အမေရိကန်သမ္မတကတော်တို့ရဲ့ လက်ထပ်လက်စွပ်များ

အမေရိကန်သမ္မတကတော်တို့ရဲ့ လက်ထပ်လက်စွပ်များ

ကမ္ဘာ့ဈေးအကြီးဆုံး ထင်ရှားကျော်ကြား လက်ထပ်လက်စွပ်များ (၂)

လက်ဝတ်ရတနာများသည် အချိန်တိုင်းအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်ပြီး ကျားနှင့် မ သတ်သတ်မှတ်မှတ် မခွဲခြားနိုင်ပါ။ စေ့စပ်လက်စွပ်များ၊ လက်ထပ်လက်စွပ်များနှင့်အတူ  စိန်ပွင့်ကျောက်မျက်ရတနာသည် မည်သည့်အခါကမှ ခေတ်ကုန်သွားသည်ဟူ၍ မရှိခဲ့။ နောက်နောင်လည်း ရှိမည် မဟုတ်။

 

ကမ္ဘာ့ဈေးအကြီးဆုံး ထင်ရှားကျော်ကြား လက်ထပ်လက်စွပ်များ စာရင်း ထိပ်တန်း ၁၀ Top10 မှာ နံပါတ်(၇)နေရာမှာ ရှိနေတဲ့ လက်ထပ်လက်စွပ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်းတန် လက်စွပ်ဖြစ်ပါတယ်။ ဆင်မြန်းသူက အမေရိကန်သမ္မတ ကတော် Jacky Kennedy Onassis ဖြစ်ပါတယ်။ အဲဒီ လက်စွပ်ကို ခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတ ကနေဒီက ပေးခဲ့တာတော့ မဟုတ်ပါဘူး။ သမ္မတကနေဒီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး မုဆိုးမဘဝမှ ဂရိမှ သင်္ဘောလုပ်ငန်းရှင် သူဌေးကြီး အိုနာစစ်က လက်ထပ်ဖို့ ကမ်းလှမ်းပြီးတဲ့နောက် သဘောတူ လက်ထပ်ကြတဲ့အခါ မှာ ပေးခဲ့တာ ဖြစ်ပါတယ်။ စိန်က ၁၅ ကာရက် ရှိတယ်လို့ သိရပါတယ်။

 

 

img-dollar05.jpg

နံပါတ် (၆) နေရာမှာ ရှိနေတဲ့ လက်ထပ်လက်စွပ်ကို ဆင်မြန်းသူကလည်း သမ္မကတော် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ လက်ရှိသမ္မတ ဒေါနယ်ထရန့်ရဲ့ ဇနီး Melania Trump ဖြစ်ပါတယ်။ ၁၅ ကာရက် စိန်ကို ပလက်တီနမ် ကွပ်ထားပါတယ်။ စိန်ကို မြကျောက် သွေးတဲ့ပုံသဏ္ဍာန်ဖြင့် သွေးထားပါတယ်။ 

 

img-dollar06.jpg

 

 

ကမ္ဘာ့ဈေးအကြီးဆုံး ထင်ရှားကျော်ကြား လက်ထပ်လက်စွပ်များ စာရင်း ထိပ်တန်း ၁၀ Top10 မှာ နံပါတ် (၁၀) မှ (၈) အထိ ဖော်ပြပေးခဲ့သည်ကို ဖတ်ရှုရန် အောက်ပါပုံကို ထိပါ

 

ကျန်တဲ့ လက်ထပ်လက်စွပ်တွေအကြောင်းကိုလည်း ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)