ဗီယက်နမ် ရိုးရာ ရွှေဝယ်သည့်နေ့

ဗီယက်နမ် ရိုးရာ ရွှေဝယ်သည့်နေ့

ဗီယက်နမ် ရိုးရာ ရွှေဝယ်သည့်နေ့ 

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

၂၀၂၂ ခုနှစ်အတွက် ဗီယက်နမ်တို့၏ ရိုးရာ ရွှေဝယ်သည့်နေ့တွင် ဗီယက်နမ်နိုင်ငံ၏ အထင်ကရ မြို့ကြီးနှစ်မြို့တို့တွင် ဟိုချီမင်းစီးတီးမှာ ရွှေဝယ်ယူသူ များပြားခဲ့ပြီး ဟံနွိုင်မြို့တွင် ခြောက်ကပ်နေခဲ့သည်။

 

ဗီယက်နမ်ရိုးရာအရ စည်းစိမ်ဥစ္စာ နတ်မင်းနေ့ God of Wealth Day မှာ လူတွေက ကံကောင်းဖို့ ရွှေဝယ်ဖို့ ကြိုးစားကြပါသည်။ အထူးသဖြင့် မနက်ပိုင်းတွင် ဖြစ်သည်။ စည်းစိမ်ဥစ္စာ နတ်မင်းနေ့ကို ရွှေဝယ်ခြင်းဖြင့် စတင်လိုကြသည်။

 

ယခုနှစ် ၂၀၂၃ တွင် စည်းစိမ်ဥစ္စာ နတ်မင်းနေ့ နံနက် ၆ နာရီခွဲတွင် ဟနွိုင်းမြို့၏  နာမည်ကြီး လက်ဝတ်ရတနာနှင့် ရွှေဆိုင်များ တည်ရှိရာလမ်း Tran Nhat Tong St. တွင် ခြောက်ကပ်နေသည်။

နံနက် ၆ နာရီခွဲတွင် ရွှေဆိုင်အချို့ ဆိုင်စဖွင့်သည်။ ကျန်သည့်ဆိုင်များမှာ ရွှေဈေး အဖွင့်ဈေး ထုတ်ပြန်သည့် နံနက် ၇ အထိ စောင့်ပြီးမှ ဆိုင်စဖွင့်ကြသည်။

 

photo_2023-02-09_22-54-25.jpg

 

ထိုအချိန်တွင် ရွှေဝယ်ရန် Tran Nhat Tong လမ်းမှာ လူ ၂၀ ဦးမျှသာ လာရောက်ခဲ့သည်။ 

 Covid-19 မတိုင်မီက လမ်းသည် ယခုအချိန်အစောပိုင်းတွင် ပြည့်ကျပ်နေပြီဖြစ်သည်။

စည်းစိမ်ဥစ္စာ နတ်မင်းနေ့ (လအခြေပြု ပြက္ခဒိန်အလိုအရ လဆန်း ၁၀ ရက်၊  ယခုနှစ်တွင် ဇန်နဝါရီလ ၃၁ ရက်) တွင် ရွှေဝယ်ခြင်းသည် စီးပွားရေးနှင့် မိသားစုများကို တစ်နှစ်ပတ်လုံး ကံကောင်းစေသည်ဟု ဗီယက်နမ်တို့ ယုံကြည်ကြသည်။

 

photo_2023-02-09_22-54-21.jpg

 

ဆိုင်တစ်ဆိုင်က မနက် ၇ နာရီမှာ ဆိုင်ဖွင့်တော့ ဝယ်သူ မရှိချေ။

 

 

 

 photo_2023-02-09_22-54-17.jpg

မနက် ၆း၃၀ မှာ အရင်ဆုံး ဖွင့်သည့် ပထမဆိုင်မှာ ဝယ်ဖို့ လူ ၂၀ လောက် တန်းစီနေကြသည်။

ဝယ်ယူသူများသည် ၎င်းတို့ ဝယ်ယူလိုသည့် ရွှေထည် အသေးစိတ် အချက်အလက်များကို စာရွက် အပိုင်းအစ တစ်ခုပေါ်တွင် ရေးသားပြီး ဝန်ထမ်းများကို ပေးထားရသည်။ ဆိုင်က အဆင်သင့် လုပ်ပေးထားမည် ဖြစ်သည်။

“မနက် ၃ နာရီ ၅ မိနစ်မှာ ကျွန်တော် ဒီကို ရောက်ခဲ့ပါတယ်။ ပထမဆုံး ရောက်တဲ့သူပါ” ဟု Dong Da ခရိုင်မှ To Hoa Binh က ပြောသည်။

“အခုလို စောစောစီးစီး တန်းစီနေတာ ၁၆ နှစ်ရှိပြီ။  ကံကောင်း‌ေစဖို့နဲ့ ငွေစုဖို့ နှစ်တိုင်း ရွှေတင်းပုတ် နှစ်ချောင်းဝယ်တယ်”

 

photo_2023-02-09_22-54-12.jpg

 

ရွှေတင်းပုတ်တစ်ခုသည် ၃.၇၅ ဂရမ် သို့မဟုတ် ၀.၁၃ အောင်စခန့် ရှိသည်။

 

ယခုနှစ် God of Wealth Day တွင် ရောင်းချရန် ရွှေထည်ပစ္စည်းအမျိုးမျိုး ခုရေ ၄,၅၀၀ ကို ပြင်ဆင်ထားကြောင်း လက်ဝတ်ရတနာ လက်လီရောင်းချသူ Doji မှ ပြောကြားခဲ့ပါသည်။

ယနေ့သည် အလုပ်ဖွင့်ရက် ဖြစ်နေသောကြောင့် ဝယ်ယူသူများသည် အနှောင်းပိုင်းတွင် ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်း သူက ပြောသည်။

ယခုနှစ်သည် ဗီယက်နမ်တို့အဖို့ ကြောင်နှစ် ဖြစ်သည့်အားလျော်စွာ ရွှေကြောင်ရုပ်တုများ အများအပြား ပြုလုပ်ထားကြသည်။

 

photo_2023-02-09_22-54-07.jpg

 

ဟိုချီမင်းစီးတီမှာ ရွှေဆိုင်များတွင် ကြိတ်ကြိတ်တိုးနေသည်။ 

Binh Thanh ခရိုင်ရှိ မီဟောင်ရတနာဆိုင်မှာ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရာနှင့်ချီသော ဝယ်ယူသူများ ရောက်ရှိလာခဲ့သည်။

“ကံကောင်းဖို့မျှော်လင့်ချက်နဲ့ ဒီလက်ကောက်ကို ဗီယက်နမ်ဒေါင် ၈ သန်း (ကန်ဒေါ်လာ ၃၄၂) နဲ့ ဝယ်ခဲ့တယ်” ဟု ရုံးဝန်ထမ်း Ngoc Bich က ပြောသည်။

 

photo_2023-02-09_22-53-59.jpg

 

အမျိုးသမီး ဖောက်သည် အများအပြားသည် ရွှေထည် ဝယ်ယူရန် ရောက်လာကြသည်။

 

photo_2023-02-09_22-53-55.jpg

 

ရွှေဈေးနှုန်းများကို အများမြင်သာအောင် ပြသပေးထားသည်။

 

 photo_2023-02-09_22-53-45.jpg

 

photo_2023-02-09_22-53-49.jpg

 

အစိုးရပိုင် Saigon Jewelry Co. ၏ ဆိုင်တစ်ဆိုင်တွင်လည်း နံနက်ခင်းတွင် ဖောက်သည်များစွာ ရောက်လာကြသည်ကို တွေ့ရသည်။

 

photo_2023-02-09_22-53-27.jpg

 

Source VnExpress.net

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 09 February 2023 23:03
Rate this item
(0 votes)