ဒေါ်လာ ၅ သန်းတန် Taylor-Burton Diamond

ဒေါ်လာ ၅ သန်းတန် Taylor-Burton Diamond Google

သင့်အနေနဲ့ စိန်ကောင်း စိန်သန့် စိတ်ဝင်စားတယ်ဆိုရင် ဒေါ်လာ ၅သန်းတန် Taylor-Burton Diamond ကို သင့်အနေနဲ့ လိုချင်မိမှာတော့ အသေအချာပါပဲ။

 

ဟုတ်ပါတယ်...... Richard Burton ပြောကြားချက်အရ ဒီ ဒေါ်လာ ၅ သန်းတန် Taylor-Burton Diamond ကို Richard Burton တစ်ချိန်က ရစ်ချတ်ဘာတန်က သူရဲ့ ဇနီးအဲလစ်ဇဘက်တေလာကို “ ငါ Taj Mahal ကို ၀ ယ်ပေးချင်တယ်။ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးမှာ ကုန်ကျစရိတ် အလွန်ပင်ကုန်ကျနိုင်သည်” လို့ ပြောခဲ့သည်။

 

Fact Check: Kapil Mishra claims Taj Mahal is actually Tejo Mahalaya? Why  evidence says claim is wrong

 

Taj Mahal တာ့ချ်မဟာကို တကယ်ဝယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စကားအဖြစ်ဖြင့်သာ ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ တကယ်တမ်း ဝယ်ပေးဖြစ်ခဲ့တာက Taylor-Burton Diamond လို့ အမည်တွင်မယ့် စိန် ဖြစ်ပါတယ်။ ကျောက်မီးသွေးတွင်းပိုင်ရှင်၏ သားဖြစ်သူ Richard Burton က သူ၏ ချောမောလှပတဲ့ ဇနီးအတွက် စိန်တွေ ဝယ်ပေးခဲ့တာမှာ အခု ပြောပြနေတဲ့ စိန်ပွင့်ကြီးက သွေးပြီးချိန်မှာ ၆၉,၄၂ ကာရက်ဖြစ်ပြီး ပုလဲလုံးပုံသဏ္ဍာန် ဖြစ်ပါတယ်။

 

7 Famous Cursed Diamonds & Gemstones | Ritani

 

၁၉၆၉ ခုနှစ်မှာ Burton က လေလံပွဲတစ်ခုမှာ အမေရိကန်ဒေါ်လာ ၁.၁ သန်း ဖြင့် လေလံဆွဲပြီး ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ လင်မယားနှစ်ယောက်ရဲံ အမည်ကို အစွဲပြုပြီး Taylor-Burton Diamond လို့ အမည်တွင်ပါတယ်။ အခုအခါ Taylor-Burton Diamond ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄ သန်း အထက်မှာ ရှိတယ်လို့ သိရပါတယ်။

 

ဒီ Taylor-Burton Diamond ကို ၁၉၆၆ ခုနှစ်တွင် တောင်အာဖရိကရှိ Premier Minnie တွင် ကာရက်ပေါင်း ၂၄၀.၈ ကာရက် ရှိတဲ့ စိန်တုံးကြီးကနေ ဖြတ်ယူပြီး ထွင်းထားတာဖြစ်ပါတယ်။ ထိုစိန်ကို လေလံမတင်ခင် အရင်က Harry Winston ဆိုသူက ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။

 

Harry Winston က ဥရောပမှ မင်းသမီးလေး Grace ရဲ့ မွေးနေ့ကို ကြီးကျယ်ခမ်းနာစွာ ပြုလုပ်ပေးပြီး လက်ထက်ထိမ်းမြားဖို့အတွက် ဒီစိန်ကို ပေးခဲ့ဖူးပါတယ်။ ကံမကောင်းလှစွာ သူတို့ရဲ့ မင်္ဂလာသက်တမ်းက မကြာခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဒီတန်ဖိုးကြီးမားလှတဲ့ စိန်ကို လေလံတင်ရောင်းချခဲ့ပါတယ်။

 

၁၉၇၈ တွင် နယူးယောက်ရှိ ရတနာဆိုင်တစ်ခုမှ အဆိုပါ စိန်ကို Captain Henry Lambert အား ဒေါ်လာ ၅ သန်း ဈေးနှုန်းဖြင့် ရောင်းချခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာ Captain Henry Lambert က ဘော့ဆွာနာရှိဆေးရုံအသစ်တစ်ခုတည်ဆောက်ရန်ကုသိုလ်ဖြစ်ရန်ပုံငွေ အဖြစ် လှူဒါန်းခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် စိန်ကို Robert Mouawad ထံရောင်းချခဲ့ပါတယ်။ 

 

 

 

Myanmar Gold & Jewellery Buying Guide

Source: unreservedmedia

Read times Last modified on Friday, 04 September 2020 16:49
Rate this item
(1 Vote)
Tagged under