နာမည်ဆိုးဖြင့်ကျော်ကြားသောမျှော်လင့်ချက်စိန်

နာမည်ဆိုးဖြင့်ကျော်ကြားသောမျှော်လင့်ချက်စိန် Google

ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ကျောက်မျက်ရတနာများထဲမှာ မဲနယ်ရောင် တလက်လက် တောက်ပနေသော French Blue အပြာရောင်စိန် "Hope Diamond" က တစ်ခုအပါအဝင်ဖြစ်ပါတယ်။

 

ဒဏ္ဍာရီလာ အဆိုပါ အပြာရောင်စိန် "Hope Diamond" ဟာဆိုရင် မဲနယ်ပြာရောင် တောက်ပနေပြီး ဟိန္ဒူရုပ်တုတစ်ခု၏ မျက်လုံးမှ ခိုးယူထားသော စိန်ဖြစ်နေလို့ ကျိန်စာသင့်တဲ့စိန်လို့ ယူဆကြပြီး နာမည်ဆိုးဖြင့် လူသိများ ကျော်ကြားခဲ့ပါတယ်။

 

မူရင်း စိန်ရဲ့ အရွယ်အစားမှာ ၁၁၂/၁၆ ကာရက်ရှိပြီး ပြင်သစ်ကုန်သည် Jean Baptiste Tavernier က ပိုင်ဆိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ Jean Baptiste Tavernier က Sun King Louis XIV သို့ရောင်းချခဲ့ပြီး ပြင်သစ်သို့ ပြန်သွားခဲ့ပါတယ်။ ၁၆၇၃ ခုနှစ်တွင် King Louis XIV က ပြင်သစ်ပုံ ဒီဇိုင်းဖော်ပြီး ၆၇ ကာရက် အရွယ်အစား ဖြတ်တောက်ပြီး အပြာရောင်ဖဲကြိုးတစ်ခုပေါ်တွင် တန်ဆာဆင်ပြီး မကြာခဏဝတ်ဆင်ခဲ့ပါတယ်။

 

ပြင်သစ်တော်လှန်ရေးအပြီးမကြာခင်မှာပဲ Hope Diamond ဟာ ကျောက်မျက်ရတနာဟာ ခြေရာပျောက်ပြီး မှတ်တမ်းမှတ်ရာတွေမှာ ကွယ်ပျောက်နေခဲ့ပါတယ်။ ၁၈၁၂ ခုနှစ်ရဲ့ ရက်တစ်ရက်မှာ လန်ဒန်မြို့မှာ ၄၅.၅၂ ကာရက်သေးငယ်သော စိန် ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ French Blue နှင့် တူသည်ဟုယူဆရတဲ့အတွက် ၄ဆက်မြောက် ဂျော့ဘုရင်က စိန်ကိုစုဆောင်းထားခဲ့ပါတယ်။ အဲ့ဒီအချိန်အထိ စိန်ကို "Hope" လို့ အမည်မပေးရသေးပါဘူး။

 

Lord Henry Thomas Hope ဝယ်ယူပြီးနောက်ပိုင်းမှ သူ၏နောက်ဆုံးအမည်ကို အစွဲပြုပြီး "Hope" လို့ ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ Lord Henry Thomas Hope ဟာ စိန်ကို ဘယ်သူ့ဆီကနေဝယ်တယ်။ ဘယ်လောက်ကုန်ကျတယ်ဆိုတာ မှတ်တမ်းများမှာဖော်ပြထားခြင်းမရှိခဲ့ပါဘူး။

 

 

 

By SD (Myanmar Gold & Jewellery Buying Guide)

Source: Unreservedmedia

 

ဆက်စပ်ဖတ်ရှုရန် >>ဒေါ်လာ ၅ သန်းတန် Taylor-Burton Diamond<<<

Read times Last modified on Monday, 07 September 2020 17:53
Rate this item
(1 Vote)