ကမ္ဘာ့ဈေးအကြီးဆုံး ထင်ရှားကျော်ကြား လက်ထပ်လက်စွပ်များ

ကမ္ဘာ့ဈေးအကြီးဆုံး ထင်ရှားကျော်ကြား လက်ထပ်လက်စွပ်များ

လက်ထပ်လက်စွပ်တွေအတွက် ငွေကို ပုံအောပြီး သုံးကြတယ်။ နာမည်ကျော်ကြား လူသိများတဲ့ စဲလီတွေအကြားမှာလည်း

ဈေးအင်မတန်ကြီးတဲ့ လက်ထပ်လက်စွပ် ပေးကြတယ်။ ဘယ်သူတွေက ဘယ်သူတွေကို ဘယ်လောက်တောင် အဖိုးထိုက်တန်တဲ့ လက်ထပ်လက်စွပ်တွေ ပေးခဲ့ကြသလဲ။

ကမ္ဘာ့ဈေးအကြီးဆုံး ထင်ရှားကျော်ကြား လက်ထပ်လက်စွပ်များ စာရင်း ထိပ်တန်း ၁၀ Top10 မှာ နံပါတ် ၁၀ မှ ၈ အထိ ဖော်ပြပေးထားပါတယ်။ ကျန်တဲ့ လက်ထပ်လက်စွပ်တွေအကြောင်းကိုလည်

https://www.weddingguide.com.mm/

မှာ ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။

 

ဟောလီဝုဒ်မင်းသား Ben Affleck က ဟောလီဝုဒ် မင်းသမီး Jennifer Garner နဲ့ လက်ထပ်တော့ ပေးအပ်ခဲ့တဲ့ လက်ထပ်လက်စွပ်ဟာ စိန်တစ်ပွင့်ပါတဲ့ ပလက်တီနမ် လက်စွပ် ဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန် ဒေါ်လာ ၅ သိန်းဖြစ်ပြီး ဈေးအကြီးဆုံး ထင်ပေါ်ကျော်ကြား လက်ထပ်လက်စွပ် စာရင်း ထိပ်တန်း ၁၀ Top10 မှာ နံပါတ် (၁၀) ချိတ်ပါတယ်။

img-dollar02.jpg

 

 

နံပါတ် (၉) နေရာမှာ ရှိတဲ့ လက်ထပ်လက်စွပ်ကို ဝယ်ပေးခဲ့သူဟာလည်း Ben Affleck  ဖြစ်ပြီး အဲဒီလက်စွပ်ကို Jennifer Lopez အား ပေးအပ်ခဲ့ပါတယ်။ သူတို့နှစ်ဦး ချစ်ကြိုးငြိကြောင်း တရားဝင်ကြေညာတဲ့ပွဲမှာ လက်ထပ်လက်စွပ်ကို ပြသခဲ့ပါတယ်။ နာမည်ကြီး လက်ဝတ်ရတနာ ဒီဇိုင်းပညာရှင် Harry Winston ရဲ့ လက်ရာမွန် ဖြစ်ပါတယ်။ ၁.၆ ကာရက်ရှိတဲ့ ပန်းနုဖျော့ရောင်သန်းနေတဲ့ စိန်တစ်ပွင့်ပါတဲ့ လက်စွပ် ဖြစ်ပါတယ်။ ရောင်းဈေး အမေရိကန်ဒေါ်လာ သိန်း ၁၂၀ ဖြစ်ပါတယ်။ 

 

 

 

img-dollar03.jpg

Jennifer Lopez ကို Ben Affleck နှင့်အတူ တွေ့ရစဉ်

 

jennifer-lopez-ben-affleck-1582538733.jpg

၁၀ ကရက်ရှိပြီး marquise-cut သွေးထားတဲ့စိန်ပါတဲ့ လက်ထပ်လက်စွပ်က နံပါတ် (၈) နေရာမှာ ရှိပါတယ်။ ထူးခြားချက်က စိန်ပွင့်ကြီးကို ကန့်လန့်အနေအထားဖြင့် တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ စိန်ပွင့်ငယ် ၂၈ ပွင့် ပတ်ပတ်လည်မှာ ခြံရံပေးထားပါတယ်။ 

Catherine Zeta Jones ရရှိတဲ့ လက်ထပ်လက်စွပ်ဖြစ်ပြီး ပေးအပ်သူကတော့ Michael Douglas ဖြစ်ပါတယ်။ တန်ဖိုး အမေရိကန်ဒေါ်လာ သိန်း ၂၅၀ ဖြစ်ပါတယ်။ 

 marquise-cut  အကြောင်း ကြည့်ရှုရန် ဗီဒီယို

 

 

Read times Last modified on Thursday, 17 September 2020 14:39
Rate this item
(1 Vote)