ၂ စုံကို ၂ သိန်း၃သောင်းကျပ်၊ ၀တ်စုံ ၃ စုံကို ၃သိန်းကျပ်ကျသင့်မှာဖြစ်ပါတယ်။ အဆိုပါဈေးနှုန်းများထဲတွင် ဆံပင်၊ မိတ်ကပ်၊ လက်ဝတ်ရတနာ၊ ဖိနပ် စတဲ့အပြင်အဆင်တွေအကုန်ပါဝင်မှာဖြစ်ပါတယ်။ ၀တ်စုံဘယ်နှစုံနဲ့ ပဲဓာတ်ပုံရိုက်ရိုက် ပုံကြီးအဖြစ် လက်မ ၂၀-၃၀ တစ်ပုံကိုမှန်ဘောင်ဖြင့်ပေးမှာဖြစ်ပါတယ်။

 

ပြင်ပြီးသား Printed Photo ပုံအသေးကတော့ ၀တ်စုံ ၁ စုံဖြင့်ရိုက်ကူးလျှင် ၁၀ ပုံပေးမှာဖြစ်ပြီး ၀တ်စုံ ၂ စုံကို ပုံ၂၀၊ ၀တ်စုံ ၃ စုံကို ပုံ၃၀ အစရှိသလိုပေးသွားမှာဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ဓာတ်ပုံများကိုလည်း Original Quality နဲ့ Soft Copy ပေးတယ်လို့ လည်းသိရပါတယ်။

 

 

Outdoor ရိုက်မယ်ဆိုရင်တော့ ၀တ်စုံ ၁ စုံကို ၃သိန်းကျပ်၊ ၀တ်စုံ ၂ စုံကို ၄သိန်းကျပ်၊ ၀တ်စုံ ၃ စုံကို ၅ သိန်းကျပ်အသီးသီးကျသင့်မှာဖြစ်ပါတယ်။ အဆိုပါဈေးနှုန်းထဲတွင် ဆံပင်၊မိတ်ကပ်၊ လက်ဝတ်ရတနာ အစရှိတာတွေပါဝင်မှာဖြစ်ပြီး ဖိနပ်ကတော့မပါဝင်ဘူးလို့ သိရပါတယ်။ ဓာတ်ပုံအကြီးအနေနဲ့ မှန်ဘောင်ပါ လက်မ ၂၀-၃၀ ကို ၀တ်စုံဘယ်နှစုံဝတ်ဆင်ပြီး ရိုက်ရိုက် ၁ ပုံရရှိမှာဖြစ်ပါတယ်။ Outdoor ရိုက်ကူးမယ်ဆိုရင်တော့ Printed Photo အစား မှန် Album လက်မ ၇-၁၀ တစ်ပုံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Y Photo Studio (Nay Ba La Photography) နဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


https://www.weddingguide.com.mm/wedding-service/yangon-region/thaketa/45-photo-studio-labs/L1611461422_L1611461422_y-photo-studio-nay-ba-la-photography

 

ကဲ ….. ကိုယ့်သူငယ်ချင်းထဲက Pre-Wedding ဓာတ်ပုံရိုက်မယ့်သူတွေအတွက် Share သွားလို့ ရတယ်နော်။

                                                                                                Nyi Min Khant

Read times Last modified on Wednesday, 19 September 2018 14:38
Rate this item
(1 Vote)