လက်ထပ်ဖို့အကောင်းဆုံးအရွယ်

လက်ထပ်ဖို့အကောင်းဆုံးအရွယ်

လက်ထပ်ဖို့အကောင်းဆုံးအရွယ်

လက်ထပ်ခြင်းကလူတစ်ယောက်ဆီတိုင်းရဲ့ ဘဝမှာအရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ဘယ်အသက်အရွယ်က လက်ထပ်ဖို့အသင့်တော်ဆုံးလဲဆိုတာက စဉ်းစားစရာဖြစ်လာပြန်ရော။ ၄၀ရာခိုင်နှုန်းသော အမျိုးသား၊ အမျိုးသမီးတွေ စောစီးစွာလက်ထပ်ပြီးနောက် လမ်းခွဲရခြင်းအကြောင်းရင်းတွေမှာ ဒါက တစ်ခုသောအကြောင်းရင်းဖြစ်ပါတယ်။ အခုကတော့ အသက် ၃၀ဝန်းကျင်မှာ ဘာလို့လက်ထပ်သင့်လဲဆိုတဲ့အကြောင်းရင်းကိုပြောပြပေးမှာပါ။


(၁)သင်ဟာရင့်ကျက်နေပါပြီ

အသက် ၃၀ရောက်တဲ့အခါ သင်ဖြတ်သန်းလာတဲ့ဘဝမှာ ဘာကိုလိုချင်တယ်ဆိုတာ အတိအကျသိပြီးဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်က သင့်အတွက် လက်ထပ်ဖို့သင့်တော်လားဆိုတာကို အခါ ၂၀လောက်အပြင်မှာတွေ့ပြီး အကဲခတ်နေဖို့ မလိုတော့ပါဘူး။ အကောင်းဆုံးရွေးချယ်နိုင်ဖို့သင့်ကိုယ်သင် ယုံကြည်မှုရှိနေပြီဖြစ်ပါတယ်။

 


(၂)ပျော်ရွှင်မှုတွေကိုတစ်ယောက်တည်းခံစားပြီးပြီ

အသက်၂၀ကျော်မှာသင်ဟာ အပျော်အပါးတွေနဲ့ဘဝကိုကောင်းစွာခံစားပျော်ရွှင်ခဲ့ပြီးဖြစ်လို့ အတွေ့အကြုံကောင်းများစွာရှိနေပြီး ပိုအေးချမ်းသာယာတဲ့ ဘဝရဲ့အစိတ်အပိုင်းတွေအတွက် ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

 

 

(၃)ကလေးကိုပျိုးထောင်ဖို့ကောင်းစွာနားလည်နေပြီ

အတွေ့အကြုံရှိတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ သင့်ကလေးဘဝကို ဘယ်လိုမြှင့်တင်ပေးရမလဲဆိုတာကောင်းစွာသိရှိနေမှာပါ။သင့်ရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်ရေးပျိုးထောင်မှုနည်းလမ်းတွေက တကူးတက ရှာဖွေနေစရာမလိုပဲ ကလေးအတွက်မှန်ကန်တဲ့ ပျိုးထောင်မှုဖြစ်နေမှာပါ။


(၄) ငွေကြေးအတည်တကျရှိနေပြီ

အသက် ၃၀အရွယ်အမျိုးသားအများစုဟာ ငွေကြေးအခြေအနေတည်ငြိမ်နေပြီဖြစ်ပါတယ်။ မိသားစုဝင်ငွေအတွက် အာရုံသိပ်စိုက်စရာမလိုတော့ပဲ ကိုယ်ပိုင်ဘဝအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။


(၅) ပြဿနာတွေဖြေရှင်းနိုင်တယ်

အသက်၃၀အတွ့အကြုံအရ လူတွေနဲ့ဘယ်လိုဆက်ဆံရမယ်၊ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကောင်းစွာသိရှိပြီးဖြစ်ပါတယ်။ သင့်ကိုအေးဆေးတည်ငြိမ်စွာနဲ့ သင်နဲ့သင့်ဇနီးအကြားချစ်ခြင်းမေတ္တာတွေ ပျိုးထောင်ဖို့ ကူညီပေးမှာပါ။

အသက် ၃၀ ဝန်းကျင်မှာ လက်ထပ်ခြင်းက သင့်ကို ကွာရှင်းဖို့အခွင့်အလမ်းနည်းပါးစေပြီး ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်စေမှာပါ။အသက် ၃၀မှာလက်ထပ်ဖို့ဆိုတာ လုပ်ကိုလုပ်သင့်တဲ့ သတ်မှတ်ချက်မဟုတ်ပေမယ့် အသင့်တော်ဆုံးအချိန်လို့တော့ သတ်မှတ်နိုင်တာဖြစ်ပါတယ်။

 

 

အတွေ့အကြုံတွေနဲ့ တခြားထင်မြင်ယူဆချက်တွေရှိရင်လည်း ဆွေးနွေးနိုင်ပါတယ်နော်။

 

Source https://www.marry.com.mm/blog/the-best-time-for-married

Read times Last modified on Friday, 03 July 2020 15:38
Rate this item
(1 Vote)
Tagged under